■တရားဝင်အနားပေးပြီး ၁၃ နှစ်အကြာတွင် F-117 စတဲ့သ်ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ပြန်လည်ထွက်ပေါ်လာ

News

ကမ္ဘာ့ပထမဦးဆုံး ကိုယ်ပျောက်လေယာဉ်ဖြစ်သော F-117 စတဲ့သ်ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို ၂၀၀၈ ခုနှစ် ကတည်းက တရားဝင်အနားပေးခဲ့ပြီးဖြစ်သော် လည်း ယခုသီတင်းပတ်အတွင်း အမေရိကန်ပြည်ထော င်စု၊ ကယ် လီဖိုးနီးယားပြည်နယ်၊ ဖရက်ဇ်နိုမြို့တွင် ရုတ်တရက်ပြန်လည်ပေါ်ထွက်လာခဲ့ကြောင်းသိရသည်။

F-117 စတဲ့သ်ကိုယ်ပျောက်လေယာဉ်သည် အမျိုးသားလေကြောင်းတပ်ဖွဲ့ (Air National Guard) ၏ အမှတ် ၁၁၄ လေယာဉ်အုပ်မှ F-15 Eagles တိုက်လေယာဉ်များနှင့်အတူ ယှဉ်တွဲပျံသန်းလာသည်ကိုတွေ့လိုက်ရ သည်။ ယင်းပျံသန်းမှုမှာ တရုတ်နိုင်ငံမှ J-20 ကိုယ်ပျောက်ဗုံး ကြဲလေယာဉ်နှင့် ရုရှားနိုင်ငံ၏ Su-57 ဘက် စုံသုံး ကိုယ်ပျောက်တိုက်လေယာဉ်တို့၏ ခြိမ်း ခြောက်မှုများကို တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက် ကြိုတင်ပြင် ဆင်သည့် အနေဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်ဟုဆိုသည်။

အခြားလေယာဉ်များနှင့် လေယာဉ်ချင်းစီးချင်းထိုးမည့်အနေအထားမျိုးဖြင့် ပျံသန်းလာသော F-117 စတဲ့သ် ကိုယ်ပျောက်လေယာဉ်သတင်းများ အမျိုးမျိုးထွက်နေသော်လည်း အမေရိကန်လေတပ်ကမူ ယင်းလေယာဉ် ၏ အခန်းကဏ္ဍကိုတရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိရုံသာမက အဆိုပါပျံသန်းလေ့ကျင့်မှုတွင် ယင်းလေ ယာဉ်ပါ ဝင်သည်ကိုပင် တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ကယ်လီဖိုးနီးယားပြည်နယ် ဖရက်ဇ်နိုမြို့တွင် F-117 စတဲ့သ်ကိုယ်ပျောက်လေယာဉ် ရုတ်တရက်ပေါ်ထွက်လာ ခြင်းကို လေတပ်အာဏာပိုင်များက မှတ်တမ်းတင်ထား သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်နိုင်ကြောင်း၊ လေယာ ဉ် ကို ထိန်းသိမ်းမောင်းနှင်နေသူများမှာ လက်ရှိတာဝန်ထမ်းဆောင်နေသည့် လေတပ်မှ လေသူရဲများထက် လေ ယာဉ်ကန်ထရိုက်တာများဖြစ်နိုင်ကြောင်းသိရသည်။

ကယ်လီဖိုးနီးယား အမျိုးသားလေကြောင်းတပ်ဖွဲ့၏ အမှတ် ၁၁၄ လေယာဉ်အုပ်သည် တစ်ချိန်က F-16 ဂျက် တိုက်လေယာဉ်များကိုအသုံးပြုခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် F-15C နှင့် F-15D ဂျက်တိုက်လေ ယာဉ်များကို ပြောင်းလဲသုံးစွဲခဲ့သည်။ အမေရိကန်၏ F-15 ဂျက်တိုက်လေယာဉ်များမှာ လေကြောင်းတိုက်ပွဲတွင် သာလွန် သည့်စွမ်းရည်ရှိသော တိုက်လေယာဉ်များဖြစ်သည်။

F-15 ဂျက်တိုက်လေယာဉ်များမှာ ဝေဟင်-မြေပြင် တိုက်ပွဲ ဝင်နိုင်စွမ်းရှိသလို ဝေဟင်-ဝေဟင် လေယာဉ်ချင်းစီးချင်းထိုးတိုက်ခိုက်ရာတွင်လည်း အထူးသာလွန်ကောင်းမွန် သည့် ဂျက်တိုက်လေယာဉ်များဖြစ်သည်။F-117 စတဲ့သ်ကိုယ်ပျောက်လေယာဉ်သည် ဝေဟင်မှ ဝေဟင်ပစ်လက်နက်များသယ်ဆောင်ထားသည်ဟု လတ်တလောသတင်းများထွက်ပေါ်နေသော်လည်း

နာမည်ကျော်ကိုယ်ပျောက်လေယာဉ်မှာ မည်သည့်အချိန် ကမှ လေယာဉ်ချင်းစီးချင်းထိုးခဲ့သည့်လေယာဉ်မဟုတ်ပေ။ ယင်းလေယာဉ်၏ အဓိကတာဝန်မှာဝေဟင် မှ မြေ ပြင်သို့တိုက်ခိုက်ရန်ဖြစ်ပြီး လေယာဉ်တွင် onboard radar များ၊ စက်သေနတ်များနှင့် ဝေဟင် -ဝေဟင်ပစ် ဒုံး ကျည်များတပ်ဆင်ထားခြင်းမရှိပေ။

အမှန်က F-117 စတဲ့သ်ကိုယ်ပျောက်လေယာဉ်မှာ အမြင့်ဆုံး ပေါင် ၂,၀၀၀ ဗုံးနှစ်လုံးသာ သယ်ဆောင်နိုင်ပြီး ယင်းပမာဏထက်ပိုသောအလေးချိန်များကို သယ် ဆောင်နိုင်ခြင်းမရှိပေ။ လော့ခ်ဟိမာတင်ကုမ္ပဏီက အမေရိ ကန်လေယာဉ်တင်သင်္ဘောများမှ F-117 လေယာ ဉ် တွင် ဝေဟင်မှ ဝေဟင်ပစ်လက်နက်များတပ်ဆင်ပေးရန် အ ဆိုပြုခဲ့သော်လည်း လက်တွေ့အကောင် အထ ည်ဖော်ခဲ့ခြင်းမရှိပေ။

F-117 စတဲ့သ်ကိုယ်ပျောက်လေယာဉ်ကို ရေဒါဖမ်း၍ မရ၊ လေယာဉ်ကို ရေဒါဖမ်းပြီး ပစ်မှတ်ထားချိန်ရွယ်၍ မရ ဆိုသည်မှာ မဟုတ်ပါ။တကယ့်အဖြစ်မှန်မှာ လေယာ ဉ်ကိုရေဒါဖမ်းယူရာတွင် နှောင့်နှေးကြန့်ကြာစေရန် F-117 လေယာဉ်တွင် နည်းပညာများ၊ ထုတ်လုပ်မှု နည်းစနစ်များနှင့် တိုက်ပွဲဝင် နည်းဗျူဟာစနစ်များ ထည့်သွင်းတပ် ဆင်ထားခြင်းဖြစ်ပြီး

လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကာကွယ်ရန် “weapons-grade lock” ခေါ် လက် နက်စနစ်ပိတ်ထားခြင်းဖြစ်သည်။ လှိုင်းတိုရေဒါဖြင့် F-117 လေယာဉ်ကို ဖမ်းယူနိုင်သော်လည်း ပစ် မှတ်အဖြစ် ချိန်ရွယ်သတ်မှတ်ရန် လုံလောက်မှုမရှိကြောင်းသိရသည်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ကမၻာ့ပထမဦးဆုံး ကိုယ္ေပ်ာက္ေလယာဥ္ျဖစ္ေသာ F-117 စတဲ့သ္ကိုယ္ေပ်ာက္ဗုံးၾကဲေလယာဥ္ကို ၂၀၀၈ ခုႏွစ္ ကတည္းက တရားဝင္အနားေပးခဲ့ၿပီးျဖစ္ေသာ္ လည္း ယခုသီတင္းပတ္အတြင္း အေမရိကန္ျပည္ေထာ င္စု၊ ကယ္ လီဖိုးနီးယားျပည္နယ္၊ ဖရက္ဇ္နိုၿမိဳ႕တြင္ ႐ုတ္တရက္ျပန္လည္ေပၚထြက္လာခဲ့ေၾကာင္းသိရသည္။

F-117 စတဲ့သ္ကိုယ္ေပ်ာက္ေလယာဥ္သည္ အမ်ိဳးသားေလေၾကာင္းတပ္ဖြဲ႕ (Air National Guard) ၏ အမွတ္ ၁၁၄ ေလယာဥ္အုပ္မွ F-15 Eagles တိုက္ေလယာဥ္မ်ားႏွင့္အတူ ယွဥ္တြဲပ်ံသန္းလာသည္ကိုေတြ႕လိုက္ရ သည္။ ယင္းပ်ံသန္းမႈမွာ တ႐ုတ္နိုင္ငံမွ J-20 ကိုယ္ေပ်ာက္ဗုံး ၾကဲေလယာဥ္ႏွင့္ ႐ုရွားနိုင္ငံ၏ Su-57 ဘက္ စုံသုံး ကိုယ္ေပ်ာက္တိုက္ေလယာဥ္တို႔၏ ၿခိမ္း ေျခာက္မႈမ်ားကို တန္ျပန္တိုက္ခိုက္နိုင္ရန္အတြက္ ႀကိဳတင္ျပင္ ဆင္သည့္ အေနျဖင့္ ေလ့က်င့္ေနျခင္းျဖစ္သည္ဟုဆိုသည္။

အျခားေလယာဥ္မ်ားႏွင့္ ေလယာဥ္ခ်င္းစီးခ်င္းထိုးမည့္အေနအထားမ်ိဳးျဖင့္ ပ်ံသန္းလာေသာ F-117 စတဲ့သ္ ကိုယ္ေပ်ာက္ေလယာဥ္သတင္းမ်ား အမ်ိဳးမ်ိဳးထြက္ေနေသာ္လည္း အေမရိကန္ေလတပ္ကမူ ယင္းေလယာဥ္ ၏ အခန္းက႑ကိုတရားဝင္ထုတ္ေဖာ္ေျပာဆိုျခင္းမရွိ႐ုံသာမက အဆိုပါပ်ံသန္းေလ့က်င့္မႈတြင္ ယင္းေလ ယာဥ္ပါ ဝင္သည္ကိုပင္ တရားဝင္ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေပ။

ကယ္လီဖိုးနီးယားျပည္နယ္ ဖရက္ဇ္နိုၿမိဳ႕တြင္ F-117 စတဲ့သ္ကိုယ္ေပ်ာက္ေလယာဥ္ ႐ုတ္တရက္ေပၚထြက္လာ ျခင္းကို ေလတပ္အာဏာပိုင္မ်ားက မွတ္တမ္းတင္ထား သည္မွာ ပထမဦးဆုံးအႀကိမ္ျဖစ္နိုင္ေၾကာင္း၊ ေလယာ ဥ္ ကို ထိန္းသိမ္းေမာင္းႏွင္ေနသူမ်ားမွာ လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္ ေလတပ္မွ ေလသူရဲမ်ားထက္ ေလ ယာဥ္ကန္ထရိုက္တာမ်ားျဖစ္နိုင္ေၾကာင္းသိရသည္။

ကယ္လီဖိုးနီးယား အမ်ိဳးသားေလေၾကာင္းတပ္ဖြဲ႕၏ အမွတ္ ၁၁၄ ေလယာဥ္အုပ္သည္ တစ္ခ်ိန္က F-16 ဂ်က္ တိုက္ေလယာဥ္မ်ားကိုအသုံးျပဳခဲ့ေသာ္လည္း ၂၀၁၃ ခုႏွစ္တြင္ F-15C ႏွင့္ F-15D ဂ်က္တိုက္ေလ ယာဥ္မ်ားကို ေျပာင္းလဲသုံးစြဲခဲ့သည္။ အေမရိကန္၏ F-15 ဂ်က္တိုက္ေလယာဥ္မ်ားမွာ ေလေၾကာင္းတိုက္ပြဲတြင္ သာလြန္ သည့္စြမ္းရည္ရွိေသာ တိုက္ေလယာဥ္မ်ားျဖစ္သည္။

