ချစ်စရာကောင်းတဲ့ ကလေးငယ်ရဲ့ ဦးခေါင်းပေါ်ကို တစ်လက်မမျှမရွေ့ဘဲ ပူးကပ်နေခဲ့တဲ့ အပြာရောင်လိပ်ပြာတစ်ကောင်

News

လိပ်ပြာနဲ့ပျားတို့လို အင်းဆက်ပိုးမွှားအများစုဟာ ရောင်စုံပန်းများရဲ့ချိုမြိန်တဲ့ ဝတ်ရည်များသာ သူတို့ကိုဆွဲဆောင်နိုင်သော်လည်း ဒီအပြာရောင်လိပ်ပြာအတွက်တော့ မိန်းကလေးတစ်ဦးဟာ များစွာ‌သောပန်းတွေထက် သာလွန်လှပတယ်လို့ ထင်မိပုံရပါတယ် ။

ထိုလှပတဲ့ကလေးမလေးဟာ ပျော်စရာအချိန်တစ်ခုဖြစ်ပြီး အပြာလိပ်ပြာတစ်ကောင်က သူ့ကိုစိတ်ဝင်စားမှုအချို့ပြသခဲ့ပါတယ် ။ ဒီအပြာရောင်လိပ်ပြာဟာ ကလေးငယ်ရဲ့ ဦးခေါင်းပေါ်ကျရောက်တဲ့အခါမှာ ကလေးငယ်ရဲ့ မိဘများက အလွန်အံ့အားသင့်သွားကြပါတယ် ။

လိပ်ပြာဟာ ကလေးရဲ့ဦးခေါင်းပေါ်ကနေ တစ်လက်မမျှမရွေ့တဲ့အဖြစ်က ကလေးမလေးကို သဘောကျပုံရပါတယ် ။ ထိုအတောအတွင်းကလေးငယ်ဟာ သူမရဲ့ခေါင်းပေါ်မှာ လိပ်ပြာကြီးရှိနေတာကို လုံးဝသတိမထားမိခဲ့တာပါ ။

သူမရဲ့အဖေက သူမနာမည်ကိုခေါ်တဲ့အခါမှာ လှည့်ကြည့်ပြီး သူမရဲ့အမေအဖေ ဘာတွေရယ်နေတာကို ကလေးမက တွေးမိကောင်းတွေးနိုင်ပါတယ် ။ အချို့လူတွေက လိပ်ပြာဟာ မျှော်လင့်ခြင်းနဲ့ ကံကောင်းခြင်းကို သင်္ကေတပြုတယ်လို့ ယုံကြည်ကြပြီး အချို့ကမူ ထိုအင်းဆက်ပိုးက သာလွန်မြင့်မြတ်တဲ့စွမ်းအားကိုကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ် ။

JRose (KB Chimmy One)

Reference : gtgoodtimes

Leave a Reply