ပရိတ်သတ်ကြီးမထင်ထားတဲ့သူတွေကလည်းလျှို့၀ှက်ဖရီးမေဆန်အဖွဲ့သားတွေဖြစ်နေတဲ့အကြောင်း

Knowledge News

အားလုံးပဲ မဂ်လာပါ။ဒီအဖွဲ့ကတော့ လျှို့ဝှက်ဆန်လွန်းပြီး ပထမဆုံး ခရုးစစ် စစ်ပွဲ ကသူတို့ထားရှိတဲ့ ယုံကြည်မှုတွေကို လက်ကိုင်ထားတဲ့သူတွေပါ။ ဒီအဖွဲ့နောက်လိုက်ကြတဲ့သူတွေကလည်း ကန့်လန့်ကာ နောက်ကွယ်မှာ ဘာတွေ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာတော့ ဘယ်တော့မှ ထုတ်ဖော်ဆွေးနွေးကြမှာ မဟုတ်ပါဘူး။ ဒီ အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ယောက်က သြဇာအာဏာ မရှိတဲ့သူ ချမ်းသာကြွယ်ဝသူတစ်ယောက်ယောက် မဟုတ်ဘူးဆိုရင်လည်း ခုလို လူပြောများလာမယ့် ကိစ္စရပ်တစ်ခုအနေနဲ့ ပေါ်လာမှာ မဟုတ်ပါဘူး။ အမေရိကရဲ့သမ္မတဟောင်း တော်တော်များများကလည်း ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေတာတော့ လျစ်လူရှုထားလို့ မရပါဘူးနော်။ စတင်တည်ထောင်သူကစလို့ နောက်ပိုင်းအုပ်ချုပ်သူတွေ အထိပါပဲ။ အခုပြောပြမှာကတော့ ပရိတ်သတ်ကြီး မထင်ထားတဲ့သူတွေကလည်း Freemanson အဖွဲ့သားတွေဖြစ်နေတဲ့အကြောင်းပါ။

နံပါတ် ၁၃ ဂျော့ခ်ျ ဝါရှင်တန် 

ကျွန်မတို့ရဲ့ ဒီလျှို့ဝှက်အဖွဲ့ဟာ အမေရိကန် နိုင်ငံရဲ့ ယုံကြည်မှု ၊ မူဝါဒ တွေကို အခြေခံထားတာပါပဲ။ ဖရီးမေဆင် Freemanson အဖွဲ့ရဲ့ စည်းမျဉ်း စည်းကမ်းတွေက အစိုးရအုပ်ချုပ်ရေးပိုင်းမှာ ဘယ်လောက်သက်ရောက်မှုရှိပြီး အလုပ်ဖြစ်လဲဆိုတာ ပြလိုက်သလိုပါပဲ။ အဲ့တာကြောင့်အမေရိကန်သမ္မတဟောင်း တွေ ဖရီးမေဆင် ဆိုတဲ့အဖွဲ့မှာ ပါဝင်နေတာလည်း မပြောမဖြစ် ပြောရမယ့် ကိစ္စပါပဲနော်။ နိုင်ငံရဲ့ တည်ထောင်ရေး ဖခင်ကြီး ဂျော့ခ်ျ ဝါရှင်တန် က ဒီလျှို့ဝှက် အဖွဲ့ထဲမှာ ပါဝင်နေတာကလည်း အားလုံးသိထားကြမှာပါ။ အေဒီ ၁၂ ရာစုလောက်က Knight Templer လို့ခေါ်တဲ့ ကတ်သလစ်နောက်လိုက်စစ်သားတွေက ရွှေရောင်သေတ္တာထဲက လျှို့ဝှက်စာရွက်စာတမ်းတွေကို အထွတ်အမြတ်အောင်မြေနေရာကနေ အဂ်လန်နိုင်ငံကို ပြန်ယူလာခဲ့ကြပါတယ်။ အဖွဲ့ဝင်တွေက လျှို့ဝှက်ချက်တွေကို ဒီစာရွက်စာတမ်းတွေထဲမှာ ထိမ်းသိမ်းထားရှိပြီး မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ဒီစာရွက်စာတမ်းတွေကို ထိန်းသိမ်းလာခဲ့တာကတော့ ဂျော့ခ်ျ ဝါရှင်တန် ရဲ့မိသားစုတွေပဲလို့ပြောကြပါတယ်။ အဲ့တာကြောင့်များ သူ့ကို အမေရိက ရဲ့ ပထမဆုံး သမ္မတ အဖြစ်တင်မြှောက်ခဲ့ကြသလား တော့မပြောတတ်ပါဘူးနော်။ 

