Zhao Wei, Fan Bingbing, Jack Ma: တရုတ်ဟာ ဘာကြောင့် နာမည်ကြီးတွေနဲ့ သူဌေးတွေရဲ့ စာရင်းကို ဖျက်ပစ်ရသလဲ?

News

Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါခင်ဗျာ။

Zhao Wei, Fan Bingbing, Jack Ma: တရုတ်ဟာ ဘာကြောင့် နာမည်ကြီးတွေနဲ့ သူဌေးတွေရဲ့ စာရင်းကို ဖျက်ပစ်ရသလဲ?

ဘီလီယံနာ မင်းသမီး Zhao Wei ကို တရုတ်က ပယ်ဖျက်ခဲ့ပြီး သူမဟာ နှင်ထုတ်ခံရတဲ့ ကြယ်ပွင့်တစ်ဦးလည်းဖြစ်ပါတယ်၊

ရှီကျင့်ဖျင်ဟာ သူ့ရဲ့ ပစ်မှတ်ကို ပြောင်းလဲလိုက်ပါပြီ၊
အခုဆိုရင် ကျိကျိတတ်ချမ်းသာပြီး ကျော်ကြားတဲ့ နာမည်ကြီးတွေကိုမျက်စိကျနေပုံရပါတယ်၊သူဟာ ထိုကဲ့သို့ နာမည်ကြီးများကို အနောက်တိုင်းဝါဒ ဖြန့်သူအဖြစ် ထင်မြင်နေပြီး ကြွယ်ဝချမ်းသာမှုနဲ့ ပတ်သက်၍ ဥပဒေသစ်ကို ပြဌာန်း ချင်နေပါတယ်၊

တရုတ်လူမှုမီဒီယာနှင့်ဖျော်ဖြေရေးပလက်ဖောင်းများမှ ဘီလျံနာအဆိုတော်နှင့်သရုပ်ဆောင် Zhao Wei အား ရုတ်တရက်ဖယ်ရှားမှုဟာ နိုင်ငံရဲ့လမ်းစဉ်ကိုသိသိသာသာပြောင်းလဲစေပါတယ်၊

ဒါဟာ အံ့ဩစရာတော့မဟုတ်ပါဘူး၊

Successful star Zhao Wei no longer exists on the Chinese internet. Picture: Ian Gavan/Getty Images for Jaeger-LeCoultre

ပြီးခဲ့တဲ့နှစ်ကဥက္ကဌ ရှီ က သူ့ကိုသူ “ အမာခံ ပဲ့ထိန်း ညွှန်ကြားရေးမှူး “ အဖြစ် ရာထူးပေးအပ်ခဲ့ပါတယ်၊ ထိုရာထူးဟာ ယခင်က တရုတ်ကွန်မြူနစ်ပါတီ ရဲ့ သူရဲကောင်း မော်စီတုံး အတွက်သာ ဖြစ်ပါတယ်၊

ထိုသို့ ဂုဏ်ပြုခြင်းဟာ အာဏာ အလုံးစုံကို ရရှိသွားတာနဲ့ အတူပါပဲ၊တရုတ် လူ့အဖွဲ့အစည်းကို ထိန်းချုပ်နိုင်ဖို့အတွက်လည်း လွယ်ကူသွားစေနိုင်ပါတယ်၊

နောက်ပြီး ဥက္ကဌ ရှီ ဟာ လူသိများတဲ့ ကြယ်ပွင့်တွေ၊ချမ်းသာတဲ့ လုပ်ငန်းရှင်တွေကို သဘောမကျပါဘူး၊

ရှီကျင့်ဖျင်က သူတို့ဟာ ၎င်းတို့ရဲ့ ပါတီကိုပျက်ဆီးစေနိုင်တဲ့ အန္တရာယ် အရင်းရှင်တွေအဖြစ် ထင်မြင်လျက်ရှိပါတယ်၊ ဒါကြောင့်သူက လမ်းစဉ်ကိုပြောင်းလဲဖို့စဉ်းစားနေတာဖြစ်ပါတယ်၊

“တရုတ်အရင်းရှင်စနစ် “ဟာ ယနေ့အထိရှိပါသေးတယ်၊ဥက္ကဌ ရှီဟာ သူ့ရဲ့ လူတွေကို ချမ်းသာကြွယ်ဝမှု လမ်းစဉ်သစ်အား လမ်းညွှန်ပေးချင်နေပါတယ်၊

A screen shows a video of celebrity idols at a fan merchandise store at a shopping mall in Beijing. Picture: Jade Gao/AFP

ဒါပေမယ့်ဒါဟာ မလုံလောက်သေးပါဘူး ၊ သူဟာ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကိုရှင်းလင်းဖို့အတွက် ကျယ်ပြန့်တဲ့ ဆိုရှယ် အင်ဂျင်နီယာစီမံကိန်းကို စတင်နေပါပြီ၊

၁၉၈၀ ခုနှစ်များက တရုတ်ကွန်မြူနစ် ဟာ ပြုပြင်ပြောင်းလဲရေးခေတ်ကို စတင်ခဲ့ပါတယ်၊

ဖော်ပြထားတဲ့ မူဝါဒဟာ လူတချို့ကို အရင်ချမ်းသာကြွယ်ဝခွင့်ပေးဖို့ပဲဖြစ်ပါတယ်၊ဒီအကြံဉာဏ်ဟာ နိုင်ငံရဲ့ စီးပွားရေးကို တိုးတတ်လာစေခဲ့ပါတယ်၊

ဒါဟာ အလုပ်ဖြစ်ခဲ့ပါတယ်၊ချမ်းသာသူတွေက ပိုချမ်းသာလာပြီး တချို့ဟာ တော်တော်လေး နာမည်ကြီးလာကြပါတယ်၊

