ရေကြောင်းနယ်နိမိတ်ထဲ ဖြတ်ကျော်ခဲ့သည့် တရုတ်သင်္ဘောကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က သိမ်းယူ

News

ရေကြောင်းနယ်နိမိတ်ထဲ ဖြတ်ကျော်ခဲ့သည့် တရုတ်သင်္ဘောကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က သိမ်းယူ

ထိုင်ဝမ် ထိန်းချုပ်သည့် ပန်ဂူးကျွန်းများ၏ မလှမ်းမကမ်း ရေထုအနီး ထိုင်ဝမ်၏ ပင်လယ်ရေကြောင်းနယ်နိမိတ်ကို ဖြတ်ကျော်ခဲ့သည့် တရုတ် ရေနံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး သင်္ဘောတစ်စင်းကို ထိုင်၀မ်ကမ်းခြေစောင့်တပ်ဖွဲ့ စီမံခန့်ခွဲရေးအဖွဲ့ (CGA) က သိမ်းယူခဲ့သည်။

CGA ၏ ပန်ဂူးကမ်းလွန်ရေယာဥ်စုကနေ ရေဒီယိုဆက်သွယ်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း တရုတ် ရေယာဥ်သည် ရပ်တန့်ခဲ့ခြင်း မရှိပေ။ ယင်းနောက် ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက အဆိုပါ ရေယာဥ်ပေါ် အလျင်အမြန် တက်သွားခဲ့ပြီး တရားမဝင် ကုန်ပစ္စည်းများ ပါမပါ စစ်ဆေးခဲ့သည်ဟု Taiwan News က ဖော်ပြသည်။ ထိုဖြစ်စဥ်သည် သြဂုတ် ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ကိုင် အမည်ရ သင်္ဘောကပ္ပတိန်နှင့် အခြားအမှုထမ်း ခြောက်ဦးကို ထိန်းသိမ်းခဲ့ပြီး အားလုံးသည် ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း မရှိဟု စစ်ဆေးမှုအဖြေထွက်ခဲ့သည်။ ယင်းနောက် CGA သည် အဆိုပါ တရုတ်သင်္ဘောအမှုထမ်းများကို ပန်ဂူးသို့ ပြန်ခေါ်လာခဲ့ပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလလယ်နောက်ပိုင်း ပေကျင်းသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်‌ရေးစစ်ဆေးမှုဇုန် (ADIZ) ဇုန်တွင်းသို့ လေယာဥ်များ ပုံမှန်စေလွှတ်ပြီး ယင်း၏ grey-zone (စစ်လက်ရုံးပြ သိမ်းသွင်းသည့်) နည်းဗျူဟာများကို အရှိန်မြှင့်တင်လုပ်ဆောင်ထားခဲ့သည်။

ဖြစ်စဥ်အများစုသည် ဇုန်၏ အနောက်တောင်ဘက်ထောင့်တွင် ဖြစ်ပေါ်ခဲ့ပြီး အများအားဖြင့် အနှေးပျံသန်းသည့် တာဘိုဂျက်အင်ဂျင်တပ် လေယာဥ် တစ်စင်းကနေ သုံးစင်းအထိ ပါ၀င်ခဲ့သည်။
တရုတ်ပြည်မကြီး၏ အရှေ့တောင် ကမ်းရိုးတန်းပြင်ပတွင် တည်ရှိပြီး လူဦးရေ ၂၄ သန်းနီးပါး နေထိုင်ပြီး ဒီမိုကရေစီကျင့်သုံးသော ထိုင်၀မ်ကို အပြည့်အဝ အချုပ်အချာအာဏာပိုင်ဆိုင်သည်ဟု ပေကျင်းက ပြောထားသည်။ သို့သော် နှစ်ဘက်စလုံးသည် ဆယ်စုနှစ် ခုနစ်စုကျော်ကြာ သီးခြားစီ အုပ်ချုပ်ထားခဲ့သည်။

တစ်ဘက်တွင်လည်း ထိုင်ဝမ်သည် အမေရိကန်အပါအ၀င် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာကျ ဆက်ဆံမှုကို တိုးမြှင့်ပြီး တရုတ်၏ ရန်လိုမှုကို တန်ပြန်ထားခဲ့သည်။ ထိုကဲ့သို့ ထိုင်ဝမ်၏ ဒီမိုကရေစီနိုင်ငံများနှင့်အကြား တိုးမြှင့်ဆက်ဆံမှုကို ပေကျင်းက ထပ်တလဲလဲ ဆန့်ကျင်ထားခဲ့သည်။ “ထိုင်ဝမ်လွတ်လပ်ရေး”က စစ်ပွဲဟု အဓိပ္ပါယ်ရကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

ဇွန်လ ၁ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်နှင့် အပြည့်အဝ ပြန်လည်ပေါင်းစည်းသွားမည်ဟု ပြောခဲ့ပြီး ထိုင်ဝမ်ကျွန်း၏ တရားဝင် လွတ်လပ်ရေးအတွက် မည်သည့်ကြိုးပမ်းမှုမျိုးကိုမဆို ချေဖျက်သွားမည်ဟု ပြောသွားခဲ့သည်။

