တရုတ်ကိုဗစ်ကာကွယ်ဆေးကို တီထွင်သော ပညာရှင် ကိုဗစ်ဖြင့်ပင် ကွယ်လွန်

News

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးလှူနေသည့် ကိုဗစ်ကာကွယ်ဆေး Sinovac ကို စတင်ဖော်စပ်ပေးခဲ့သူ အင်ဒိုနီးရှား ဆေးပညာရှင်သည် ကိုဗစ်ရောဂါဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း ကမ္ဘာမီဒီယာ များက ဖော်ပြကြသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးလှူနေသည့် ကိုဗစ်ကာကွယ်ဆေး Sinovac ကို စတင်ဖော်စပ်ပေးခဲ့သူ အင်ဒိုနီးရှား ဆေးပညာရှင်သည် ကိုဗစ်ရောဂါဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း ကမ္ဘာမီဒီယာ များက ဖော်ပြကြသည်။

Sinovac ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေး WHO နှင့် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု ထောက်ခံထားခြင်းမရှိသော ကိုဗစ် ကာကွယ်ဆေးဖြစ်သည်။

မြန်မာနိုင်ငံရှိ ၁၉၈၈ လူထုအရေးတော်ပုံကို ကမ္ဘအနှံ သိရှိစေရန် BBC သတင်းဌာန သတင်းထောက် ဦးနေမင်းဆိုလျှင် ကိုဗစ်ကာကွယ်ဆေး ထိုးထားသော်လည်း ကိုဗစ်ဖြင့်ပင် သေဆုံးခဲ့သည်။

ထူးခြားတာကတော့ ဦးနေမင်းဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသာဖြစ်လို့ သူ့မိတ်ဆွေတွေကို စိတ်မပူဖို့တောင် ပြောခဲ့ပါသေးတယ်။

ဒါပေမယ့် သူထိုးခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေးက တရုတ်က ပို့လာတဲ့ ကာကွယ်ဆေးဆိုတာ ပရိသတ်တွေသိရင် အခု ရောက်လာတဲ့ ကိုဗစ် ကာကွယ်ဆေးတွေကို ဘယ်သူတွေလက်ခံထိုးရဲကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

ထို့အတူ မြန်မာပြည်သူ အများအပြား နေစဥ်သေဆုံးသူများထဲတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီသူများ အများအပြား ပါဝင်သည်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများလည်း ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ကူးစက်နိုင်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီး ကိုယ်တိုင် MPA သတင်းဌာနသို့ ထုတ်ပြောထားပြီး ဖြစ်သည်။

သာမန်လူတွေ လက်ခံထိုးမိမယ်ဆိုရင်တော့ … ရင်လေးမိတယ် တရုတ်ကိုဗစ် ကာကွယ်ဆေးရယ်။

ဥရောပမှာတော့ တရုတ်ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတကာ ဆေးသိပ္ပံအသင်းက အသိအမှန်မပြုထားဘူးဆိုတာပါပဲ။

ထို့အတွက် အများပြည်သူများကြားတွင် ယခု တရုတ်က လှူဒါန်းသော ကိုဗစ်ဆေးနှင့် ပက်သက်၍ လှူဒါန်းမှု မဟုတ်ပဲ ဟန်ပြသက်သက် ဝါဒဖြန့် လှူဒါန်းမှုသာ ဖြစ်ကြောင်း ပြောဆိုဝေဖန်နေသည်။

Source: MPA

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply