နှစ်ပေါင်း ၂၈၀၀၀ အထိကြာရှည်ခံနိုင်သည့် နယူလီးယားစွန့်ပစ်ပစ္စည်းများမှပြုလုပ်ထားသော nano-diamond battery

News Tech

နှစ်ပေါင်း ၂၈၀၀၀ အထိကြာရှည်ခံနိုင်သည့် နယူလီးယားစွန့်ပစ်ပစ္စည်းများမှပြုလုပ်ထားသော nano-diamond battery

အားသွင်းစရာမလိုတဲ့ ဆဲလ်ဖုန်းတစ်လုံး ဒါမှမဟုတ် ဘတ်ထရီသွင်းစရာမလိုတဲ့ ကားတစ်စီးဟာ သင့်ရဲ့မြေးမြစ်တွေအထိ အသုံးပြုနိုင်တယ်လို့ စဉ်းစားကြည့်ပါ၊

ဒီလို စိတ်ကူးယဉ်မှုမျိုးဟာ ခုဆိုရင် အမေရိကန် အခြေစိုက် NDB Inc က အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်၊ စာရွက်ပေါ်က ဖြေရှင်းချက်တခုဟာ မပျက်စီးနိုင်တဲ့ စက်ဝိုင်းသဏ္ဍာန် အားသွင်းကိရိယာ ကို ရရှိဖို့ဖြစ်နိုင်ချေရှိပြီး သက်တမ်းဟာလည်းမယုံနိုင်စရာရှည်လျားပါတယ်၊

ကနဦးအစတွင် အဆုံးမရှိတဲ့ဘတ်ထရီကို ထုတ်လုပ်ဖို့ နယူကလီးယား စွမ်းအင်မှ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းကို အသုံးပြုချင်ပြီး ဆယ်စုနှစ်တစ်ခုမှ နှစ်ပေါင်း ၂၈,၀၀၀အထိ အားသွင်းစရာမလိုဖို့ ရည်ရွယ်ပါတယ်၊ အဓိကရည်ရွယ်ချက်ကတော့ လျှပ်စစ်စွမ်းအင်ကိုပြန်လည် ဆန်းသစ်ပြီး ၂၀၄၀မှာ လောင်စာအသုံးပြုခြင်းကိုရပ်စဲမှာဖြစ်ပါတယ်၊

နည်းပညာအတွက် အဓိကအသုံးပြုမည့် ပစ္စည်းကတော့ နယူကလီးယား စွန့်ပစ် ပစ္စည်း အသေးစားဖြစ်ပါတယ်၊ NDB သုတေသနပညာရှင်တွေဟာ လောင်စာကထုတ်လွှတ်တဲ့ ရောင်ခြ်တွေကိုစုတ်ယူကာ ရေဒီယိုသတ္တိကြွ ဖြစ်လာတဲ့ နယူကလီးယားဂရက်ဖိုက် ဓာတ်ပေါင်းဖိုအစိတ်အပိုင်းကိုဘယ်လိုပြန်အသုံးပြုရမလဲဆိုတာကို စုံစမ်းခဲ့ပါတယ်၊ဂရက်ဖိုက် ဟာ Radioisotope Carbon -14 မှာ ပိုမိုပါဝင်ပြီး နိုင်ထရိုဂျင် ထဲတွင် ပျက်စီးဆွေးမြေ့ကာ အီလတ်ထရွန် တွေကို ထုတ်လုပ်ပေးပါတယ်၊

NDB က ဂရက်ဖိုင်ကိုသန့်စင်ကာ နာနိုနည်းပညာနဲ့ သေးငယ်သော C -14 Diamondကို ဖန်တီးဖို့ရည်ရွယ်ထားပါတယ်၊ Crystalအကွက်လေးတွေဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်းအဖြစ် စွမ်းဆောင်ပြီး အပူစုပ်ယူကာ စွမ်းအင်ကို စုဆောင်းပြီး ပြင်ပအားထုတ်လွှတ်ပေးပါတယ်၊ ရေဒီယိုသတ္တိကြွစိန်ဆိုတာဟာ ဓာတ်ရောင်ခြည် စိမ့်ထွက်မှုကိုကာကွယ်သည့် ဈေးသက်သာသော စိန်အတု တမျိုးဖြစ်ပါတယ်၊