ရှီ၏ အဆိုပါ မှတ်ချက်စကားများကို ပြန်လည်တုံ့ပြန်သောအားဖြင့် ထိုင်ဝမ်၏ ပြည်မကြီးရေးရာကောင်စီ (MAC) က CCP သည် ပြည်တွင်း၌ နိုင်ငံ ပြန်လည်အားသစ်လောင်းရေး ခေါင်းစဥ်အောက်တွင် ယင်း၏ အာဏာရှင်နိုင်ငံကို တင်းကျပ်နေကြောင်းနှင့် ပြည်ပတွင်လည်း ယင်း၏ လွှမ်းမိုးကြီးစိုးလိုမှု ရည်မှန်းချက်များနှင့်အတူ နိုင်ငံတကာ စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်ဟု Focus Taiwan က ဖော်ပြသည်။

“ရေလက်ကြားရဲ့ တစ်ဘက်ခြမ်းက လူတွေကို သမိုင်းကနေ သင်ခန်းစာယူဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မိမိတို့ တိုက်တွန်းပါတယ်” ဟု MAC က ပြောခဲ့သည်။ ထို့ပြင် CCP ကို ယင်း၏ နယ်ချဲ့ရေးဝါဒ အပြုအမူကို ရပ်ရန်နှင့် ဒေသတွင်း လုံခြုံရေးကို အားပေးရေးအတွက် တာဝန်ယူမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆောင်ရွက်ရန်လည်း ယင်းက တိုက်တွန်းခဲ့သည်။
By ANI News 19 August 2021

zawgyi
ေရေၾကာင္းနယ္နိမိတ္ထဲ ျဖတ္ေက်ာ္ခဲ့သည့္ တ႐ုတ္သေဘၤာကို ထိုင္ဝမ္ကမ္းေျခေစာင့္တပ္ဖြဲ႕က သိမ္းယူ

ထိုင္ဝမ္ ထိန္းခ်ဳပ္သည့္ ပန္ဂူးကၽြန္းမ်ား၏ မလွမ္းမကမ္း ေရထုအနီး ထိုင္ဝမ္၏ ပင္လယ္ေရေၾကာင္းနယ္နိမိတ္ကို ျဖတ္ေက်ာ္ခဲ့သည့္ တ႐ုတ္ ေရနံ သယ္ယူပို႔ေဆာင္ေရးႏွင့္ ေထာက္ပံ့ေရး သေဘၤာတစ္စင္းကို ထိုင္၀မ္ကမ္းေျခေစာင့္တပ္ဖြဲ႕ စီမံခန႔္ခြဲေရးအဖြဲ႕ (CGA) က သိမ္းယူခဲ့သည္။

CGA ၏ ပန္ဂူးကမ္းလြန္ေရယာဥ္စုကေန ေရဒီယိုဆက္သြယ္ၿပီး အႀကိမ္ႀကိမ္ သတိေပးခဲ့ေသာ္လည္း တ႐ုတ္ ေရယာဥ္သည္ ရပ္တန႔္ခဲ့ျခင္း မရွိေပ။ ယင္းေနာက္ ထိုင္ဝမ္ ကမ္းေျခေစာင့္တပ္ဖြဲ႕ဝင္မ်ားက အဆိုပါ ေရယာဥ္ေပၚ အလ်င္အျမန္ တက္သြားခဲ့ၿပီး တရားမဝင္ ကုန္ပစၥည္းမ်ား ပါမပါ စစ္ေဆးခဲ့သည္ဟု Taiwan News က ေဖာ္ျပသည္။ ထိုျဖစ္စဥ္သည္ ၾသဂုတ္ ၁၂ ရက္က ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ ကိုင္ အမည္ရ သေဘၤာကပၸတိန္ႏွင့္ အျခားအမႈထမ္း ေျခာက္ဦးကို ထိန္းသိမ္းခဲ့ၿပီး အားလုံးသည္ ကိုဗစ္ေရာဂါ ကူးစက္ခံထားရျခင္း မရွိဟု စစ္ေဆးမႈအေျဖထြက္ခဲ့သည္။ ယင္းေနာက္ CGA သည္ အဆိုပါ တ႐ုတ္သေဘၤာအမႈထမ္းမ်ားကို ပန္ဂူးသို႔ ျပန္ေခၚလာခဲ့ၿပီး ၎တို႔ကို ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္သည္။

ယမန္ႏွစ္ စက္တင္ဘာလလယ္ေနာက္ပိုင္း ေပက်င္းသည္ ထိုင္ဝမ္၏ ေလေၾကာင္းကာကြယ္‌ေရးစစ္ေဆးမႈဇုန္ (ADIZ) ဇုန္တြင္းသို႔ ေလယာဥ္မ်ား ပုံမွန္ေစလႊတ္ၿပီး ယင္း၏ grey-zone (စစ္လက္႐ုံးၿပ သိမ္းသြင္းသည့္) နည္းဗ်ဴဟာမ်ားကို အရွိန္ျမႇင့္တင္လုပ္ေဆာင္ထားခဲ့သည္။