နံပါတ် ၁၂ ဘန်ဂျမင် ဖရန်ကလင် 

ဘန်ဂျမင် ကတော့ စိတ်ထားမြင့်မြတ်တဲ့သူအဖြစ်သိကြပါတယ်။ အမေရိက ရဲ့ တော်လှန်ရေးကို ပုံဖော်နိုင်အောင် ကူညီခဲ့တဲ့သူဆိုလည်း မမှားပါဘူးနော်။ ဒါပေမယ့် ကျွန်မတို့ သူ့ကို အတိအကျသိကြတာတော့ ကျွန်မတို့သုံးနေတဲ့ ငွေစက္ကူပေါ်က သူပါပဲ။ ၁၇၃၀ခုနှစ် ဖေဖော်ဝါရီလက ဖယ်လာဒယ်ဖီးရားမြို့  စိန့်ဂျွန်မှာလုပ်တဲ့ အစည်းအဝေးမှာ Freemanson (ဖရီးမေဆင်) အဖွဲ့ကို စတင်ခဲ့တဲ့သူပါ။ သူက အမေရိကန်နိုင်ငံ မှာ အန်ဒါဆန် ကွန်စတီကျူးရှင်း (Anderson’s Constitution) ဆိုတဲ့နာမည်ပေးထားတဲ့ လျှို့ဝှက်အဖွဲ့ဆိုင်ရာ အခြေခံဥပဒေစာအုပ်ကို ပထမဆုံး ပုံနှိပ်ခဲ့သူလည်း ဖြစ်ပါတယ်။ အန်ဒါဆန် ဆိုတာကတော့ လန်ဒန် နဲ့ မင်နစ်စတာ အနောက်ပိုင်းမှာရှိတဲ့ ခမ်းနားတဲ့ အခြေစိုက် အဆောက်အအုံရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ သူတို့ရဲ့ အခြေခံဥပဒေ ဆိုင်ရာစာအုပ်ထဲက လျှို့ဂှက်အဖွဲ့ရဲ့ အတွေးအခေါ်တွေက တကယ်ပဲ့ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေထဲမှာ ဘယ်လိုပါဝင်လည်းဆိုတာ စိတ်ဝင်စားရင် လေ့လာကြည့်လို့ရပါတယ်။ နောက်ပြီး ဖရန်ကလင် ကကျွန်မတိုရဲ့ ထူးချွန်တဲ့ သံတမန်တွေထဲက တစ်ယောက်ပါ။ ပြင်သစ်လူမျိုးတွေလည်း သဘောကျခဲ့ကြတဲ့သူတစ်ဦးပါ။ သူက ပြင်သစ်နဲ့ လန်ဒန်မှာရှိတဲ့ လျှို့ဝှက်အဖွဲ့ရဲ့ အခြေစိုက်ရုံးတွေမှာ တွေ့ဆုံမှုတွေ အများကြီးလည်းလုပ်ခဲ့ပါတယ်။ အိုင်ယာလန် မှာရှိတဲ့ ဖရီးမေဆင် အဖွဲ့ရဲ့ စားသောက်ဆိုင်ကိုသွားခဲ့တုန်းက သူက ဖရီးမေဆင် တွေ တည်ထောင်ထားတဲ့ နောက်ထပ်အဖွဲ့တစ်ခုဖြစ်တဲ့ Hellfire Club( ဟဲလ်ဖိုင်းရား) အဖွဲ့ရဲ့ အဖွဲ့ဝင်မဟုတ်သလိုနဲ့ အစည်းအဝေးကို တက်ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အကြောင်းကို ရှာကြည့်ရင် ကြောက်ဖို့ကောင်းတဲ့ အရာတွေ တွေ့ပါလိမ့်မယ်နော်။ 

