ထိုင်ဝမ်ကိစ္စဝင်ရှုပ်ရင် ဂျပန်ကို တိုက်ခိုက်မယ်လို့ တရုတ်ခြိမ်းခြောက်

News

ထိုင်ဝမ်အရေးမှာ ကြားဝင်စွက်ဖက်မှုတွေပြုလုပ်နေဦးမယ်ဆိုရင် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်သွားမယ်လို့ တရုတ်က ဂျပန်ကိုခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဒါဟာ ဒီလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဂျပန်နဲ့ တရုတ်ကြားတင်းမာနေမှုတွေကို ပိုမိုဆိုးရွားစေမယ့် ခြိမ်းခြောက်မှုမျိုးဖြစ်လာခဲ့ပြီး တရုတ်ဘက်က ခြိမ်းခြောက်မှုဟာ ဂျပန်အတွက် အမျက်ဒေါသထွက်စရာဖြစ်လာခဲ့ရပါတယ်။

အရင်ဆုံး နူကလီးယားဗုံးတွေ သုံးပါမယ်၊ ပြီးတော့ နူကလီးယားဗုံးတွေ ဆက်ပြီးသုံးနေပါမယ်၊ ဂျပန်အနေနဲ့ ဒုတိယအကြိမ်မြော်က ခြွင်းချက်မရှိလက်နက်မချမချင်း ကျွန်တော်တို့ ဒါကိုပြုလုပ်သွားမှာပါ” လို့ တရုတ်ကွန်မြူနစ်ပါတီအတွင်း ဖြန့်ဝေနေတဲ့ ဗီဒီယိုတစ်ခုမှာ ပြောဆိုခြိမ်းခြောက်ခဲ့ပါတယ်။

ဒါဟာ ဟီရိုရှီးမားနဲ့ နာဂါဆာကီကို အမေရိကန်က နူကလီးယားဗုံးကြဲပြီး တိုက်ခိုက်ခဲ့တဲ့နောက် ဒုတိယအကြိမ်မြောက်ဖြစ်လာမယ်ဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။

ထိုင်ဝမ် အပါအဝင် ဒေသတွင်း တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှု ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်ဖွယ်ရာတွေ မြင့်တက်လာတယ်လို့ ဂျပန်က ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်အရေးဟာ ဂျပန်ရဲ့ Okinawa ကျွန်းကိုပါ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဂျပန်က ရှုမြင်ထားတာတယ်လို့လည်း Kyodo သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ဂျပန်ဒုဝန်ကြီးချုပ် Taro Aso ရဲ့ “ထိုင်ဝမ်ကို ကျွန်တော်တို့ ကာကွယ်ပေးသွားမှာပါ၊ အမေရိကန်နဲ့အတူ ရပ်တည်သွားမှာပါ” လို့ ပြောဆိုခဲ့တဲ့အပေါ်မှာ တရုတ်ဘက်က တော်တော်လေးအမျက်ထွက်ခဲ့ပြီး ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်ခဲ့ရာကနေ ခြိမ်းခြောက်မှုတွေပါ ရှိလာခဲ့ပြီး စစ်ရိပ်စစ်ငွေ့တွေ သမ်းစပြုလာပြီလို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုခဲ့ကြပါတယ်။

ထိုင်ဝမ်မှာ အဓိကကျတဲ့ ပြသနာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်၊ ဒါကအများကြီးပြောဖို့တော့ မလွယ်နိုင်ပါဘူး၊ ဒါပေမယ့် အဲဒီလိုဖြစ်ခဲ့ရင် ဂျပန်ရဲ့ရှင်သန်မှုကို ခြိမ်းခြောက်နေတဲ့ အခြေအနေနဲ့ ဆက်စပ်နေနိုင်ပါတယ်၊

ကျွန်တော်တို့အနေနဲ့ Okinawa က နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာကို စဉ်းစားဖို့လိုပါတယ်” လို့ ဂျပန်ဒုတိယဝန်ကြီးချုပ် Taro Aso က ပြောဆိုခဲ့ပါတယ်။

Taro Aso ရဲ့ ပြောဆိုမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Zhao Lijian က “ထိုင်ဝမ်အရေးကိစ္စမှာ ဘယ်သူ့ကိုမှ ကြားဝင်စွက်ဖက်တာမျိုးကို ခွင့်ပြုမှာမဟုတ်ပါဘူး” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

တရုတ်ဘက်က ဖော်ပြခဲ့တဲ့ ခြိမ်းခြောက်တဲ့ဗီဒီယိုဖိုင်ဟာ သန်းပေါင်းများစွာသော အမြင်များ၊ သောင်းနဲ့ချီတဲ့ဝေဖန်မှုတွေနဲ့ နိုင်ငံတကာရဲ့အာရုံစူးစိုက်မှုပါ ရယူခဲ့ပြီးနောက် ကွန်မြူနစ်ပါတီတာဝန်ရှိသူတွေက ဗီဒီယိုကို ပြန်ဖျက်ပစ်ခဲ့ကြပါတယ်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပဖို့ အာရုံစိုက်နေတဲ့ ဂျပန်ကတော့ ဒီခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ခြင်းမရှိသေးပါဘူး။

အိုလံပစ်အားကစားကျေးရွာမှာ ကိုဗစ်ကူးစက်မှုကြောင့် ဗျာများနေတဲ့ ဂျပန်ဟာ ၂၃ ရက်နေ့မှာ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပဖို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းနေရပါတယ်။

အချိန်ကိုက်ဆိုသလိုပင် ဗြိတိန်ဟာ စက်တင်ဘာလအတွင်း Queen Elizabeth လေယာဉ်တင်သင်္ဘော ဂျပန်သို့ ဆိုက်ရောက်ပြီးနောက် တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ယင်းရဲ့ မဟာမိတ် ဂျပန်တို့အကြား တင်းမာမှု ဗဟိုချက် ရေပြင်လမ်းကြောင်းမှာ စစ်သင်္ဘောနှစ်စီး အမြဲတမ်း တပ်ဖြန့်ချထားတော့မှာ ဖြစ်တယ်လို့ အင်္ဂါနေ့(ဇူလိုင် ၂၀) မှာ ထုတ်ဖော်ပြောဆိုပါတယ်။

လန်ဒန်ဟာ တိုကျိုနဲ့ ဆက်ဆံရေးနက်ရှိုင်းစွာထားရှိနေမှုအဖြစ် တော်ဝင်ရေတပ်ဖွဲ့ဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောရဲ့ အဆင့်မြင့် အလည်အပတ်ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ထိုင်ဝမ်ကတော့ တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ထားကာ အမေရိကန်နဲ့ အနောက်အုပ်စုတွေက ထောက်ခံပေးထားပြီး တရုတ်ကတော့ သူတို့ပိုင်နယ်မြေဖြစ်တယ်လို့ အငြင်းပွားနေခဲ့တာဖြစ်ပါတယ်။

Leave a Reply