■ရာမက ဗနရာမျောက်အုပ်စုရဲ့အကူအညီနဲ့ဆောက်လုပ်ခဲ့တဲ့တံတား
Article Knowledge Travel World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ရာမက ဗနရာမျောက်အုပ်စုရဲ့အကူအညီနဲ့ဆောက်လုပ်ခဲ့တဲ့တံတား
ရမ်ဆက်တူ လို့ခေါ်တဲ့ ဧရာမတံတား ဟာ သိရိလင်္ကာနိုင်ငံက မီနာ ကျွန်းနဲ့ တာမေး နာဒူးရဲ့ ပွန်ဘာ ကျွန်းကို ပင်လယ်ကိုဖြတ်ပြီး ဆက်သွယ်ထားတဲ့ တာရိုးတစ်ခုပါ။ သိပ္ပံနည်း အရလေ့လာချက်တွေကတော့ ဒီတာရိုးတံတား ဟာ ထုံးကျောက်တွေနဲ့ ရေတိမ်ပိုင်းမှာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ တံတားတစ်ခုလို့ ဆိုထားပါတယ်။
ဒါပေမယ် ဟိန္ဒူဘာသာရဲ့ ဒဏ္ဏာရီ အရတော့ ရာမ ရှင်ဘုရင်က ဗနရာ မျောက်အုပ်စုရဲ့ အကူအညီနဲ့ ဆောက်ခဲ့တာလို့ဆိုကြပါတယ်။ သူ့မိန်းမသီတာကို ပြန်ပေးဆွဲပြိီး သီရိလင်္ကာနိုင်ငံမှာ ဖမ်းဆီးထားတဲ့အတွက် အဲ့ဒီကိုသွားနိုင်ဖို့ ဒီတံတားကိုဆောက်ခဲ့တာပါ။
ထူးဆန်းစွာနဲ့ပဲ ရာမရနလက်ထက် နှစ်ပေါင်း ၅၀၀၀ လောက်က လုံးဝမြှုပ်သွားခဲ့ပေမယိ့ ယနေ့ခေတ်တိုင်အောင် လေပြင်ကနေကြည့်ရင်မြင်နေရသေးတာပါ ရမ်ဆက်တူရဲ့ အကြောင်းကတော့ အံ့သြစရာကောင်းတဲ့ အတွက်ကြောင့်ပဲ လူပြောများခဲ့ကြတာပါ။ ရာမတံတားက ပင်လယ်ရေမျက်နှာပြင်အထက်မှာရှိတယ်လို့ပြောကြပြီး တချို့သမိုင်းဝင် အထောက်အထားတွေအရတော့ ၁၅ ရာစုလောက်ထိအဲ့ပေါ်မှာ လမ်းလျှောက်လို့ရတယ်လို့ဆိုခဲ့ကြပါတယ်။
အဲ့နေရာမှာ ခန့်မှန်းခြေ အမြင့် ၃ ပေကနေပေ ၃ဆယ်အထိနက်ပြီး ရာမတံတားဟာ ရေထဲမှာ မြှုပ်နေတယ်လို့ဆိုပေမယ့်လည်း သဘ်ောတွေဘာတွေ ဖြတ်သန်းသွားလို့မရပါဘူး။ အဲ့နေရာက ရေတွေက တိမ်ပေမယ့် တစ်နေရာနဲ့တစ်နေရာ ရေအနိမ့်အမြင့်မတူကြပါဘူး။
အဲ့တာကြောင့် အိန္ဒိယက သဘော်တွေ သီရိလင်္ကာနိုင်ငံကိုသွားချင်ရင်တခြားပတ်လမ်းကနေပဲ သွားကြရတာပေါ့။ ရာမယန ဖော်ပြချက်အရတော့ ရမ်တူတံတားဟာ ရေ ပေါ် ဘောလောပေါ်နိုင်တဲ့ ကျောက်တုံးတွေနဲ့ဆောက်ထားတာလို့ဆိုပါတယ်။ အံသြစရာကောင်းတာကတော့ အဲ့လိုဘောလောပေါ်တတ်တဲ့ကျောက်တွေက ရာမစရာဝမ်(Rama Swaram) မှာ ယနေ့ခေတ်ထိ အနှံ့အပြားတွေ့နေရတုန်းပါပဲ။ ပ
ရိတ်သတ်ကြီးရော ဘယ်လိုထင်ပါလဲ။ လူတွေ ဖန်တီးထားတာလား ဒါမှမဟုတ် တကယ်ပဲ ရာမရှင်ဘုရင်ကသူ့ရဲ့မျောက်အုပ်ကိုဆောက်ခိုင်းခဲ့တာလား။ အကယ်၍ လူလုပ်ထားတာဆိုရင်ရော ရေပေါ်ဘောလော ပေါ်နေတဲ့ကျောက်တွေအကြောင်းရော ပရိတ်သတ်ကြီးရော ဘယ်လိုရှင်းပြချင်လဲရှင့်။
Ref:youtube
Trans:thegeektext
zawgyi
■ရာမရှင်ဘုရင်က ဗနရာမျောက်အုပ်စုရဲ့အကူအညီနဲ့ဆောက်လုပ်ခဲ့တယ်ဆိုသော ရမ်ဆက်တူတံတား
Ref:youtube
Trans:thegeektext