နံပါတ် ၁၁ ဒေဗီခရော့ကတ်

သူ့ကို အမှတ်တရရှိနေစေတဲ့ အချိန်ကတော့ တက်ဆက်စ် (Texas) တော်လှန်ရေး မှာစတင်ခဲ့ပေမယ့် ဒေဗီခရော့ကတ် ရဲ့စွန့်စားမှုကတော့ သမိုင်းတစ်လျှောက် ဘယ်သူမှမရှိခဲ့ဖူးသေးသလိုပါပဲ။ ဒါပေမယ့် ဖော်ပြချက်တွေအရ သူကလည်း ဖရီးမေဆင်  အဖွဲ့သားတစ်ယောက်ပါပဲ။ တက်ဆက်စ်ပြည်နယ်မှာ သူ့ကိုအစွဲပြုပြီး နာမည်ပေးထားတဲ့ ဖရီးမေဆင်  အဆောက်အအုံ တောင်ရှိပါသေးတယ်။ တက်နက်စီ ပြည်နယ်(Tennesseee) မှာရှိတဲ့ အရေးပေါ်ဖွဲ့တဲ့ ပြည်သူ့စစ်တပ်အရာရှိ တစ်ဦးလည်းဖြစ်ပါတယ်။ ၁၇၈၆ ခုနှစ် သူ ဖရီးမေဆင် အဖွဲ့မှာ စပြီး ပါဝင်ခဲ့တုန်းက နိုင်ငံရေးလည်း လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်သူပါဝင်ခဲ့တဲ့အချိန်မှာ အမေရိကန်က အနောက်ဘက်ကို နယ်ချဲ့ဖို့ ကြိုးစားနေချိန်မို့ မျှော်မှန်းသလို ဖြစ်မလာတဲ့ အခြေအနေမျိုးပါ။ ပြည်တွင်း နယ်မြေလု စစ်ပွဲမှာ သူ့ရဲ့ စစ်သားတစ်ယောက်လို အရည်အချင်း၊ စွန့်စားလေ့လာသူ တစ်ယောက်လို အရည်အချင်းတွေကို တွေ့နိုင်ပါတယ်။ သူက တစ်နှစ်အတွင်း ဝက်ဝံပေါင်း ၁၀၅ကောင်လောက်ကို အမဲလိုက်ပစ်ခတ်နိုင်တဲ့ ပစ်ခတ်ကျွမ်းကျင်သူတစ်ဦးဆိုလည်း မမှားပါဘူး။ သူဟာ တဖြည်းဖြည်း လူသိများလားပြီး အမေရိကန် အထက်လွှတ်တော်အမတ် အဖြစ်တာဝန်ထမ်းဆောင်ချိန်မှာတော့ မိကျောင်းရဲ့ ကျောပေါ်တက်စီးတာလိုမျိုး ထူးဆန်းတဲ့အရာတွေ မလုပ်တော့ဖို့ ဖော်ပြခြင်းခံရပါတယ်။ အေလယ်မို (Alamo) စစ်ပွဲမှာ မက္ကစီကို လူမျိုးတွေကို ဆန့်ကျင်တိုက်ခိုက်ပေးနိုင်ခဲ့တဲ့အတွက် ပိုပြီး ကျော်ကြားခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ကြိုးပမ်းမှုတွေလည်း မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် သူအဖမ်းခံခဲ့ရတာလား ဒါမှမဟုတ် နောက်ဆုံးအချိန်ထိ တိုက်ခိုက်နိုင်ခဲ့လား ဆိုတာတော့ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ သူအဖွဲ့ဝင်ဟုတ်မဟုတ်သက်သေလိုအပ်တယ်ဆိုရင်တော့ တန်နက်စီပြည်နယ် အနောက်ပိုင်းမှာ သူ့ရဲ့ လျှို့ဝှက်အဖွဲ့ဝင် ခါးစည်းကို အခုရှိ ပြသထားရှိပါသေးတယ်။ 

နံပါတ် ၁၀ အန်ဒရူးဂျွန်ဆန် နဲ့ ဂျွန်ဝစ်ဘုသ် (Andrew Johnson and John Wikes Booth)

Ford’s (ဖော့စ်) ကဇာတ်ရုံဟာ ၁၈၆၅ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ ဂျွန်ဝစ်ဘုသ် က အီဘရာဟင်လင်ကွန်းရဲ့ နောက်စိကို ချိန်ပြီး သေနတ်ပစ်သတ်ခဲ့တဲ့နေရာပါ။  အထူးတပ်ဖွဲ့ နောက်ကွယ်ကသူတွေကရော ဖရီးမေဆင် အဖွဲ့သားတွေဖြစ်နိုင်ပါလား။ အဲ့တာမှလည်း သူတို့က သူတို့ သမ္မတ ဖြစ်နိုင်ဖို့ အခွင့်အရေးရှိမှာပေါ့။ အဲ့တုန်းက ဒု သမ္မတ က ဖရီးမန်ဆန်အဖွဲ့ဝင်တစ်ယောက်အဖြစ်လူသိများတဲ့ အန်ဒရူးဂျွန်ဆန်ဖြစ်ပြီး လင်ကွန်းတစ်ခုခုဖြစ်ခဲ့ရင် သူကအလိုလို သမ္မတဖြစ်လာမှာပါ။ လူအများစုကတော့ ပြည်တွင်းစစ်ဆိုတာ ပြည်သူတွေ စည်းလုံးမှုကိုဖြိုခွဲဖို့ ဆွဲထားတဲ့ အစီအစဉ်လို့ ယုံကြည်ကြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဖရီးမေဆင် ဝါဒ ကအမေရိကန်နိုင်ငံကို လွှမ်းမိုးသွားနိုင်ခဲ့ပါတယ်။ ရှာဖွေတွေ့ရှိချက်အရ ဂျွန်ဝစ်ဘုသ် ကလည်း ဖရီးမန်ဆန်အဖွဲ့ရဲ့ ဘွဲ့ ၃၃ ခု အဆင့်ရ အဖွဲ့ဝင်ပါ။ လက်ရှိသမ္မတကို ဆွဲချပေးနိုင်ရင် ပိုက်ဆံတွေ အများကြီးရမယ်ဆိုတာမျိုးလည်း ရှိခဲ့နိုင်တာပေါ့လေ။ ဒီပုံထဲမှာဆိုရင် အန်ဒရူးဂျွန်ဆန်က သူ့ရဲ့လက်ကို သူ့ဂျက်ကပ်အိတ်ထဲ ထည့်ပြီး ဖရီးမန်ဆန် အဖွဲ့ရဲ့ ပိုစ့်အတိုင်းလုပ် ထားတာကိုတွေ့နိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ လူသူမသိတဲ့ လက်က ကမ္ဘာ ကြီးကို အုပ်စိုးတယ်ဆိုတဲ့ အဓိပ္ပာယ် ပါ။ဂျွန်ဝှစ်ဘုသ် ကလည်း ကျွန်မတို့ အခုပြောပြသွားတဲ့ ပိုစ့်အတိုင်းပဲ လုပ်ထားတာတွေ့မှာပါ။ အီဘရာဟင်လင်ကွန်းရဲ့ ဘယ်ဓာတ်ပုံမှာမှ အခုလိုလုပ်ထားတာ မတွေ့ရပါဘူး။ အဲ့ဒါကလည်း ပရိတ်သတ်ကြီးကို ပိုပြီး စိတ်ဝင်စားသွားစေတယ်မလား။ ဂျွန်ဝှစ်ဘုသ် ရဲ့ဆွေစင်မျိုးဆက်ကို လေ့လာကြည့်မယ်ဆိုရင် ဖရီးမေဆင် တို့ (Freemanson)၊ ဟဲလ်ဖိုင်းယား အဖွဲ့ (Hellfire) တို့နဲ့ အများကြီး ဆက်နွယ်မှုရှိတာကို တွေ့နိုင်မှာပါနော်။ 

