မီးနဲ့ကစားနေတာဖြစ်လို့ ကိုယ့်ကိုကိုယ်လောင်ကျွမ်းသွားမယ်နော်လို့ အမေရိကန်ကို တရုတ်သတိပေး

Militarily News

မီးနဲ့ကစားနေတာဖြစ်လို့ ကိုယ့်ကိုကိုယ်လောင်ကျွမ်းသွားမယ်နော်လို့ အမေရိကန်ကို တရုတ်သတိပေး

အမေရိကန်အနေနဲ့ မီးနဲ့ကစားနေတာဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက် ကြိုးစားမယ်ဆိုရင် ထိုင်ဝမ်ကို ချေမှုန်းပစ်မယ်လို့လည်း တရုတ်စစ်တပ်က အခိုင်အမာပြောဆိုလိုက်ပါတယ်။ တရုတ်ရဲ့ အခုလိုသတိပေးခြိမ်းခြောက်ပြောဆိုမှုဟာ ထိုင်ဝမ်ကို ထိုးစစ်တွေ ဆင်နွှဲဖို့အတွက်လို့ ယူဆရတဲ့ ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတဲ့အချိန်မှာ ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်က ထိုင်ဝမ်ကို

သူတို့ရဲ့ပိုင်နက်အဖြစ် ရှုမြင်ထားပြီး သူတို့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ဖို့ အင်အားသုံးသွားမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီးက ထိုင်ဝမ်ကိုခြေချခဲ့ပြီးနောက် တရုတ်ကသတိပေးခဲ့ပြီး အမေရိကန်ဆီးနိတ်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီက ထိုင်ဝမ်ကျွန်းကို WHO ရဲ့ လေ့လာသူအဆင့်မှာ ပြန်လည်ထားရှိဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ “မီးနဲ့ကစားနေတဲ့သူတွေက သူတို့ကိုယ်သူတို့ မီးရှို့မိပါလိမ့်မယ်” တရုတ်ကာကွယ်ရေးဝန်ကြီးပြောရေးဆိုခွင့်ရှိသူ Wu Qian က ပြောကြားခဲ့ပါတယ်။ “တရုတ်က သေချာပေါက်ပြန်လည်ပေါင်းစည်းသွားမှာပါ၊ တရုတ်လူမျိုးတွေရဲ့

ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့ တရုတ်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်၊ ဆန္ဒ နဲ့ စွမ်းရည်ကို ဘယ်တော့မှလျှော့မတွက်ကြပါနဲ့” လို့ Wu က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ပြီးခဲ့တဲ့ကာလတွေအတွင်း ကျွန်းတိုက်ပွဲဆင်နွှဲဖို့ကို ပိုမိုအာရုံစိုက်ပြီး ပြင်ဆင်နေခဲ့ပါတယ်။ South China Morning Post ရဲ့ ဖော်ပြထားတဲ့ အချက်အလက်တွေအရဆိုရင် ပထမနှစ်ဝက်ကာလအတွင်းမှာ ရေတပ်လေ့ကျင့်မှုပေါင်း ၂၀ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ ၁၃ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံလိုင်းက

ထုတ်လွှင့်ခဲ့တဲ့ ပုံရိပ်တွေမှာ ကုန်းမြင့်မြေပြင်ဆင်းသက်ခြင်း၊ ဒရုန်းအမျိုးအစား ၂မျိုး၊ ဒုံးပျံပစ်လွှတ်ခြင်းစနစ်တွေကို ပြသခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ မစ်ရှင်ပြုလုပ်နေတဲ့ စစ်သားအုပ်စုငယ်တွေရဲ့ ပုံရိပ်တွေလည်း ပါဝင်ခဲ့ပြီး တိုက်ခိုက်ရေးယာဉ်တွေနဲ့ ပူးတွဲလေ့ကျင့်နေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ထိုင်ဝမ်ကတော့ လူဦးရေ ၂၅ သန်းအထိ နေထိုင်ပြီး ကိုယ်ပိုင်ဒီမိုကရေစီကို ဖန်တီးတည်ဆောက်ခဲ့ကာ

လက်ရှိသမ္မတ Tsai Ing-wen အတွက်တော့ လွတ်လပ်ရေးအပြည့်အဝရရှိဖို့ ထောက်ခံမှုတွေလိုအပ်နေတာလည်းဖြစ်ပါတယ်။ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်ကြားမှာ ကြီးမားတဲ့ထိပ်တိုက်ရင်ဆိုင်ရမှုတွေရှိနေပြီး တောင်တရုတ်ပင်လယ်အတွင်း နေတိုးမဟာမိတ်တပ်ဖွဲ့တွေရဲ့ စစ်သင်္ဘောတွေ ဝင်ထွက်သွားလာနေမှုကလည်း ဒီဘက်နှစ်မှာ ပိုမိုများပြားလာခဲ့ပါတယ်။

တရုတ်ကလည်း စတုရန်းမိုင် ၁.၃ သန်းအထိရှိတဲ့ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးကို သူတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး ဒီအရေးဟာ ကမ္ဘာ့အရေးတစ်ခုအဖြစ် ပုံစံပြောင်းလဲလာခဲ့ပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေကတော့ တောင်တရုတ်ပင်လယ်အတွင်း လွတ်လွတ်လပ်လပ်ရွက်လွှင့်ခုတ်မောင်းကာ တရုတ်ရဲ့ပြောဆိုချက်ကို စိန်ခေါ်ခဲ့ပါတယ်။

ဂျပန်ကလည်း ထိုင်ဝမ်ကို ထောက်ခံမယ်လို့ အခိုင်အမာပြောဆိုခဲ့လို့ ဒေသတွင်းမှာ တရုတ်အတွက် ရန်ဖက်တွေတိုးပွားလာနေပြီလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အင်အားအကောင်းဆုံးစစ်တပ်နဲ့ စစ်လက်နက်ပစ္စည်းတွေပိုင်ဆိုင်ထားတဲ့ တရုတ်ကတော့ ရန်သူတွေကို အမြဲတစေခြိမ်းခြောက်သတိပေးပြောဆိုမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ .

#TRN #crd

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

ZAWGYI

Leave a Reply