ဂျပန်ကိုစတင်စိန်ခေါ်လိုက်တဲ့ရုရှား ဂျပန်နှင့်ပိုင်နက်အငြင်းပွားကျွန်းပေါ်၌ ရုရှားက စစ်ဘက်အခြေခံဆောက်အအုံများဆောက်

Militarily News

ရုရှားအစိုးရဟာ ဂျပန်နဲ့ ပိုက်နက်အငြင်းပွားနေတဲ့ ကူရေးလ်ကျွန်းတွေပေါ်မှာ စစ်ဘက် အခြေခံအဆောက်အအုံ နောက်ထပ် ၅၁ ခုကို ဆောက်ဖို့ စီစဉ်နေတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအခြေစိုက် TASS သတင်းဌာနက သြဂုတ် ၉ ရက်မှာ ပြောပါတယ်။

“ဒုတိယကမ္ဘာစစ်အဆုံးပိုင်းမှာ ဆိုဗီယက်ပြည်ထောင်စုက ဂျပန်ရဲ့ ကူရေးလ်ကျွန်းတွေကို သိမ်းယူခဲ့လို့ ရုရှားနဲ့ ဂျပန်ကြား တရားဝင် ငြိမ်းချမ်းရေးစာချုပ် မချုပ်နိုင်ခဲ့ပါဘူး။

ခုတော့ ဂျပန်က ပိုင်တယ်လို့ ကြေညာထားတဲ့ အစ်တ်စုရု(ပ်)နဲ့ ခုနရှိယကျွန်းတွေ အပါအဝင် ကျွန်းတွေပေါ်မှာ စစ်သည်တွေအတွက် စစ်တန်းလျား ၇ ခု အပါအဝင် အဆောက်အအုံ ၃၀ ကျော်ကို ဆောက်ပြီးပြီ” လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

လာမယ့်နှစ်တွေမှာ ဆက်ပြီးဆောက်ဖို့ စီစဉ်ထားတဲ့ အဆောက်အအုံတွေက ဘယ်လို အမျိုးအစားတွေလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

DVB

ZAWGYI

႐ုရွားအစိုးရဟာ ဂ်ပန္နဲ႔ ပိုက္နက္အျငင္းပြားေနတဲ့ ကူေရးလ္ကၽြန္းေတြေပၚမွာ စစ္ဘက္ အေျခခံအေဆာက္အအုံ ေနာက္ထပ္ ၅၁ ခုကို ေဆာက္ဖို႔ စီစဥ္ေနတယ္လို႔ ႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာနကို ကိုးကားၿပီး ႐ုရွားအေျခစိုက္ TASS သတင္းဌာနက ၾသဂုတ္ ၉ ရက္မွာ ေျပာပါတယ္။

“ဒုတိယကမၻာစစ္အဆုံးပိုင္းမွာ ဆိုဗီယက္ျပည္ေထာင္စုက ဂ်ပန္ရဲ့ ကူေရးလ္ကၽြန္းေတြကို သိမ္းယူခဲ့လို႔ ႐ုရွားနဲ႔ ဂ်ပန္ၾကား တရားဝင္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ မခ်ဳပ္နိုင္ခဲ့ပါဘူး။

ခုေတာ့ ဂ်ပန္က ပိုင္တယ္လို႔ ေၾကညာထားတဲ့ အစ္တ္စု႐ု(ပ္)နဲ႔ ခုနရွိယကၽြန္းေတြ အပါအဝင္ ကၽြန္းေတြေပၚမွာ စစ္သည္ေတြအတြက္ စစ္တန္းလ်ား ၇ ခု အပါအဝင္ အေဆာက္အအုံ ၃၀ ေက်ာ္ကို ေဆာက္ၿပီးၿပီ” လို႔ ဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

လာမယ့္ႏွစ္ေတြမွာ ဆက္ၿပီးေဆာက္ဖို႔ စီစဥ္ထားတဲ့ အေဆာက္အအုံေတြက ဘယ္လို အမ်ိဳးအစားေတြလဲ ဆိုတဲ့ အေသးစိတ္အခ်က္အလက္ကိုေတာ့ မထုတ္ျပန္ခဲ့ပါဘူး။

DVB