နံပါတ် ၉ ဂျိမ်းစ် (Jessie James)

သူကတော့ နယ်စပ်မှာ သွားလာလှုပ်ရှားသူအဖြစ်သိကြတဲ့ နောက်ထပ် အမေရိကန်လူမျိုးတစ်ဦးပါ။ ဒီတောပုန်း သူပုန်ဟာ ပြည်တွင်းစစ်အတွင်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ရှိခဲ့ပြီး နောက်တော့သူက ချမ်းသာမှု့ ကျော်ကြားမှုတွေကိုရှာဖွေဖို့ အနောက်ဘက်အရပ်ကို ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့် ဒါကလညိး ဒုတိယပြည်တွင်းစစ်ထပ်ဖြစ်အောင်လို့ တမင်လှုံ့ဆော်ဖို့ သူဂွင်ဆင်နေတာရော မဖြစ်နိုင်ဘူးလား။ သူကပြည်ထောင်စု ဘဏ်ကို ဓားပြတိုက်ခဲ့မှုနဲ့နာမည်ကြီးပါတယ်။ ဒါအပြင် ဓားပြတွေကို လေ့ကျင့် သင်ကြားပေးတာတွေ အပြင် ပစ်မှုကျုးလွန်ရေး စီမံကိန်း အဖွဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ အဲဘတ်ပိုက်ခ် (Albert Pike) ကလည်း သူ့ကို ပြည်ထောင်စု ဘဏ်ကနေ ပိုက်ဆံ ရနိုင်သမျှ များများခိုးဖို့ အမိန့်ပေးခဲ့ပါတယ် အဲ့တာမှလည်း တောင်ဘက်ပိုင်းက လူတွေကလည်း ပြန်ပြီး ထကြွလာအောင်ပါ။ တောင်ဘက်ပိုင်းက သူတွေကလည်း ရော်ဘင်ဟု လိုမျိုး ပစ်မှုကျူးလွန်သူဖြစ်တဲ့ သူ့ကို အပစ်ဆိုလို့မရခဲ့ပါဘူး။ သူက ချမ်းသာတဲ့သူဌေးတွေဆီကနေ ခိုးပြီး လူ့အဖွဲအစည်းထဲက သူတွေကို တစ်ဆင့်ပြန်ပေးကမ်းတာပါ။ တချို့ကတော့ သူ့ရဲ့ ရက်ရောမှုကို သံသယဝင်ကြပြီး အကျင့်မကောင်းတဲ့ အပစ်သားလို့ပဲထင်ကြပါတယ်။ ဘယ်လိုပဲဖစ်ဖစ် သူ့ရဲ့ ရည်ရွယ်ချက်က ပြည်ထောင်စုဘဏ်ရဲ့ငွေတွေကို တတ်နိုင်သလောက် ဖျက်ဆီးပြီး ဆုံးရှုံးသွားစေချင်တာပါ။ ဒုတိယ အကြိမ်ပုန်ကန်ထကြွမှုတော့ဖြစ်မလာခဲ့ပေမယ့် အဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တာတော့ အများကြီးပါပဲ။သူလဲ ဖရီးမေဆင်လို့နာမည်ကြီးပါတယ်။

