မရိန်းတပ်သားများ ဗုံးတင်ဆောင်နိုင်တဲ့ ဒရုန်းအသေးစားကို စမ်းသပ်လျက်ရှိ

Militarily News

မရိန်းတပ်သားများသည် ဗုံး တင်ဆောင်နိုင်တဲ့ ဒရုန်းအသေးစားကို စမ်းသပ်လျက်ရှိပါတယ်၊

ကမ္ဘာတစ်ဝှမ်းရှိထင်ရှားသောစစ်တပ်များသည် ခေတ်မီသောလူသတ်စက်ရုပ်များတီထွင်ရန်ကြိုးစားနေစဉ်တွင်အမေရိကန်မရိန်းတပ်ဖွဲ့များက သေးငယ်သည့်ဒရုန်းတစ်ခုပေါ်သို့လက်ပစ်ဗုံးကို တင်၍ ရန်သူများကိုနှိမ်နှင်းရန် ကြိုးပမ်းလျက်ရှိပါတယ်၊

ထိုကိရိယာကို Drone 40 လို့ခေါ်၍ 40mm လက်ပစ်ဗုံးလောင်ချာကို ကိုးကားထားသော modular quadcopter ဖြစ်ပါတယ်။ စစ်သားတွေအတွက် လက်လှမ်းမမှီတဲ့နေရာက ပစ်မှတ်ကို ဖျက်ဆီးရာတွင် သို့မဟုတ် လေကြောင်း မြေမြှပ်ဗုံး အဖြစ် အသုံးပြုရာတွင် အထောက်အပံ့ဖြစ်စေပါတယ်၊

ယခု သဘောတရားဟာ စစ်တပ်ရဲ့ တခြား အစွန်းရောက်နည်းလမ်းတွေနဲ့ ယှဉ်လျှင် ရိုးရှင်းသော်လည်း စက်ရုပ်နည်းစနစ်နဲ့ တဝက်ထိန်းချုပ် နည်းပညာပါဝင်သော Drone 40 ကွင်းဆင်းစမ်းသပ်မှုသည် တိုက်ခိုက်ရေးနယ်ပယ်တွင် ပျံနှံ့ခဲ့ပြီးဖြစ်ပါတယ်၊

လက်တလော ကွင်းဆင်းစစ်ဆေးမှုများတွင် မရိန်းတပ်ဖွဲ့များသည် quadrotor Drone ငယ်များကိုလေ့ကျင့်ခဲ့ပါတယ်၊

အသေးစိတ်အချက်အလက်များအရ Drone သည်လေထဲတွင်တစ်နာရီကြာပျံသန်းနေနိုင်ပြီး တစ်နာရီ45 မိုင်နှုန်း နဲ့ မောင်းနှင်နိုင်ကာ ဖောက်ခွဲမှုမပြုလုပ်ခင် 12 မိုင်အထိ ပျံသန်းနိုင်ပါတယ်၊

၎င်းစိတ်ကူးသည် လက်ပစ်ဗုံးကိုသာမန်ထက်ပိုမိုထိရောက်၍ အထူးသဖြင့်လက်နက်များဖြင့်ပစ်ခြင်းကိုကန့်သတ်ခံထားရသည့် ခြေလျင်တပ်အတွက် အန္တရာယ်များစေတယ်။

ရေတပ်သားများသည်လက်ပစ်ဗုံးကိုသယ်ဆောင်နိုင်သောဒရုန်းကိုပစ်လွှတ်ပြီးနောက် ကောင်းကင်မှဖယ်ရှားရန်ကြိုးစားမှုကို အောက်ပါဗီဒီယိုတွင်တွေ့မြင်နိုင်ပါတယ်။

