ယူကရိန္းစစ္တပ္ထဲက ထိပ္တန္းစႏိုက္ပါ ဘရာဇီးလ္ေမာ္ဒယ္ ႐ုရွား ေလေၾကာင္းတိုက္ခိုက္မႈ့ အတြင္း ေသဆုံးခဲ့ရ..???

News Social News

ယူကရိန္းစစ္တပ္ထဲက ထိပ္တန္းစႏိုက္ပါ ဘရာဇီးလ္ေမာ္ဒယ္ ႐ုရွား ေလေၾကာင္းတိုက္ခိုက္မႈ့ အတြင္း ေသဆုံးခဲ့ရ..???

႐ုရွားႏိုင္ငံကို တန္ျပန္တိုက္ခိုက္ရာမွာ ထိပ္တန္းစႏိုက္ပါေသနတ္သမားတစ္ဦးအျဖစ္နဲ႔ ယူကရိန္းစစ္တပ္ထဲ ဝင္ေရာက္ခဲ့တဲ့ ဘရာဇီးလ္ေမာ္ဒယ္ဟာ ဒုံးက်ည္ပစ္ခတ္မႈအတြင္း ေသ ဆုံးသြားခဲ့တယ္လို႔ ေဆြမ်ိဳးေတြက အတည္ျပဳခဲ့ေၾကာင္း နယူးေယာက္ပို႔စ္က ေရးသားထားပါတယ္။

အသက္ ၃၉ ႏွစ္အ႐ြယ္ ဘရာဇီးလ္ေမာ္ ဒယ္ေဟာင္း သာလီတာ ဒို ဗယ္လီဆိုသူဟာ ယူကရိန္းမွာ သုံးပတ္ၾကာ ေနထိုင္ခဲ့ၿပီး ဇြန္လ ၃၀ ရက္ေန႔က ခါကိဗ္ၿမိဳ႕ကို ႐ုရွားဒုံးက်ည္ေတြ ပစ္ခတ္မႈမွာ ျပင္းထန္တဲ့ ေပါက္ကြဲသံေတြၾကား က်ဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ေဆာ္ပိုလိုက ေစတနာ့ဝန္ထမ္းစစ္သားဟာ ေသဆုံးခ်ိန္ သူမနဲ႔ အတူ ဘရာဇီးလ္တိုက္ခိုက္ေရးသမားေဟာင္း အသက္ ၄၀ ႏွစ္အ႐ြယ္ ဒိုးဂလက္စ္ ဘူရီဂိုနဲ႔ အတူရွိေနၿပီး ကတုတ္က်င္းထဲက သူမကို ကယ္ဆယ္ဖို႔ သြားေရာက္ခ်ိန္မွာ ႏွစ္ဦးသား ေသဆုံးသြားခဲ့တာလို႔ သိရပါတယ္။

ဥပေဒေက်ာင္းတက္ေရာက္ၿပီးခဲ့တဲ့ ေမာ္ဒယ္ေဟာင္း မိန္းကေလးဟာ ယူကရိန္းမွာ ရွိေနခိုက္ အရင္သူမရဲ႕ အီရတ္မွာတုန္းက အိုင္အက္စ္အၾကမ္းဖက္အဖြဲ႕ကို ႏွိမ္နင္းရာမွာ တိုက္ခိုက္ေရးသမား အျဖစ္ သူမရဲ႕ အေတြ႕အႀကဳံ ဗြီဒီယိုေတြကို ယူူက်ဴ႕ ခ်န္နယ္မွာ မွ်ေဝေပးခဲ့ပါတယ္။