နံပါတ် ၈ ဘတ်စကတ်ဘော တီထွင်သူ

ဂျိမ်းစ်နိုင်စမစ် (James Naismith) ဆိုတာကတော့ ဘတ်စကတ်ဘောကို စတင်တီထွင်သူဖြစ်ပြီး ဖရီးမေဆင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ သူထွင်ခဲ့တဲ့ အားကစားကို အရိုးရှင်းဆုံးဖြစ်ဖို့အတွက် စည်းမျဉ်း ၁၃ ချက်ချမှတ်ခဲ့ပါတယ်။ အဲ့ဒီ အရေအတွက်ကလည်း လျှိဝှက်အဖွဲ့နဲ့ ဆက်စပ်နေပါတယ်။ နောက်ပိုင်းခေတ်တွေမှာ စည်းမျဉ်းတွေက စာမျက်နှာ ၆၆ မျက်နှာစာရှိတဲ့ အထိတိုးသွားခဲ့ပေမယ့် အဲ့တာကို ၂ နဲ့စားလိုက်လို့ ရတဲ့ နံပါတ် ၃၃ ဆိုတာကလည်း လျှို့ဝှက်အဖွဲ့နဲ့ ဆက်စပ်နေပါတယ်။ ကနေဒါနိုင်ငံမှာမွေးဖွားခဲ့တဲ့ ကာယဆရာတစ်ယောက်ဆိုတော့ သူရော သူ့ကျောင်းသားတွေရောက ဆောင်းရာသီမှာ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အခက်အခဲရှိပါတယ်။ သူက ခြင်းရဲ့အောက်ခြေကို ဖြတ်ပြီး ၁၀ ပေအမြင့်လောက်မှာ အောက်ခြေမပါတဲ့ခြင်းကို တပ်ပြီး နံရံမှာ မှီပြီး မြှုပ်ထားပါတယ်။ ဒီကစားနည်းဟာ အက်စ်ဇက်တပ်စ် လူမျိုးတွေ ကစားလေ့ရှိတဲ့ ကစားနည်းတစ်ခုဖြစ်ပြီး အနိုင်ရတဲ့ အသင်းက နေနတ်ဖုရားကို စွန့်လွှတ်အနစ်နာခံမှု အတွက် ဂုဏ်ပြုခြင်းခံရပါတယ်။ ဗီဒီယိုရဲ့ နောက်ပိုင်းမှာ နာမည်ကြီး ဘတ်စကတ်ဘော အားကစားသမားတွေက ဖရီးမေဆင်အဖွဲ့ ဝင်တစ်ယောက်ရဲ့ ဘဝမျိုးကို ခံယူပြီး ဘယ်လိုကစားလဲဆိုတာ ပြောပြပေးသွားပါမယ်။ 

နံပါတ် ၇ ဟယ်ရီ ဟူဒီနီ (Harry Houdini)

တစ်ခါတစ်လေမှာ ဖရီးမေဆင် အဖွဲ့ဝင်တွေဟာ စိတ်ဝိဉာဉ်လောကလို မှော်ပညာမျိုးကိုလည်း စိတ်ဝင်စားနှစ်သက် ကြပါတယ်၊ ဟယ်ရီ ဟူဒီနီ ရဲ့ နာမည်အရင်းကတော့ အဲရစ်ဝေ့စ် ဖြစ်ပြီး ဂျူးလူမျိုးအနွယ်ဝင်တစ်ယောက်ပါ။ ဟန်ဂေရီမှာမွေးဖွားတဲ့သူက သူ့ရဲ့ မယုံကြည်နိုင်လောက်တဲ့ လွတ်မြောက်မှု တစ်ခုကြောင့် လူသိများခဲ့ပါတယ်။ သူက အပစ်သားဝတ်တဲ့ လက်တွေကို တွဲချည်ထားတဲ့ ဂျက်ကတ်ကနေလွတ်မြောက်တာမျိုးတွေ၊ အသက်မရှူပဲ အကြာကြီးနေနိုင်တာမျိုးတွေ ရှိခဲ့တဲ့အပြင် သဘာဝလွန် အကြားအမြင်ကြိုရပြီး ကြားခံအဖြစ်ဆက်သွယ်ပြီး အမှန်တွေ ပြောတာတွေ ရှိခဲ့ပါသေးတယ်။ နောက်တော့သူ့အကြောင်းတွေ ဇာတ်လမ်းတွေထဲမှာတောင်ပါလာတဲ့အထိပါပဲ။ နောက်တော့ သူဟာ ဖရီးမေဆင်လျို့ဝှက်အဖွဲ့ထဲဝင်ပြီး နယူးရော့မြို့မှာရှိတဲ့  စိန့်စီစလီ ရုံး ၅၆၈ရဲ့အဖွဲ့ဝင်ဖြစ်လာပါတယ်။ 

နံပါတ် ၆ ဝန်စတန် ချာချီ (Winston Churchill)