မရိန်းတပ်သားဟာ ဒလတ်လေးခုပါဝင်သော လက်ပစ်ဗုံးတက်ဆင်ထားသည့် ဒရုန်းငယ်ကို လက်ဖြင့်မြှောက်ကာ လည်ပတ်အောင်စောင့်ပြီး လေထဲသို့တင်လွှတ်ခဲ့ပါတယ်။ဒလတ်လေး ခုပါသော ဒရုန်း၏ထိပ်ဘက်တွင် လက်ပစ်‌ဗုံးကို တပ်ဆင်ထားတာကြောင့် ညင်သာစွာ ပျံသန်းရပါသည်၊နောက်ပိုင်းလေ့ကျင့်ခန်းတွေမှာတော့ လက်ပစ်ဗုံးဟာ မပေါက်ကွဲဘဲ တပ်သားတွေက ကြိုးနဲ့ဆွဲယူ၍ မြေပြင်ပေါ်ဆင်းသက်နိုင်ပါတယ်၊

ထိုမြင်ကွင်းဟာဆိုရင် ဇူလိူင်လ 7ရက်နေ့ Carolina မြောက်ဘက် Camp Lejeune မှာ ပြုလုပ်ခဲ့တဲ့လေ့ကျင့်ရေးပဲဖြစ်ပါတယ်၊ Drone 40 modular quadcopter ဟာ ပျံသန်းနိုင်တဲ့ လက်ပစ်ဗုံးပါပဲ၊ ကင်းထောက်လက်ပစ်ဗုံး ဒါမှမဟုတ် လှည့်ပတ်‌ပျံသန်းနေတဲ့ လက်ပစ်ဗုံးလဲဖြစ်နိုင်ပါတယ်၊1990s မှာ တစ်စုံ‌တစ်ယောက်က Sky Dancerလို့ခေါ်တဲ့ ကစားစရာကို တွေ့မြင်ခဲ့ပြီး ယခုကဲ့သို့ လက်ပစ်ဗုံး ီထွင်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ပေါကြောင်ကြောင်နိုင်လှပါတယ်၊

သေးငယ်တဲ့ ဒရုန်းအဖြစ် ဒီဇိုင်းဆွဲထားတဲ့ Drone 40 ဟာဆိုရင် ရှည်လျားပြီး ဒေါင်လိုက်ကျတဲ့ ကိုယ်ထည်ရှိပါတယ်၊ တခြား quadcopterနဲ့မတူပဲဂြိုလ်သား ပုံစံရှိပါတယ်၊ ၎င်းရဲ့ ကိုယ်ထည်နဲ့ နာမည်ဟာဆိုရင် 40 mm လက်ပစ်ဗုံး လောင်ချာကိုကိုးကားထားတာဖြစ်ပြီး Drone 40 ဟာ လက်ဖြင့်ပစ်နိုင်သလို လောင်ချာက လွှတ်ထုတ်တဲ့ ဗုံးတခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်၊

Camp Lejeune တွင် ခြေလျင်တပ်ရင်းက Drone 40 အပါအဝင် ဂီယာတချို့ကို စမ်းသပ်နိုင်ပြီး ကော်ပိုရေးရှင်း‌အနေနဲ့ ဘယ်အချက်ကိုလေ့လာနိုင်ပြီး၊ အကယ်၍ ‌လေ့လာခဲ့ရင်ရော ဒီအရာကို အနာဂတ်မှာ အသုံးပြုနိုင်မလားဆိုတာကို စမ်းစစ်ကြပါတယ်၊

Drone 40ရဲ့ မူလအစဟာ ဩစတြေးလျ စစ်တပ် ရင်ဆိုင်နေရတယ့် ပြဿနာ ကစတင်ခဲ့တာဖြစ်ပါတယ်၊ 2019ခုနှစ် Drone 40 ကိုပြုလုပ်တဲ့ DefendTexရဲ့ ရှင်းပြချက်အရ ဩစတြေးလျ စစ်သားတွေဟာ ပေ 1600 အထိ တိကျစွာ ပစ်လွှတ်နိုင်တဲ့ ရိုင်ဖယ်သေနတ်တွေရှိပါတယ်၊ သို့သော် အီရတ် နဲ့ အာဖဂန်နစ္စတန် ကဲ့သို့နေရာတွေမှာ တိုက်ခိုက်တဲ့အခါ လက်နက်တွေဟာ ပေ2600အထိ ရောက်နိုင်ပါတယ်၊ လက်ပစ်ဗုံး လောင်ချာက ၎င်း ကွာဟချက်အတွက် ဖြစ်ပြီး ၎င်းကို ရန်သူရဲ့ တည်နေရာထံ ပျံသန်းစေပြီး ချက်ချင်းပေါက်ကွဲစေပါတယ်၊ ၎င်းနည်းကိုအသုံးတဲ့အခါမှာ ဒရုန်းဟာ အသုံးဝင်သောလက်နက်တစ်ခုဖြစ်လာပြီး ပေါက်ကွဲမှုတွေနဲ့အတူ ဖျက်စီးပစ်နိုင်ပါတယ်၊

