မြန်မာ့တပ်မတော်လေ၌အသုံးပြုလျက်ရှိသည့်ရေကြောင်းကင်းထောက်လှမ်းရေးလေယာဉ်များ

Militarily News

မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၇ ခုနှစ်က ရေကြောင်းကင်းလှည့်ရေးလေယာဉ်များဖြစ်သည့် ATR 42 MPA လေယာဉ် ၂ စီးကို တပ်တော်ဝင်မှုပြုလုပ်ခဲ့ပြီး ၀၀၀၆ နှင့် ၀၀၀၇ ဟူ၍ အမည်ပေးခဲ့သည်။ တတိယမြောက်လေယာဉ်ကိုမူ ၂၀၂၃ မတိုင်မီ ရရှိလိမ့်မည်ဟုလည်း ခန့်မှန်းထားကြသည်။

ATR 42 MPA ၌ အာရုံခံစနစ်မျိုးစုံပါဝင်ပြီး Over-the-horizon တစ်ခုလုံးအတွက် ထောက်လှမ်းနိုင်စွမ်းရှိစေရန် မြန်မာ့ရေတပ်အတွက် ထောက်ပံ့ပေးနိုင်မည်လည်းဖြစ်သည်။ OTH စွမ်းဆောင်နိုင်မှုသည် ရေကြောင်းစစ်ပွဲအတွက် အဓိကအရေးကြီးသည့် စွမ်းဆောင်မှုတစ်ခုလည်းဖြစ်သည်။ရေဒါစနစ်အများစုတွင် ရေဒီယိုလှိုင်းနှုန်းကို အသုံးပြုသည့်အတွက် ၎င်းတို့သည် သဘောတရားအရ အဖြောင့်သွားသည်ဖြစ်ရာ ယေဘုယျအားဖြင့် ကမ္ဘာကြီး၏တည်ဆောက်မှုအလုံးပုံသဏ္ဍာန်ကြောင့် ထောက်လှမ်းနိုင်သည့်နှုန်းခက်ခဲမည်လည်းဖြစ်သည်။ရေဒါကန့်သတ်ချက်စနစ်များကြောင့် သင်္ဘောဖျက်ဒုံးကျည်စနစ်များအနေဖြင့် ၁၈၀ ကီလိုမီတာနှုန်းထိ ရောက်ရှိနိုင်သော်လည်း စစ်ရေယာဉ်များအနေဖြင့် Line of Sight ကိုကျော်လွန်၍ ၎င်းတို့၏ ပစ်မှတ်ကို ထောက်လှမ်းနိုင်ခြင်းမရှိပေ။

ဥပမာအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရေတပ်၌အသုံးပြုသော C 802 သင်္ဘောဖျက်ဒုံးကျည်စနစ်သည် ၁၂၀ ကီလိုမီတာ ရောက်ရှိနိုင်သော်လည်း OTH စွမ်းဆောင်ရည်အားနည်းချက်ကြောင့် beyond the horizon ကျော်လွန်၍ ပစ်မှတ်ကို စုံစမ်းထောက်လှမ်း တိုက်ခိုက်နိုင်ရန် မဖြစ်နိုင်ပေ။ထို့အတွက်ကြောင့် ခေတ်မီစစ်ရေယာဉ်များတွင် OTH အတွက် မြေပြင်အခြေစိုက် MPA လေယာဉ်များ၊သို့မဟုတ် ရေဒါတပ်ဆင်ထားသည့် ASW ရဟတ်ယာဉ်များကို တပ်ဆင်အသုံးပြုနေခဲ့ခြင်းလည်းဖြစ်သည်။သို့သော် မြန်မာ့ရေတပ်တွင် ASW ရဟတ်ယာဉ်များပိုင်ဆိုင်ထားခြင်းမရှိသော်လည်း S 100 Schiebel Camcopter UAV စနစ်နှင့် ကုန်းမြေ အခြေပြု ATR 42 MPA လေယာဉ်စနစ်များကို အသုံးချနေသည်ဖြစ်ရာ OTH ပြဿနာအတွက် ကောင်းစွာဖြေရှင်းဆောင်ရွက်နိုင်သည်ဟုဆိုသည်။

တပ်မတော်(လေ) ၏ ATR 42 MPA လေယာဉ်များတွင် အဆင့်မြှင့် ELTA ELM-2022 AESA ရေကြောင်းကင်းလှည့်ရေဒါစနစ်၊ အီလက်ထရောနစ်မြင်ကွင်းအာရုံခံစနစ်၊ ELL-8385 ESM/ELINT စနစ်နှင့် အဆင့်မြှင့်အီလက်ထရောနစ်စစ်ပွဲအတွက် ကိုယ်ပိုင်ကာကွယ်နိုင်စွမ်းနှင့် သင့်လျော်သည့်ရေဒီယိုဆက်သွယ်မှုစနစ်များကို ဆောင်ရွက်ပေးနိုင်စွမ်းရှိသည်ဟုသိရှိရသည်။ရေကြောင်းစုံစမ်းထောက်လှမ်းခြင်းသာမက၊ တရားဥပဒေစိုးမိုးရေး၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ ဝေဟင်မှဝေဟင်ကင်းထောက်ခြင်း၊ ဝေဟင်မှ မြေပြင်ကင်းထောက်ခြင်းနှင့် အထူစီးပွားရေးဇုန်ကင်းလှည်ခြင်းတာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်သည်။

Crd – MyanmarNews24(မူလသတင်းတင်ဆက်သူအားလေးစားစွာcreditပေးပါသည်)

Leave a Reply