ဒုတိယ ကမ္ဘာ စစ်အတွင်း အတော်ဆုံး ဗြိတိန်လူမျိုး ခေါင်းဆောင်ကတော့ ဝန်စတန် ချာချီ ပါ။ ဒါပေမယ့် ၁၉၀၁ ခုနှစ် အဲ့ဒီအချိန် မတိုင်ခင်မှာ သူဟာ သွေးသောက်ညီအကို အဖွဲ့ဖြစ်တဲ့ ဖရီးမေဆင် အဖွဲ့ထဲ စဝင်ခဲ့ပါတယ်။ သူက ဖရီးမေဆင် ညီအကိုတွေ စုဝေးတဲ့ စတပ်ဟုမ်း (Stud Holme) အဆောက်အဦအမှတ် ၁၅၉၁ ကို စတင်သွားခဲ့ပြီး အဲ့ဒီ အဆောက်အဦးက ဒီနေ့ထိတိုင်ရှိပါသေးတယ်နော်။ ဒါပေမယ့် အခုတော့ (United Stud Holme Alliance 1591) ယူနိုက်တက် စတတ်ဟုမ်း မဟာမိတ် အဆောက်အဦ ၁၅၉၁ ဆိုတဲ့ နာမည်နဲ့ တည်ရှိနေတာပါ။ သူက သူ့ရဲ့ ၂၀ကျေော် လူငယ်ပိုင်းလောက်အချိန်မှာ အမိန့်တွေကို ထူးထူးခြားခြား တိုးတက်အောင်တော့ မလိုက်နာခဲ့ပါဘူး။ နောက်တော့ သူက ဖရီးမေဆင် ဌာနခွဲကနေ နှုတ်ထွက်လိုက်ပြီး အဖွဲ့တော့ ဝင်ထားပါသေးတယ်။ သူရဲ့ အဖွဲ့ထဲက ညီအစ်ကိုတွေ နဲ့တော့ အမြဲ ဆက်သွယ်နေခဲ့ပြီး နောက်ထပ် ဋ္ဌာနခွဲ အသစ်တွေ တည်ထောင်နိုင်ဖို့ ထောက်ပံ့စာတွေလည်း အများကြီးရေးခဲ့ပါတယ်။ ဝန်စတန် ချာချီက ဖရီးမေဆင် အဖွဲ့မှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ယောက် မဟုတ်ပေမယ့်လည်း အနောက်ပိုင်းနိုင်ငံခေါင်းဆောင်ဖြစ်တဲ့ ဝန်စတန်လိုလူမျိုးတောင် ဒီ အဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့တယ်ဆိုတာတော့ လက်မခံလို့မရပါဘူးနော်။ 

နံပါတ် ၅ ဗိုလ်ချုပ် မက်အာသာ (Mac Arthur)

ဗိုလ်ချုပ် ဒေါင်ဂလက်စ်မက် အာသာ (Douglas Mac Arthur) က ၂၀ ရာစုအတွင်းမှာ မှတ်မှတ်ရရရှိခဲ့ကြတဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး နိုင်ငံတကာ ပဋိပက္ခ နဲ့ စစ်အေးတိုက်ပွဲအတွက် အချိန်တွေ ပေးဆပ်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ထဲမှာမှ ဖရီးမေဆင် အဖွဲ့ရဲ့ အရေးပါဆုံး အဖွဲ့ဝင်တစ်ယောက်ပါ။ သူ့အဖေကလည်း ဖရီးမေဆင် အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အမြင့်ဆုံး အဆင့်ဖြစ်တဲ့ ဘွဲ့ ၃၃ ခုအဆင့် ထိရောက်အောင် ကြိုးစားခဲ့ပါတယ်။ မနီလာရုံးနံပါတ် ၁၉၃၆ ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး ၁၉၄၇ ခုနှစ် စစ်ပြီးတဲ့ အချိန်ထိ သူ့ရဲ့အမြင့်ဆုံး အဆင့်ဖြစ်တဲ့ ဘွဲ့၃၃ ခုကို ထိန်ထားခဲ့ပါတယ်။ ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ အာဏာရှိတဲ့ အဆင့်တစ်ခုကြောင့် ဖရီးမေဆင်ရဲ့ အခွဲပဲဖြစ်တဲ့ စကော့တစ်ရှ် ရိုက် (Scottish Rite)အဖွဲ့ကို ၁၉၃၇ ခုနှစ်မှာ ဝင်ရောက်ခွင့် ရခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်က ဗာဂျီးနီးယား နော့ဖို့ မြို့မှာရှိတဲ့  မက်အာသာ အထိမ်းအမှတ် အဆောက်အဦးမှာပဲ ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားပါတော့တယ်။ မက်အာသာရဲ့ အာဏာတွေက နောက်ထပ် ဖရီးမေဆင်အဖွဲ့ဝင်ဖြစ်တဲ့ ဟယ်ရီ အက်စ် ထရူးမန် (Harry S Truman) လို့ခေါ်တဲ့သူဆီ ရောက်သွားပါတယ်၊ သူကတော့ ပစိဖိတ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ ကို အက်တမ်ဗူံးဖောက်ခွဲရေး နဲ့ဖြေရှင်းခဲ့တဲ့သူပါ။

နံပါတ် ၄ ဘက်ဇ် အက်ဒရင် (Buzz Aldrin) 