အီရတ္မွာ ရွိေနစဥ္ ဒိုဗယ္လီဟာ လြတ္လပ္တဲ့ ကာဒစ္စတန္ေဒသမွာ ပက္စ္ဟ္မားဂတ္စ္နဲ႔ အတူ စႏိုက္ပါသမားအျဖစ္ ေလ့က်င့္သင္ၾကားခဲ့တယ္လို႔သိရပါတယ္။ သူမရဲ႕ အကို သီအို ေရာ္ဒရီဂို ဗီရာက သူမကို အပူတျပင္းလိုအပ္ေနတဲ့ သူေတြကို ကူညီဖို႔ သူမရဲ႕ ဘဝကို ျမႇဳပ္ႏွံထားတဲ့ သူရဲေကာင္းတစ္ဦး အျဖစ္ ခ်ီးက်ဴးခဲ့ပါတယ္။
Crd..MyanmaPlatform
Unicode

ယူကရိန်းစစ်တပ်ထဲက ထိပ်တန်းစနိုက်ပါ ဘရာဇီးလ်မော်ဒယ် ရုရှား လေကြောင်းတိုက်ခိုက်မှု့ အတွင်း သေဆုံးခဲ့ရ..???

ရုရှားနိုင်ငံကို တန်ပြန်တိုက်ခိုက်ရာမှာ ထိပ်တန်းစနိုက်ပါသေနတ်သမားတစ်ဦးအဖြစ်နဲ့ ယူကရိန်းစစ်တပ်ထဲ ဝင်ရောက်ခဲ့တဲ့ ဘရာဇီးလ်မော်ဒယ်ဟာ ဒုံးကျည်ပစ်ခတ်မှုအတွင်း သေ ဆုံးသွားခဲ့တယ်လို့ ဆွေမျိုးတွေက အတည်ပြုခဲ့ကြောင်း နယူးယောက်ပို့စ်က ရေးသားထားပါတယ်။

အသက် ၃၉ နှစ်အရွယ် ဘရာဇီးလ်မော် ဒယ်ဟောင်း သာလီတာ ဒို ဗယ်လီဆိုသူဟာ ယူကရိန်းမှာ သုံးပတ်ကြာ နေထိုင်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့က ခါကိဗ်မြို့ကို ရုရှားဒုံးကျည်တွေ ပစ်ခတ်မှုမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေကြား ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆော်ပိုလိုက စေတနာ့ဝန်ထမ်းစစ်သားဟာ သေဆုံးချိန် သူမနဲ့ အတူ ဘရာဇီးလ်တိုက်ခိုက်ရေးသမားဟောင်း အသက် ၄၀ နှစ်အရွယ် ဒိုးဂလက်စ် ဘူရီဂိုနဲ့ အတူရှိနေပြီး ကတုတ်ကျင်းထဲက သူမကို ကယ်ဆယ်ဖို့ သွားရောက်ချိန်မှာ နှစ်ဦးသား သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဥပဒေကျောင်းတက်ရောက်ပြီးခဲ့တဲ့ မော်ဒယ်ဟောင်း မိန်းကလေးဟာ ယူကရိန်းမှာ ရှိနေခိုက် အရင်သူမရဲ့ အီရတ်မှာတုန်းက အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းရာမှာ တိုက်ခိုက်ရေးသမား အဖြစ် သူမရဲ့ အတွေ့အကြုံ ဗွီဒီယိုတွေကို ယူူကျူ့ ချန်နယ်မှာ မျှဝေပေးခဲ့ပါတယ်။

အီရတ်မှာ ရှိနေစဉ် ဒိုဗယ်လီဟာ လွတ်လပ်တဲ့ ကာဒစ်စတန်ဒေသမှာ ပက်စ်ဟ်မားဂတ်စ်နဲ့ အတူ စနိုက်ပါသမားအဖြစ် လေ့ကျင့်သင်ကြားခဲ့တယ်လို့သိရပါတယ်။ သူမရဲ့ အကို သီအို ရော်ဒရီဂို ဗီရာက သူမကို အပူတပြင်းလိုအပ်နေတဲ့ သူတွေကို ကူညီဖို့ သူမရဲ့ ဘဝကို မြှုပ်နှံထားတဲ့ သူရဲကောင်းတစ်ဦး အဖြစ် ချီးကျူးခဲ့ပါတယ်။
Crd..MyanmaPlatform

Crd