ယူကရိန်းနယ်စပ်ကရုရှားတပ်တွေပြန်ရုပ်ပြီ

News

ယူကရိန်းနယ်စပ်အနီး ရုရှားတပ်တွေ လျော့နည်းသွားတဲ့အတွက် ၂ နိုင်ငံကြား တင်းမာမှုတွေလည်း လျော့ပါးလာနေကြောင်း ယူကရိန်းသမ္မတက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပေမဲ့၊ သတိထား စောင့်ကြည့်နေဆဲဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

အင်အားအလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် ၂ နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားလာခဲ့ပြီးနောက် ထောင်သောင်းချီတဲ့ တပ်တွေ မိခင်စခန်းတွေကို ပြန်ကြဖို့ ရုရှားက အမိန့်ထုတ်လိုက်တာပါ။ နယ်စပ်အနီး ရုရှားတပ်တွေ နည်းသွားတာကြောင့် တင်းမာမှုတွေလည်း သိသိသာသာ လျော့သွားကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskiy က Twitter လူမှုကွန်ရက်ကနေ ပြောဆိုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံ အနေနဲ့ အခြေအနေတွေကို သတိထားစောင့်ကြည့်နေပြီး Donbass ဒေသမှာ စစ်အင်အားနဲ့ တင်းမာမှုတွေ လျှော့ချရေး ကြိုးပမ်းတဲ့ လုပ်ရပ်မှန်သမျှကို ကြိုဆိုကြောင်းလည်း ပြောဆိုခဲ့တာပါ။

ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းပိုက်လိုက်ပြီး၊ ခွဲထွက်ရေး လှုပ်ရှားသူတွေကိုလည်း စတင်အားပေး ထောက်ခံခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက Donbass ဒေသမှာ ၂ ဖက်တင်းမာမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ယူကရိန်းနယ်စပ်ဒေသမှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုဟာ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ပြီးနောက် အင်အားအများဆုံး ဖြစ်ကြောင်းလည်း အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့တို့က ပြောဆိုထားကြပါတယ်။

credit – VOA

Leave a Reply