ဘက်ဇ် အက်ဒရင် ကတော့ လကမ္ဘာပေါ်မှာ ဒုတိယမြောက် လမ်းလျှောက်ခဲ့တဲ့သူပါ။ ဖရီးမေဆင်အဖွဲ့ထဲက ပထမဆုံး အာကာသယာဉ်မှူးတစ်ဦးဖြစ်ရုံသာမက မှတ်မှတ်ထင်ထင် ကျော်ကြားတဲ့သူတစ်ယောက်ပါ။ ဖရီးမေဆင် အဖွဲ့သားတွေကရော လပေါ်မှာ သူတို့ မြေပိုင်နက် အဖြစ်လုပ်ကြမလား နာဆာနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်တွေ ထုတ်သွားမလားဆိုတာလည်း ဘယ်သူက ကြိုသိနိုင်ပါမလဲနော်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ဘတ်ဇ်က ဖရီးမေဆင် အဖွဲ့ ဋ္ဌာနခွဲ နံပါတ် ၈၆၄ ကို မွန့်ဂိုမရီ အလာဘားမား (Montgomery Alabama) မှာရှိတဲ့ (Oak park) အုတ်ခ် ပါခ် မှာ ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ပါဝင်ခဲ့တာပါ။ နောက်နှစ်မှာ သူဟာ ကောလိုရာဒို ဒန်ဗာမြို့(Denver Colorado) မှာရှိတဲ့ လောရန့်စ်အန်ဂရင်းလိဖ် (Lawrence N Greenleaf) ဌာနခွဲအမှတ် ၁၆၉မှာ တာဝန်တချို့ ခွဲယူခဲ့ပါတယ်။ နောက်တော့ ဝေကို တက်ဆက် (Waco Texas) မှာရှိတဲ့ York Rite (ရော့ခ်ရိုက်) အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ တချို့ကောလဟာလတွေ အရတော့ ပိုကျယ်တဲ့ အသိုက်အဝန်းတည်ဆောက်နိုင်ဖို့  တက်ဆက်ပြည်ရဲ့ ခမ်းနားတဲ့ ဌာနခွဲ တစ်ခု လကမ္ဘာပေါ်မှာ လုပ်ဖို့ အတွက် တာဝန်ပေးထားတဲ့ လုပ်ပိုင်ခွင့်ရထားသူလို့ပြောကြပါတယ်။ 

နံပါတ် ၃ ဂျွန်အဲဝေး (John Elway) 

ဒန်ဗာ လေဆိပ် ကိုလူတော်တော်များများရောက်ဖူးကြပြီး အဲ့မှာရှိတဲ့ ထူးခြားတဲ့ ကမ္ဘာသစ်တည်ထောင်အမိန့်လို သင်ကေတကို ကြည့်ချင်တတ်ကြပါတယ်။ ကော်လိုရာဒို ကတော့ဌာနခွဲတော်တော်များများ အခြေစိုက်ရာ မြို့အဖြစ်တည်ရှိပြီး အဲ့ထဲကမှ အားလုံးသဘောကျ ကြတဲ့ အားကစားသမားတစ်ယောက် ကတော့ ဒန်ဗာမြို့ တောင်ဘက်ဌာနခွဲက အဖွဲ့ဝင် ဖြစ်ပါတယ်။ အဲ့နေရာက သူတို့ဘောလုံး စစ်လေ့ကျင့်ရေးတွေ သွားလုပ်လေ့ရှိတဲ့နေရာလား ဒါမှမဟုတ် သိုးထိန်းကျောင်းရေးနည်းသစ်တွေ ရှာဖွေလို့ရတဲ့နေရာလား။ သူက ၁၆ နှစ်လုံးလုံး အမေရိကန် ဘောလုံး ကုမ္မဏီ ဒန်ဗာ ဘရွန်ကော့စ် (Denver Broncos) နဲ့ဘဲ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ သူဘောလုံးလောက ကနားလိုက်တဲ့အချိန်မှာတော့ အဖွဲ့ထဲကို စတင်ပါဝင်လာတာပါ။ အခုဆိုရင် သူဟာ အရင်က သူကစားခဲ့တဲ့ အသင်းရဲ့ ပိုင်ရှင်ဖြစ်နေပါပြီ။ အဲ့တာကြောင့် ပိုက်ဆံရော အာဏာရော အပြည့်ရှိသူတစ်ယောက်လို့ဆိုရမှာပေါ့။ တချို့တွေကတော့ သူ့ရဲ့ တံဆိပ်မှာ ပါတဲ့ မြင်းပုံကလည်း ဖရီးမေဆင် လျှို့ဝှက် အဖွဲ့နဲ့ ဆက်စပ်နေမယ်လို့ပြောကြပါတယ်။ 

နံပါတ် ၂ ကိုနို ဆန်တာ (Colonel Sander) 

