နိုင်ငံခြားသို့၂၁နှစ်ကြာအောင်အလုပ်သွားလုပ်ခဲ့ပြီး ပြန်လာချိန်မှာ့တော့ ခင်ပွန်းဖြစ်သူဟာ သူမကိုလွမ်းတဲ့စိတ်နဲ့ ရူးသွားခဲ့ကြောင်းသိလိုက်ရသည့် အမျိုးသမီးတစ်ဦး၏ ဝမ်းနည်ဖွယ်ရာဘဝအကြောင်း

News Social News

ဗီယက်နမ် Duyen ဆိုသည့်အမျိုးသမီးဟာ အသက်၁၃နှစ်အရွယ်မှာဘဲ ယောကျာ်းရခဲ့ပြီး အသက်၁၄နှစ်အရွယ်တွင် ဘဝတိုးတက်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံသို့အလုပ်သွားလုပ်ခဲ့ပါတယ်။

အမျိုးသမီးဟာ တဲစုတ်လေးတွင်ခင်ပွန်းဖြစ်သူနှင့်နေထိုင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံခြားသို့အလုပ်သွားလုပ်ရာမှာလည်း လူလိမ်တွေကြောင့် ဘာတစ်ခုမှအဆင်မပြေခဲ့ဘဲ မိခင်နိုင်ငံကိုပြန်နိုင်ဖို့ ၂၁နှစ် ထိကြာအောင် အလုပ်သုံးမျိုးလုပ်ပြီး ကြိုးပမ်းခဲ့ရပါတယ်။

ပြန်လာနိုင်ခဲ့ချိန်မှာလည်း ခင်ပွန်းဖြစ်သူက သူမကိုလွမ်းနေခဲ့ပြီးနောက် အရူးတစ်ပိုင်းဖြစ်သွားခဲ့ရသည့်အတွက် ခက်ခဲပင်ပန်းမှုတွေကို ထပ်မံရရှိခဲ့ပါတယ်။ယခုမှာလည်းအမျိုးသမီးဟာ ဆင်းရဲစွာဖြင့် ခင်ပွန်းကိုပြုစုရင်း ရှင်သန်ဖို့ကြိုးစားနေရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

 

Crd