ရုရှား၏ထိပ်တန်းလက်နက်အဆင့်၅S-500ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်

Militarily News

ရုရှားတို့၏ S-500 ဒုံးခွင်းဒုံးကာကွယ်ရေးစနစ် တပ်ရင်း ၁၀ ရင်းထားရှိရေးစီမံကိန်းသည် မူလ ၂၀၂၅ မျှော်မှန်းထားရာမှ စောလျှင်စွာ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် လက်ခံရရှိတော့မည်ဖြစ် သည်။ ၂၀၁၅ တွင် prototype အဖြစ်စတင်ခဲ့သော S-500 သည် Triumfator-M အနေဖြင့် ရုပ်လုံးပေါ်လာခြင်းဖြစ် သည်။ S-500 Triumfator-M အနေဖြင့် S-400 ကို upgrade ပြုလုပ်ထားသည့် အမျိုးအစားမဟုတ်ဘဲ အသစ် တည်ဆောက်ထားသည့် ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ဖြစ် သည်။ သို့သော် S-400 နှင့်နီးစပ်စွာတူညီမှုရှိသည့် ဒီဇိုင်းဖြစ် သည်။ယနေ့အချိန်အထိ S-500 နှင့်ပတ်သက်သည့် အချက် အလက်များကို အတိအကျထုတ်ပြန်ထားခြင်း မရှိသော် လည်း နီးစပ်သည့်သတင်းရပ်ကွက်မှ သတင်းအချက်အလက် များဖြင့်သာ ကွဲပြားခြားနားသော ခန့်မှန်းသုံးသပ်ချက်များဖြင့်ရေးသားနေကြသည်။

S-500 ၏ ပစ်ခတ်နိုင်မှုအကွာအဝေး ၄၈၀ ကီလိုမီတာ၊ ၅၀၀ ကီလိုမီတာ၊ ၆၀၀ ကီလို မီတာ၊ ၁၃၀၀ ကီလိုမီတာ၊ ၂၀၀၀ ကီလိုမီတာ ဖြစ်သည်။ ပစ်ခတ်သည့်အမြင့် ၄၀ ကီလိုမီတာ၊ ၁၈၅ ကီလိုမီ တာ၊ ၂၀၀ ကီလိုမီတာ ဖြစ်သည်။ သို့သော် S-500 သည် တာဝေးလေကြောင်းရန်နှင့်ဒုံးခွင်းဒုံးကာကွယ်ရေးစနစ် (long- range air defense and anti-ballistic missile system) ဖြစ်သည်။ အသုံးပြုပစ်ခတ်သည့်ဒုံးများအနေဖြင့် တာဝေးပစ်ခတ်နိုင်သော 40N6 long-range missile များဖြစ်သော 77NG-N နှင့် 77NG-N1 ဒုံး ၂ မျိုးကိုအသုံး ပြုမည်ဖြစ်သည်။အဆိုပါဒုံးများအနေဖြင့် အသံထက် ၉ ဆ (Mach 9)ဖြင့် တစ်စက္ကန့်လျှင် ၇ ကီလိုမီတာ မြန်နှုန်းရှိသည့် ballistic missile ကိုပင် intercept လုပ်နိုင်စွမ်းရှိသည်။

S-500 အနေဖြင့် တိုက်ချင်းပစ်ဒုံးပျံများ၊ တိုက်လေယာဥ်များနောက်ကွယ်မှ command post ပေးနေသည့် အေဝက်လေယာဥ်များ၊Jammimg ပြုလုပ်သည့် လေယာဥ်များစသည့် အရေးကြီးပစ်မှတ်များကို ကြားဖြတ်တိုက်ခိုက်နိုင်မည်သာမက ကမ္ဘာပတ်လမ်းကြောင်းအနိမ့်တွင်လှည်ပတ် နေသော ဂြိုလ်တုများ(low orbital statellites)ကိုပါ ပစ် ချနိုင်မည့် အာကာသလက်နက်လည်းဖြစ်သည်။S-500 ကို A-135 anti-ballistic missiles နေရာတွင် အစားထိုးရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ S-500 လေကြောင်း ရန်နှင့်ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်အနေဖြင့် မိုင် ၃၇၀ အထိ လွှမ်းခြုံပေးနိုင်စွမ်းရှိမည်ဖြစ်သည်။ S-500 တွင် ပါရှိမည့် Engagement radar မှ ပစ်မှတ် ၂၀ ကို တပြိုင်တည်း ခြေရာခံပေးကာ ဒုံးများအားပစ်မှတ် ၁၀ ခု ကို တပြိုင်တည်း ချေမှုန်းနိုင်ရန် စွမ်းဆောင်ပေးမည်ဖြစ်သည်။

ပစ်မှတ်ကို ချေမှုန်းနိုင်စွမ်းအနေဖြင့် S-400 မှာ ၈၀ ရာခိုင်နှုန်းဖြစ်သော်လည်း S-500 မှာ ၉၅ ရာခိုင်နှုန်း ဖြစ်သည့်အတွက်တိကျမှုပိုမိုအားကောင်းလာမည်ဖြစ်သည်။ထို့အပြင် S-400 ၏ တုန့်ပြန်ပစ်ခတ်ရန်ကြာချိန် ၉ စက္ကန့် ဖြစ်သော်လည်း S-500 မှာ ၃ စက္ကန့်သာ ရှိသောကြောင့် ပစ်ပြေးပုန်းစွမ်းရည်ပိုမိုအားကောင်းသည်ဟု ဆိုသည်။ S-500 ဒုံးများ၏ ထူးခြားချက်တွင် အလျင်ဖြင့်တိုက်ခိုက်သည့် inert warhead တပ်ဆင်အသုံးပြုလာခြင်းပင်ဖြစ်သည်။ S-500 အား ရုရှားပြည်တွင်းကုမ္ပဏီဖြစ်သော Almaz-Antey မှ ဒီဇိုင်းပြုရေးဆွဲထုတ်လုပ်ပေးခြင်း ဖြစ်သည်။ ဒုံးပစ်ယာဥ်မှာ အကြီးစားစစ်သုံးယာဥ်ဖြစ်သည့် BAZ-69069(10×10)၏ chassis ဖြစ်သည်။ အလေးချိန် ၅၄ တန် ရှိပြီး မြင်းကောင် ရေ ၅၀၀ ရှိသော ဒီဇယ်အင်ဂျင်တပ်ဆင်ထားသဖြင့် တစ် နာရီ ၇၀ ကီလိုမီတာအမြန်နှုန်းဖြင့် ၁၀၀၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်သည်။

S-500 ဒုံးပစ်စနစ်တွင် 77P6 self propelled Transporter Erector Launcher(10×10) ယာဥ်၊ 96L6-TSP Acquisition radar ယာဥ်၊ 77T6 ABM Engagement radar(10×10)ယာဥ်၊ 76T6 Multimode engagement radar(8×8) ယာဥ်နှင့် 55K6MA Command Post(2×4) ယာဥ်များလိုက်ပါ ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါယာဥ်များအားလုံးမှာ cross-country mobility ရှိသော အကြီးစားစစ်သုံးယာဥ် များဖြစ်သည်။ ရုရှားမှ hypersonic missiles တပ်ဆင် ထားသည့် S-500 စနစ်ဖြင့် ကမ္ဘာ့လေထုအပြင်ဘက် အာကာသအထိ ကာကွယ်ရန် မျှော်မှန်းထားသည်။

Credit – KokoklinOo

Leave a Reply