ပရိတ်သတ်တွေ တော်တော်များများလည်း ကိုနယ် ဆန်ဒါ ကိုနှစ်သက်သူတွေ ဖြစ်ကြမှာပါနော်။ အရသာကောင်းကောင်း ကြက်သားတွေကို ဖန်တီးပေးနေတဲ့သူပေါ့။ နောက်ထပ်သိလိုက်ရတာကတော့ သူကကြက်ကြော်ကောင်းကောင်းထုတ်ပေးနိုင်တဲ့ စီးပွားရေးဦးဆောင်နေသူတစ်ယောက်သာမက ဖရီးမေဆင် အဖွဲ့မှာလည်း ခေါင်းဆောင်တစ်ယောက်ပါ။ သူက စကော့တစ် ရိုက် အဖွဲ့မှာ (Scottish Rite Mason) ဂုဏ်ထူးဆောင်ဘွဲ့ ၃၃ ခုရအဖွဲ့ဝင်တစ်ယောက်ပါ။ ဒီစီးပွားရေးသမား ဟာ သူ့ရဲ့ အရည်အသွေးမှီ ကြက်ကြော်ရောင်းချရာ ကနေအောင်မြင်လာပြီး သူမသေခင်အထိလည်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူဖြစ်ခဲ့ပါတယ်။ သူက ကော်ဘင် ကန်တာကီ (Corbin Kentucky) မှာရှိတဲ့ ဟာဂ် ဟားရစ် (Hugh Harris) ဋ္ဌာနခွဲရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူက ဖရီးမေဆင် အဖွဲ့ဝင်လည်းဖြစ်ပြီး Wendy (ဝင်ဒီ) ရဲ့ ပဲ့ကိုင်ရှင် Dave Thomas( ဒေ့ဗ်သောမတ်စ်) ကိုလည်း လမ်းပြပေးခဲ့သူတစ်ဦးပါ။ 

နောက်ဆုံးတစ်ယောက်ကို မပြောခင်မှာ ဘယ်ဖရီမေဆင် အဖွဲ့ဝင်ကို မပြောသွားဘူးလဲ ဆိုတာ ပရိတ်သတ်ကြီး ကို မေးချင်ပါတယ်။ ပြောသွားတဲ့အထဲမှာရော ဘယ်တစ်ယောက်က ပရိတ်သတ်ကြီးကို အံအားသင့်သွားစေလဲ ဆိုတာ ရှာကြည့်ပြီး comment မှာပြောသွားပေးဦးနော်။

နံပါတ် ၁ ရှာခီး အိုနီးရယ် (Shaquille O’Neal) 

ရှာခီးအိုနီရယ် က သွေးသောက်ညီအကို အဖွဲ့ကို ဝင်ခဲ့ပြီး အခုဆို TNT အစီအစဉ်မှာ ရုပ်သံတင်ဆက်သူတစ်ယောက်အနေနဲ့ အထက်ပိုင်းရာထူးတောင်ရောက်နေပါပြီ။ တချို့က သူကင်မရာကို စူးစူးစိုက်စိုက်နဲ့လျိုဝှက်ပြီး ကြည့်တဲ့ ပုံတွေကို ကြည့်ပြီး MK Ultra Project (အမ်ကေ အယ်ထရာ ပရောဂျက်) နဲ့ ပတ်သတ်ရမယ်လို့ ပြောဆိုကြပါတယ်။ သူ ကွန်ပြူတာ စနစ်တွေ ပြန်ပြီး ပြုပြင်ဖို့လိုတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ တီဗီ ရုပ်သံ လွှင့်နေတုန်း သူ့ရဲ့ လက်စွပ် ကနေတစ်ဆင့် သူဟာ အဖွဲ့ဝင်ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီလက်စွပ်က သူ့အလုပ်နဲ့ဆိုင်တဲ့ လက်စွပ်ပါလို့ပြောခဲ့ပါတယ်။ လက်စွပ်က ဖရီးမေဆင် အဖွဲ့ကို ကိုယ်စားပြုဖော်ပြနေတယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် အဲ့ဒီ အကြောင်းကို အသေးစိတ်တော့ မပြောပြခဲ့ပါဘူး။ သူက ဒီဂျေ ဒီဇယ် ဆိုတဲ့ နာမည်နဲ့လည်း ဒီဂျေပညာရှင် လုပ်ပါသေးတယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ရပ်နားလိုက်မှ အသင်း စဝင်တာ မဟုတ်တာတော့ သေချာပါတယ်။ အိုနီးက ဘော်စတွန် မက်ဆာချူးဆက် (Boston Massachusette) မှာရှိတဲ့ ဝစ်ဒိုးဆန်း ဌာနခွဲ (Widow Son) ရဲ့အဖွဲ့ဝင်ပါနော်။ အရမ်းကောင်းတဲ့စာစုလေးပါပဲနော်။တကယ်လို့ဒီစာစုလေးကိုကြိုက်တယ်ဆိုရင်like and shareလုပ်ဖို့မမေ့ပါနဲ့နော်။ဘိုင့်ဘိုင်။

Leave a Reply