ျဖစ္စဥ္အမ်ားစုသည္ ဇုန္၏ အေနာက္ေတာင္ဘက္ေထာင့္တြင္ ျဖစ္ေပၚခဲ့ၿပီး အမ်ားအားျဖင့္ အေႏွးပ်ံသန္းသည့္ တာဘိုဂ်က္အင္ဂ်င္တပ္ ေလယာဥ္ တစ္စင္းကေန သုံးစင္းအထိ ပါ၀င္ခဲ့သည္။
တ႐ုတ္ျပည္မႀကီး၏ အေရွ႕ေတာင္ ကမ္းရိုးတန္းျပင္ပတြင္ တည္ရွိၿပီး လူဦးေရ ၂၄ သန္းနီးပါး ေနထိုင္ၿပီး ဒီမိုကေရစီက်င့္သုံးေသာ ထိုင္၀မ္ကို အျပည့္အဝ အခ်ဳပ္အခ်ာအာဏာပိုင္ဆိုင္သည္ဟု ေပက်င္းက ေျပာထားသည္။ သို႔ေသာ္ ႏွစ္ဘက္စလုံးသည္ ဆယ္စုႏွစ္ ခုနစ္စုေက်ာ္ၾကာ သီးျခားစီ အုပ္ခ်ဳပ္ထားခဲ့သည္။

တစ္ဘက္တြင္လည္း ထိုင္ဝမ္သည္ အေမရိကန္အပါအ၀င္ ဒီမိုကေရစီနိုင္ငံမ်ားႏွင့္ မဟာဗ်ဴဟာက် ဆက္ဆံမႈကို တိုးျမႇင့္ၿပီး တ႐ုတ္၏ ရန္လိုမႈကို တန္ျပန္ထားခဲ့သည္။ ထိုကဲ့သို႔ ထိုင္ဝမ္၏ ဒီမိုကေရစီနိုင္ငံမ်ားႏွင့္အၾကား တိုးျမႇင့္ဆက္ဆံမႈကို ေပက်င္းက ထပ္တလဲလဲ ဆန႔္က်င္ထားခဲ့သည္။ “ထိုင္ဝမ္လြတ္လပ္ေရး”က စစ္ပြဲဟု အဓိပၸါယ္ရေၾကာင္း တ႐ုတ္က ၿခိမ္းေျခာက္ထားသည္။

ဇြန္လ ၁ ရက္တြင္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က လက္ရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ေနေသာ ထိုင္ဝမ္ႏွင့္ အျပည့္အဝ ျပန္လည္ေပါင္းစည္းသြားမည္ဟု ေျပာခဲ့ၿပီး ထိုင္ဝမ္ကၽြန္း၏ တရားဝင္ လြတ္လပ္ေရးအတြက္ မည္သည့္ႀကိဳးပမ္းမႈမ်ိဳးကိုမဆို ေခ်ဖ်က္သြားမည္ဟု ေျပာသြားခဲ့သည္။

ရွီ၏ အဆိုပါ မွတ္ခ်က္စကားမ်ားကို ျပန္လည္တုံ႔ျပန္ေသာအားျဖင့္ ထိုင္ဝမ္၏ ျပည္မႀကီးေရးရာေကာင္စီ (MAC) က CCP သည္ ျပည္တြင္း၌ နိုင္ငံ ျပန္လည္အားသစ္ေလာင္းေရး ေခါင္းစဥ္ေအာက္တြင္ ယင္း၏ အာဏာရွင္နိုင္ငံကို တင္းက်ပ္ေနေၾကာင္းႏွင့္ ျပည္ပတြင္လည္း ယင္း၏ လႊမ္းမိုးႀကီးစိုးလိုမႈ ရည္မွန္းခ်က္မ်ားႏွင့္အတူ နိုင္ငံတကာ စနစ္ကို ေျပာင္းလဲရန္ ႀကိဳးပမ္းေနေၾကာင္း စြပ္စြဲခဲ့သည္ဟု Focus Taiwan က ေဖာ္ျပသည္။

“ေရလက္ၾကားရဲ့ တစ္ဘက္ျခမ္းက လူေတြကို သမိုင္းကေန သင္ခန္းစာယူဖို႔နဲ႔ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ မိမိတို႔ တိုက္တြန္းပါတယ္” ဟု MAC က ေျပာခဲ့သည္။ ထို႔ျပင္ CCP ကို ယင္း၏ နယ္ခ်ဲ႕ေရးဝါဒ အျပဳအမူကို ရပ္ရန္ႏွင့္ ေဒသတြင္း လုံျခဳံေရးကို အားေပးေရးအတြက္ တာဝန္ယူမႈရွိသည့္ နိုင္ငံတစ္နိုင္ငံအျဖစ္ ေဆာင္ရြက္ရန္လည္း ယင္းက တိုက္တြန္းခဲ့သည္။
By ANI News 19 August 2021