နျူကလီးယားထိပ်ဖူး ၄၀% ကျော် ဗြိတိန် တိုးမြှင့် သိုလှောင်မည်

News

နျူကလီးယားထိပ်ဖူး ၄၀% ကျော် ဗြိတိန် တိုးမြှင့် သိုလှောင်မည်ဗြိတိန်နိုင်ငံအနေနဲ့ နျူကလီးယားထိပ်ဖူးသိုလှောင်ထားရှိမှုကို ၄၀ ရာခိုင်နှုန်းကျော် တိုးမြှင့်သွားမယ်လို့ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုတိုးမြင့်လာပြီး နည်းပညာသစ်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အခုလို တိုးမြှင့်ရာတာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က အင်္ဂါနေ့က ပြောဆိုလိုက်တာပါ။

တိုင်းပြည်အနေနဲ့နျူကလီးယားထိပ်ဖူးတွေကို ယခင်က လျှော့ချခဲ့ပြီး ၂၀၁၀ ကနေ ၂၀၂၀ ပြည့်နှစ်လည်ပိုင်း အထိ နျူကလီးယားထိပ်ဖူး ၁၈၀ ပဲ ထားရှိခဲ့တယ်လို့ဆိုပါတယ်။ အခုအခါမှာတော့ အရေအတွက် ၂၆၀ အထိ အမြင့်ဆုံး တိုးမြှင့်သွားမယ်လို့ Boris Johnson က ပြောဆိုသွားပါတယ်။

လုံခြုံရေးနဲ့ကာကွယ်ရေးသုံးသပ်ချက်တွေထဲမှာ ဗြိတိန်ဟာ နျူကလီးယားပိုင်ဆိုင်တဲ့တိုင်းပြည်တွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်နေရပြီး နျူးကလီးယားနိုင်ငံသစ်တွေ၊ ပြည်တွင်း နျူးကလီးယားအကြမ်းဖက်မှုတွေပါဝင်ပြီး မိမိနဲ့မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် နျူကလီးယားတားဆီးရေးတွေ ပါဝင်ပါတယ်။VOA

Leave a Reply