ထို့အပြင် Drone 40ဟာ လက်တစ်ဆုပ်စာ ရွေးချယ်စရာ ပမာဏအတွက် ပေါက်ကွဲစေတဲ့ကုန်စည်အဖြစ် လဲလှယ်နိုင်ပါသေးတယ်၊ အသိဉာဏ်ရှိခြင်း၊စောင့်ကြည့်ခြင်း၊ထောက်လှမ်းခြင်းကို ကိုယ်စားပြုတဲ့ ISR ဗုံးဟာဆိုရင် လူသားလေယာဉ်မှုးက ထိန်းချုပ်၍ ဗီဒီယို ထုတ်လွှတ်နိုင်သည့် ကင်မရာပါရှိပါတယ်၊ Drone 40 ကို ရန်သူ့နေရာကို ရှာဖွေရန်အသုံးပြုပြီး ဗုံးအဖြစ် ပို့လွှတ်တဲ့နည်းဟာဆိုရင် စစ်မြေပြင်အတွက် လွယ်ကူချောမွေ့စေတဲ့နည်းလမ်းဖြစ်ပါတယ်၊

Drone 40ဟာ ဘတ်ထရီစွမ်းအင် အသုံးပြုရပြီး အလေးချိန်ကိုလိုက်၍ ဝေဟင်ပေါ်တွင် မိနစ်30မှ 60အတွင်း ပျံသန်းနိုင်ပါတယ်၊ တစ်နာရီ 45 မိုင်နှုန်း ပျံသန်းနိုင်ပြီး ရိုင်ဖယ်သေနတ်များရဲ့ အကွာအဝေးထက်လွန်၍ 12မိုင်အထိ ရောက်ရှိနိုင်ပါတယ်၊

စီစဉ်ထားတဲ့ ကုန်စည်များတွင် ကင်မရာနဲ့ ပုံမှန်သုံး ဖောက်ခွဲရေးပစ္စည်းများ သာမက မီးခိုး သို့မဟုတ် မီးတောက်ဗုံး များပါ ပါဝင်ပြီး နည်းပညာပြောင်းလဲမှုကိုလည်း ခွင့်ပြုထားပါတယ်၊ပျံသန်းနိုင်တဲ့ ဒရုန်းဟာ မီးခိုးအဖြစ် ပေါက်ကွဲပြီး အပစ်အခတ်အဖွဲ့အား နေရာူရန်ထောက်ပံ့ပေးပါတယ်၊မြန်ဆန်တဲ့ ပစ်ခတ်မှုတွေနဲ့ အဖွဲ့ဟာ ရန်သူတွေကို ခဏတာ အငိုက်မိစေပြီး လက်နက်ချစေကာ ဖမ်းယူနိုင်ပါလိမ့်မယ်၊

နောက်ထပ်ရွေးချယ်စရာ အရဆိုရင် ဒရုန်းမှာ လျှပ်စစ် စစ်လက်နက်ကုန်စည်များပါဝင်ပြီး တိုက်ခိုက်ရန် အချက်ပြစနစ်နဲ့ လျှပ်စီးပတ်လမ်းသို့မဟုတ် လေဆာစနစ်ပါဝင်ပါတယ်၊ ထို့အပြင်တခြား တိကျသောလက်နက်များကို ဖော်ပြနိုင်ရန် ခွင့်ပြုထားပါတယ်၊