F-15 ဂ်က္တိုက္ေလယာဥ္မ်ားမွာ ေဝဟင္-ေျမျပင္ တိုက္ပြဲ ဝင္နိုင္စြမ္းရွိသလို ေဝဟင္-ေဝဟင္ ေလယာဥ္ခ်င္းစီးခ်င္းထိုးတိုက္ခိုက္ရာတြင္လည္း အထူးသာလြန္ေကာင္းမြန္ သည့္ ဂ်က္တိုက္ေလယာဥ္မ်ားျဖစ္သည္။F-117 စတဲ့သ္ကိုယ္ေပ်ာက္ေလယာဥ္သည္ ေဝဟင္မွ ေဝဟင္ပစ္လက္နက္မ်ားသယ္ေဆာင္ထားသည္ဟု လတ္တေလာသတင္းမ်ားထြက္ေပၚေနေသာ္လည္း

နာမည္ေက်ာ္ကိုယ္ေပ်ာက္ေလယာဥ္မွာ မည္သည့္အခ်ိန္ ကမွ ေလယာဥ္ခ်င္းစီးခ်င္းထိုးခဲ့သည့္ေလယာဥ္မဟုတ္ေပ။ ယင္းေလယာဥ္၏ အဓိကတာဝန္မွာေဝဟင္ မွ ေၿမ ျပင္သို႔တိုက္ခိုက္ရန္ျဖစ္ၿပီး ေလယာဥ္တြင္ onboard radar မ်ား၊ စက္ေသနတ္မ်ားႏွင့္ ေဝဟင္ -ေဝဟင္ပစ္ ဒုံး က်ည္မ်ားတပ္ဆင္ထားျခင္းမရွိေပ။

အမွန္က F-117 စတဲ့သ္ကိုယ္ေပ်ာက္ေလယာဥ္မွာ အျမင့္ဆုံး ေပါင္ ၂,၀၀၀ ဗုံးႏွစ္လုံးသာ သယ္ေဆာင္နိုင္ၿပီး ယင္းပမာဏထက္ပိုေသာအေလးခ်ိန္မ်ားကို သယ္ ေဆာင္နိုင္ျခင္းမရွိေပ။ ေလာ့ခ္ဟိမာတင္ကုမၸဏီက အေမရိ ကန္ေလယာဥ္တင္သေဘၤာမ်ားမွ F-117 ေလယာ ဥ္ တြင္ ေဝဟင္မွ ေဝဟင္ပစ္လက္နက္မ်ားတပ္ဆင္ေပးရန္ အ ဆိုျပဳခဲ့ေသာ္လည္း လက္ေတြ႕အေကာင္ အထ ည္ေဖာ္ခဲ့ျခင္းမရွိေပ။

F-117 စတဲ့သ္ကိုယ္ေပ်ာက္ေလယာဥ္ကို ေရဒါဖမ္း၍ မရ၊ ေလယာဥ္ကို ေရဒါဖမ္းၿပီး ပစ္မွတ္ထားခ်ိန္ရြယ္၍ မရ ဆိုသည္မွာ မဟုတ္ပါ။တကယ့္အျဖစ္မွန္မွာ ေလယာ ဥ္ကိုေရဒါဖမ္းယူရာတြင္ ေႏွာင့္ေႏွးၾကန႔္ၾကာေစရန္ F-117 ေလယာဥ္တြင္ နည္းပညာမ်ား၊ ထုတ္လုပ္မႈ နည္းစနစ္မ်ားႏွင့္ တိုက္ပြဲဝင္ နည္းဗ်ဴဟာစနစ္မ်ား ထည့္သြင္းတပ္ ဆင္ထားျခင္းျဖစ္ၿပီး

ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို ကာကြယ္ရန္ “weapons-grade lock” ေခၚ လက္ နက္စနစ္ပိတ္ထားျခင္းျဖစ္သည္။ လွိုင္းတိုေရဒါျဖင့္ F-117 ေလယာဥ္ကို ဖမ္းယူနိုင္ေသာ္လည္း ပစ္ မွတ္အျဖစ္ ခ်ိန္ရြယ္သတ္မွတ္ရန္ လုံေလာက္မႈမရွိေၾကာင္းသိရသည္။

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။