မဟာဗ်ဴဟာေျမာက္ တိုက္ခ်င္းပစ္ ဒုံးက်ည္စမ္းသပ္မႈ ျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္ေလတပ္က ေၾကညာ…

News Social News

႐ုရွား တ႐ုတ္တို႔နဲ႔ တင္းမာမႈေတြပိုျဖစ္လာမွာစိုးရိမ္ၿပီး ေ႐ႊ႕ဆိုင္းထားခဲ့တဲ့ အေမရိကန္ရဲ႕ မဟာဗ်ဴဟာေျမာက္တိုက္ခ်င္းပစ္ဒုံးက်ည္ Minuteman III ICBM ကို ဒီကေန႔ ၾသဂုတ္လ ၁၇ ရက္ေန႔မွာ ေအာင္ျမင္စြာ စမ္းသပ္ပစ္ခတ္ခဲ့ေၾကာင္း အေမရိကန္ေလတပ္ဌာနခ်ဳပ္က ဗီဒီယိုသတင္း ထုတ္ျပန္ထားပါတယ္။အေမရိကန္ ကယ္လီဖိုးနီးယားအေျခစိုက္ ဗန္ဒါဘတ္ဂ္ အာကာသေလတပ္ဌာနခ်ဳပ္ကေန မိုင္ ၄ ေထာင္ေက်ာ္အကြာမွာရွိတဲ မာရွယ္ကြၽန္းစုက ပစ္မွတ္ကို ပစ္ခတ္ခဲ့တာလို႔ ဆိုပါတယ္။

၂၁ ရာစုရဲ႕ ၿခိမ္းေျခာက္မႈေတြကို ဟန႔္တားဖို႔နဲ႔ မဟာမိတ္ႏိုင္ငံေတြရဲ႕ လုံၿခဳံေရးကို စိတ္ခ်ေသခ်ာေစဖို႔ ပုံမွန္စမ္းသပ္ပစ္ခတ္မႈေတြထဲက တစ္ခုျဖစ္ၿပီး အေမရိကန္ရဲ႕ န်ဴကလီးယားနဲ႔ န်ဴကလီးယားဖ်က္ ဒုံးက်ည္ေတြဟာ လုံၿခဳံစိတ္ခ်ထိေရာက္ေၾကာင္းသက္ေသျပဖို႔နဲ႔ ပစ္မွတ္ကို တိက်စြာထိမွန္တယ္ဆိုတာကို ျပသဖို႔ရည္႐ြယ္တယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္မွာ ေဖၚျပ ထားပါတယ္။

န်ဴကလီးယားထိပ္ဖူးသယ္ေဆာင္ႏိုင္တဲ့ အေမရိကန္စစ္တပ္ရဲ႕ မဟာဗ်ဴဟာေျမာက္ Minuteman III တိုက္ခ်င္းပစ္ဒုံးက်ည္ဟာ မိုင္ေပါင္း ၆ ေထာင္အထိပစ္ခတ္ႏိုင္ၿပီး တစ္နာရီ မိုင္ ၁ ေသာင္းခြဲႏူံးနဲ႔ ပ်ံသန္းႏိုင္တယ္ဆိုပါတယ္။ဒီကေန႔ စမ္းသပ္ပစ္ခတ္မႈကို အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံေလးစား လိုက္နာရမဲ့က်င့္ဝတ္အတိုင္း ႐ုရွားႏိုင္ငံကို ႀကိဳတင္အသိေပးခဲ့တယ္လို႔လည္းဆိုပါတယ္။

အခုလို ပစ္ခတ္စမ္းသပ္မႈကို အခ်ိန္ယူျပင္ဆင္ခဲ့ တာျဖစ္ၿပီး လက္ရွိ ကမာၻ႔ျဖစ္ရပ္ေတြအေပၚ တုန္႔ျပန္မႈ မဟုတ္ေၾကာင္းလည္း အေမရိကန္ေလတပ္သတင္းထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။Minuteman III တိုက္ခ်င္းပစ္ဒုံးက်ည္စမ္းသပ္ဖို႔ျပင္ေနခ်ိန္မွာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခ်ိန္နဲ႔ တိုက္ဆိုင္ေနတဲ့အတြက္ အေမရိကန္က ေနာက္ဆုတ္ထားခဲ့တာပါ။

