တွန်ခရုစ်ဇာတ်ကားထဲက ရန်သူအပေါ်ကြိုတင်လက်ဦးနိုင်ဖို့ အမေရိကန်ကြည်းတပ်ဆောင်ရွက်နေ

News Tech

တွန်ခရုစ်ဇာတ်ကားထဲက ရန်သူအပေါ်ကြိုတင်လက်ဦးနိုင်ဖို့ အမေရိကန်ကြည်းတပ်ဆောင်ရွက်နေ

စစ်နည်းပညာ
အမေရိကန်တပ်မတော်ဟာ ၂၀၀၂ ခုနှစ်တုန်းက Minority Report လို့ ထွက်ရှိခဲ့တဲ့ သိပ္ပံဇာတ်ကားထဲက ကမ္ဘာကျော်မင်းသား Tom Cruise အသုံးပြုခဲ့တဲ့ နည်းပညာတစ်ခုကို အတော်စိတ်ဝင်စားနေပုံရပါတယ်။

အဲဒီနည်းပညာကတော့ ရန်သူကို ရာဇဝတ်မှုမကျူးလွန်မှီ အမိဖမ်းနိုင်တဲ့ နည်းပညာတစ်မျိုးပဲဖြစ်ပါတယ်။ အနာဂတ်ကာလမှ ရဲတွေအသုံးပြုဖို့ ဖြစ်လာနိုင်တဲ့ နည်းပညာတခုဖြစ်ပီး ပြီးခဲ့တဲ့လက US Northern Command (NORTHCOM) အနေနဲ့ Global Information Dominance Experiments-GIDE အပေါ် တတိယအကြိမ် မြောက်အဖြစ် လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်လေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ Glen D. VanHerck (Commander of NORTHCOM) က ပိုမိုလက်ခံနိုင်တဲ့ နည်းပညာ အသစ်တွေကိုအသုံးချပြီး ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်မြန် ချမှတ်နိုင်ဖို့အတွက် ဆောင်ရွက် နေတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုင်ရာ အသေးစိတ် အချက်အလက်နဲ့ အတွေ့အကြုံကိုတော့ ထုတ်ဖော်ပြောဆို မှာမဟုတ်ဘူး လို့လည်း ပြောကြားခဲ့ပါတယ်။

လေ့လာစမ်းသပ်မှုတွေအရတော့ AI နည်းပညာကိုအခြေခံတဲ့ ဆော့ဖ်ဝဲလ်စနစ်တွေကို အသုံးပြုထားတာဖြစ်ပြီး အမေရိကန်တပ်မတော် အတွက်သာမက မဟာမိတ်နိုင်ငံတွေအတွက်ပါ ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်မြန်ချမှတ်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဆော့ဖ်ဝဲလ်ကို Palanti ကုမ္ပဏီက ပူးတွဲတီထွင်ရေးဆွဲနေတာဖြစ်ပြီး GIDE စနစ်ဟာ Application Programming Interfaces (APIs) နဲ့ ၎င်းတို့တီထွင်ရေးဆွဲထားတဲ့ ဒေတာစနစ်တွေအပေါ်မှာ အခြေခံမှီရေးဆွဲ ထားတယ်လို့ဆိုပါတယ်။

နျူကလီးယားပြိုင်ဆိုင်တဲ့ အင်အားကြီး နှစ်နိုင်ငံဟာ နေ့စဉ် အမေရိကန်အပေါ်တိုက်ခိုက်ဖို့အတွက် ကြံစည်နေတာကြောင့် အဆိုပါနိုင်ငံတွေအပေါ် လက်ဦးမှုရရှိနိုင်ဖို့လိုတယ်လို့ တရုတ်နဲ့ရုရှားကို ရည်ညွှန်းပြီး ဗိုလ်ချုပ် Glen D. VanHerck ကဆိုခဲ့ကြောင်း သိရှိရပါတယ်။
credit:ကမ္ဘာ့သတင်းစုံ
worldnews
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။