ဗြိတိန် လက်နက်ကိုင်တွေဟာ Drone 40 အမျိုးအစားအား Marli ၌ 2021ခုနှစ်အစောပိုင်းကတည်းက အသုံးပြုနေပြီဖြစ်သော်လည်း ကင်းထောက်ကုန်စည်အဖြစ်သာ အသုံးပြုကြပါတယ်၊

Camp Lejeune ရှိ မရိန်းတပ်များသည် လေ့ကျင့်ရေးပြုလုပ်ရာတွင် စစ်လက်နက် အများအပြားသယ်ဆောင်နိုင်တဲ့ Switchblade ဒရုန်းကိုပါ လေ့ကျင့်ကြပါတယ်၊ အမေရိကန် စစ်တပ်ဟာ ၎င်းကို 2013 ခုနှစ်မှာ အသုံးပြုခဲ့ပြီး ကျစ်လစ်သိပ်သည်းကာ လေယာဉ်မှုးတယောက်တည်းနဲ့ ထိန်းချုပ် ပျံသန်းမှုပြုလုပ်နိုင်ပါတယ်၊သူ့မှာ quadcopterအစား တောင်ပံ ပါဝင်ပြီး ခြေလျင်တပ်သားတွေအတွက် လေအထောက်အပံ့မပါပဲ အသုံးပြုနိုင်ပါတယ်၊

လက်တွေ့လေ့ကျင့်ခန်းတွင်မရိန်းတပ်ဖွဲ့များသည်ဤလက်နက်များအား မောင်းနှင်ဖို့အတွက် မည်မျှအားစိုက်ထုတ်ရန်၊ ၎င်းတို့ကိုပြန်လည်ပြုပြင်ရန်မည်မျှခက်ခဲကြောင်း၊နဲ့ ၎င်းတို့အမှန်တကယ်အောင်မြင်ရန်မည်မျှထိရောက်မှုရှိ‌ ကြောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်၊ ထုတ်လုပ်သူရဲ့ ကြော်ငြာနဲ့ လက်နက် ဟာ သေမလား ရှင်မလားဆိုတဲ့ အချက်သာကွာခြားပါတယ်၊

တိကျတဲ့ Drone 40 နဲ့ Switchblade အတွက် တူညီတဲ့ မေးခွန်းတခုရှိပါတယ်၊ ခြေလျင်တပ်သာတွေဟာ ၎င်းတို့လိုအပ်တဲ့နေရာအတွက် နာကျင်မှုကိုဖြစ်စေတဲ့ ဘူးငယ်ကို ထိန်းချုပ်ဒရုန်းမှာ တပ်ဆင်နိုင်မလားဒါဟာခြေလျင်တပ်သားတွေနဲ့ နည်းပညာပိုင်းအတွက် ဂရက်ထစရာ မေးခွန်းဖြစ်ပြီး အသုံးဝင်တဲ့ လက်နက်တွေဟာ တဖက်မှာတော့ ရှုပ်ထွေးတဲ့ စစ်ပွဲတွေကိုဖြစ်စေပါတယ်၊
writer:Evelyn
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

zawgyi









ထိုမြင်ကွင်းဟာဆိုရင် ဇူလိုင်လ 7ရက်နေ့ Carolina မြောက်ဘက် Camp Lejeune မှာ ပြုလုပ်ခဲ့တဲ့လေ့ကျင့်ရေးပဲဖြစ်ပါတယ်၊ Drone 40 modular quadcopter ဟာ ပျံသန်းနိုင်တဲ့ လက်ပစ်ဗုံးပါပဲ၊ ကင်းထောက်လက်ပစ်ဗုံး ဒါမှမဟုတ် လှည့်ပတ်‌ပျံသန်းနေတဲ့ လက်ပစ်ဗုံးလဲဖြစ်နိုင်ပါတယ်၊1990s မှာ တစ်စုံ‌တစ်ယောက်က Sky Dancerလို့ခေါ်တဲ့ ကစားစရာကို တွေ့မြင်ခဲ့ပြီး ယခုကဲ့သို့ လက်ပစ်ဗုံီးထွင်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ပေါကြောင်ကြောင်နိုင်လှပါတယ်၊











writer:Evelyn