သေးငယ်သော နာနို Diamond ဘတ်ထရီဆဲလ်ကိုဖန်တီးရန် နာနိုပစ္စည်းအလွှာများကို ပေါင်းစပ်ကာသေးငယ်တဲ့ လျှပ်စီးပတ်လမ်း သိုလှောင်ထားပြီး စွမ်းအင် စုဆောင်း၊ သိုလှောင်၊ဖြန့်ဝေဖို့အတွက် Capacitorအသေးစားကိုတပ်ဆင်ထားပါတယ်၊ အခုချိန်မှာတော့ ပရောဂျက်ဟာ ထင်မြင်ချက် အဆင့်မှာသာရှိပြီး ဒီဇိုင်းကုန်ကြမ်းကလည်း အလုပ်မလုပ်ရသေးပါဘူး၊ဒါပေမယ့် ကုမ္ပဏီက နောက်ဆုံးထုတ်ကုန်ဟာ ၅နှစ်အတွင်း အဆင်သင့်ဖြစ်ပြီး ဈေးကွက်ထဲ ရောက်ရှိမယ်လို့ ပြောခဲ့ပါတယ်၊ ၎င်းဟာ AA သို့မဟုတ်AAA အပါအဝင်မည့်ပုံစံ စံနှုန်းနဲ့မဆို ကိုက်ညီပါလိမ့်မယ်၊

Lawrence Livermore အမျိုးသားဓာတ်ခွဲခန်းနှင့် Cambridgeတက္ကသိုလ်မှာ ပြုလုပ်တဲ့စမ်းသပ်မှုအရဆိုရင် နာနိုဘတ်ထရီဟာ အားသွင်းမှု ၄၀%လောက်အထိ အလုပ်လုပ်နိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီက အခိုင်အမာပြောဆိုထားပါတယ်၊

Nano-diamond battery အတွက်စည်းမျဉ်းစည်းကမ်းကို Bristol တက္ကသိုလ်က ရုပဗေဒ ပညာရှင်နဲ့ ဓာတုဗေဒ ပညာရှင်တို့ဟာ၂၀၁၆ခုနှစ်ကတည်းကအသုံးပြုခဲ့ပြီး ၎င်း တို့သည် Nickel-63ကို ရောင်ခြည်အရင်းအမြစ်အဖြစ်အသုံးပြု၍ နယူကလီးယားစွမ်းအင်သုံး ဘတ်ထရီကို တီထွင်ခဲ့ပါတယ်၊ ဘတ်ထရီရဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းကို ကမ္ဘာပေါ်က အခိုင်ခံ့ဆုံးပေါင်းစပ်စိန်အလွှာနဲ့ ကာကွယ်ထားပါတယ်၊ ရေဒီယိုသတ္တိကြွတွေဟာ လူ့ခန္ဓာကိုယ်ထက် ရောင်ခြည်ထုတ်လွှတ်မှု နည်းပါတာကြောင့် ကား၊လေယာဉ်၊ဖုန်းအပြင် နှလုံးခုန်တွေမှာပါ သိတ်ချစွာ အသုံးပြုနိုင်ပါတယ်၊

အားသာချက်ကတော့ သီအိုရီအရဆိုရင် nano-diamond battery တွေဟာ ဈေးကွက်သုံး လီသီယမ်အမျိုးအစားထက်သက်တမ်းပိုရှည်ပြီး အားသွင်းဖို့လည်းမလိုအပ်ပါဘူး၊သို့ပေမယ့် ထုတ်လုပ်မည့် ကုန်ကျစရိတ်အပါအဝင် နည်းပညာ ပိုင်း အဓိကပြဿနာကတော့ စွမ်းအင်သိပ်သည်းဆ နိမ့်ခြင်းဖြစ်ပါတယ်၊ NDB က တရားဝင်မထုတ်ပြန်ထားပေမယ့် Bristol တက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ Carbon-14 1gဟာ တနေ့လျှင် ၁၅ joulesသာထုတ်ပေးနိုင်ပြီး ထိုပမာဏဟာ AA batteryထက်တောင်နည်းပါးပါတယ်။
writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။