ရေမြုပ်နေတဲ့ အမြန်လမ်း ဥမင်တစ်ခုမှာ တရုတ်အလုပ်သမားတွေ ပိတ်မိနေ

News

တရုတ်နိုင်ငံ တောင်ပိုင်း ကျူဟိုင်မြို့ရှိ ရေမြုပ်နေတဲ့ အမြန်လမ်း ဥမင်တစ်ခုအတွင်း အလုပ်သမား တစ်ဒါဇင်ကျော် ပိတ်မိနေခဲ့တာ နှစ်ရက်မြောက်ရှိလာပြီဖြစ်ကာ ကယ်ဆယ်ရေးသမားတွေအနေနဲ့ ၎င်းတို့ထံရောက်ရှိဖို့ ဖြည်းဖြည်းခြင်းသာ လုပ်ဆောင်နိုင်နေပေမယ့် တိုးတက်မှုရှိနေတယ်လို့ ဆိုပါတယ်။

ရေလှောင်ကန်အောက်မှာ ဆောက်လုပ်နေတဲ့ ယင်း ဥမင်အတွင်းကို ကြာသပတေးနေ့(ဇူလိုင် ၁၅) အစောပိုင်းမှာ ရေတွေရုတ်တရက် စိမ့်ဝင်ခဲ့တာဖြစ်ပြီး ဥမင်ဝင်ပေါက်ကနေ တစ်ကီလိုမီတာကျော်ခန့်လောက်မှာ အလုပ်သမား ၁၄ ဦး ပိတ်မိသွားခဲ့တာဖြစ်ပါတယ်။သောကြာနေ့ မွန်းတည့်ချိန်လောက်မှာ ကယ်ဆယ်ရေးသမားတွေဟာ Shijingshan ဥမင်အတွင်း ၃၉၅.၃ မီတာအကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကျူဟိုင် ဒုတိယ မြို့တော်ဝန် ကျန်းယိရှန်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ အလုပ်သမားတွေ ပိတ်မိနေတဲ့ နေရာကနေ ၇၆၄.၄ မီတာအကွာလောက်မှာ ရှိနေသေးတာဖြစ်တယ်လို့လည်း ကျန်းက ပြောဆိုခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဥမင်ထဲကရေတွေကို စုပ်ထုတ်နေကြပြီး ရေလှောင်ကန်က ရေယိုစိမ့်နေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။. ယခုဖြစ်ရပ်ဟာ မတ်လအတွင်းက အလုပ်သမား နှစ်ဦး သေဆုံးခဲ့တဲ့ ဥမင်ပြိုကျမှုဖြစ်စဉ်အပြီး ဒုတိယမြောက် မြေအောက်ဥမင် မတော်တဆမှုဖြစ်တယ်လို့ သိရပါတယ်။

U.S News

Leave a Reply