ဒုတိယအႀကိမ္ စမ္းသပ္ဖို႔ျပင္ဆင္ခ်ိန္မွာလည္း တ႐ုတ္က တိုင္ဝမ္ကြၽန္းအနီး စစ္ေရးေလ့က်င့္မႈ ေတြနဲ႔ တိုက္ဆိုင္ ေနလို႔ ထပ္မံေ႐ႊ႕ဆိုင္းခဲ့ၿပီး ဒီကေန႔မွ စမ္းသပ္ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီကေန႔ စမ္းသပ္ပစ္ခတ္ခ်ိန္ဟာ တ႐ုတ္က တိုင္ဝမ္ကြၽန္းအနီး ဒုတိယအႀကိမ္စစ္ေရးေလ့က်င့္မယ္လို႔ေျပာဆိုခ်ိန္ နဲ႔ တိုက္ဆိုင္ေနတာေတြ႕ရပါတယ္။
Crd..BNN

Unicode

မဟာဗျူဟာမြောက် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အမေရိကန်လေတပ်က ကြေညာ…

ရုရှား တရုတ်တို့နဲ့ တင်းမာမှုတွေပိုဖြစ်လာမှာစိုးရိမ်ပြီး ရွှေ့ဆိုင်းထားခဲ့တဲ့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက်တိုက်ချင်းပစ်ဒုံးကျည် Minuteman III ICBM ကို ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့မှာ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အမေရိကန်လေတပ်ဌာနချုပ်က ဗီဒီယိုသတင်း ထုတ်ပြန်ထားပါတယ်။အမေရိကန် ကယ်လီဖိုးနီးယားအခြေစိုက် ဗန်ဒါဘတ်ဂ် အာကာသလေတပ်ဌာနချုပ်ကနေ မိုင် ၄ ထောင်ကျော်အကွာမှာရှိတဲ မာရှယ်ကျွန်းစုက ပစ်မှတ်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

၂၁ ရာစုရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးကို စိတ်ချသေချာစေဖို့ ပုံမှန်စမ်းသပ်ပစ်ခတ်မှုတွေထဲက တစ်ခုဖြစ်ပြီး အမေရိကန်ရဲ့ နျူကလီးယားနဲ့ နျူကလီးယားဖျက် ဒုံးကျည်တွေဟာ လုံခြုံစိတ်ချထိရောက်ကြောင်းသက်သေပြဖို့နဲ့ ပစ်မှတ်ကို တိကျစွာထိမှန်တယ်ဆိုတာကို ပြသဖို့ရည်ရွယ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။

နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ အမေရိကန်စစ်တပ်ရဲ့ မဟာဗျူဟာမြောက် Minuteman III တိုက်ချင်းပစ်ဒုံးကျည်ဟာ မိုင်ပေါင်း ၆ ထောင်အထိပစ်ခတ်နိုင်ပြီး တစ်နာရီ မိုင် ၁ သောင်းခွဲနူံးနဲ့ ပျံသန်းနိုင်တယ်ဆိုပါတယ်။ဒီကနေ့ စမ်းသပ်ပစ်ခတ်မှုကို အင်အားကြီးနိုင်ငံတစ်နိုင်ငံလေးစား လိုက်နာရမဲ့ကျင့်ဝတ်အတိုင်း ရုရှားနိုင်ငံကို ကြိုတင်အသိပေးခဲ့တယ်လို့လည်းဆိုပါတယ်။

အခုလို ပစ်ခတ်စမ်းသပ်မှုကို အချိန်ယူပြင်ဆင်ခဲ့ တာဖြစ်ပြီး လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေအပေါ် တုန့်ပြန်မှု မဟုတ်ကြောင်းလည်း အမေရိကန်လေတပ်သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။Minuteman III တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ဖို့ပြင်နေချိန်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် အမေရိကန်က နောက်ဆုတ်ထားခဲ့တာပါ။

ဒုတိယအကြိမ် စမ်းသပ်ဖို့ပြင်ဆင်ချိန်မှာလည်း တရုတ်က တိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု တွေနဲ့ တိုက်ဆိုင် နေလို့ ထပ်မံရွှေ့ဆိုင်းခဲ့ပြီး ဒီကနေ့မှ စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ စမ်းသပ်ပစ်ခတ်ချိန်ဟာ တရုတ်က တိုင်ဝမ်ကျွန်းအနီး ဒုတိယအကြိမ်စစ်ရေးလေ့ကျင့်မယ်လို့ပြောဆိုချိန် နဲ့ တိုက်ဆိုင်နေတာတွေ့ရပါတယ်။
Crd..BNN

Crd