ဒါက လူတွေဟာ ပြည်တွင်းပြည်ပမှာပါအင်အားကြီးမားလာပြီး လွှမ်းမိုးနိုင်လာတာကို ဆိုလိုတာပဲဖြစ်ပါတယ်၊

ဒါပေမယ့် ဒီလို လွှမ်းမိုးချုပ်ကိုင်မှုဟာ ပါတီတခုတည်းက သာ ရသင့်ပါတယ်၊ကွန်မြူနစ်ဝါဒ ဟာ အရင်းရှင်စနစ်နဲ့ အတိုက်အခံတခုလိုဖြစ်နေပါတော့တယ်၊

ဥက္ကဌ ရှီဟာ လုပ်ငန်းရှင်တွေရဲ့ ချမ်းသာကြွယ်ဝမှုကို ယှဉ်ပြိုင်မှုအင်အားအရင်းအမြစ်လို့ ထင်‌မြင်လျှက်ရှိပါတယ်၊ ဒါဟာ စီးပွားအန္တရာယ်တွေကို ကိုယ်စားပြုတာဖြစ်ပါတယ်၊အကြွေးအများအပြား တင်နေတဲ့ ကုမ္ပဏီတွေရဲ့ ကံကြမ္မာဟာ တရုတ်ကိုပဲ ခြယ်လှယ်နိုင်မလား၊ တရုတ်ရဲ့ ခြယ်လှယ်မှုကိုပဲ ခံရမလား

ဒါကြောင့် ဘီလျံနာ နည်းပညာရှင် Jack Ma ကို ကွန်မြူနစ်ပါတီက ဖယ်ရှားပြီး လူထုအား လှူဒါန်းမှုတွေကိုရပ်စဲလိုက်တာဖြစ်နိုင်ပါတယ်၊

Tech millionaire Jack Ma hasn’t been seen in public for 10 months. Picture: Lintao Zhang/Getty Images

သူနဲ့ သူ့လိုအောင်မြင်နေတဲ့ ဘီလျံနာတွေဟာ တရုတ်ကွန်မြူနစ် ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပျက်စီးစေဖို့အန္တရာယ်ရှိပါတယ်၊

“ချမ်းသာမှုနဲ့အတူ အလုပ်ကိုအာရုံစိုက်ပြီးလုပ်ကိုင်သင့်တဲ့ တရားဝင်လုပ်ငန်းတွေ ပါလာတတ်တယ်” လို့ ဘေဂျင်း ကြွယ်ဝရေး မူဝါဒက ကြွေးကြော်ထားပါတယ်၊

လောဘကြီးတာ ကောင်းသလား?

စိမ်းလန်းစိုပြည်နေတဲ့ ရွှေဝါရောင်လယ်ကွင်းတွေ၊ အရောင်စုံနေတဲ့ ရိုးရာဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ လယ်သမားတွေဟာ ကိုယ်ကျိုးကိုမကြည့်ပဲ အများအတွက် အားသွန်ခွန်စိုက်အလုပ်လုပ်ကြပါတယ်၊

ဒါဟာ တရုတ်က ချုပ်ကိုင်ထားတာဖြစ်ပ့်ေ ဘယ်အရာကမှ ရိုးရှင်းမနေပါဘူး၊

လွန်ခဲ့တဲ့ နှစ်တွေက နာမည်ကြီး အချို့ဟာ တရုတ်ကွန်မြူနစ် ပါတီကို စော်ကားခဲ့ကြပါတယ်၊

အခု နာမည်ကြီးတွေကတော့ ဥပမာအဖြစ်ရွေးချယ်ပြတာဖြစ်ပါတယ်၊ လွယ်ကူတဲ့ ပစ်မှတ်တွေပေါ့၊

2018 ခုနှစ်တွင် မင်းသမီး Fan BingBing ဟာ အော်မြင်ကျော်ကြားနေတဲ့ အခြေအနေမှ သတိပေးခံရခြင်းမရှိပဲ ဖယ်ရှားခံခဲ့ရပါတယ်၊ လပေါင်းများစွာ ကြာပြီးနောက်မှာတော့ သူမရဲ့ ပရိတ်သတ်တယောက်က သူမအခွန်များစွာကို ရှောင်ရှားထားမှုအတွက် တောင်းပန်စာရေးခဲ့ပါတယ်၊
အဲ့ဒီအချိန်ကတည်းက သူမကိုမတွေ့ရတော့တာပါပဲ

Fan Bingbing at Cannes Film Festival in 2013. Picture: Gareth Cattermole/Getty Images

လွန်ခဲ့တဲ့ အပတ်က ရုပ်သံမင်းသမီး Zheng Shuang သည်ဒေါ်လာ ၆၂ သန်းဒဏ်ငွေရိုက်ခံခဲ့ရပါတယ်၊ သူမသည် သူမရဲ့ ဝင်‌ငွေ ပမာဏအပြည့်အဝကိုဖုံးကွယ်ရန်ကြိုးစားခဲ့ပါတယ်၊ ကော်ပိုရေးရှင်းများစွာကိုလည်းအရှက်ခွဲတာ ကြောင့် ဒဏ်ငွေ အဖြစ် ဒေါ်လာတစ်ဘီလျံကျော် ပေးဆောင်ခဲ့ရပါတယ်၊

ဆိုရှယ်မီဒီယာပေါ်မှ ရုတ်တရက်ဆင်ဆာဖြတ်ခြင်းခံရသောဘီလျံနာမင်းသမီး Zhao Wei ရဲ့ကံကြမ္မာက ကတော့ အခုချိန်ထိ ထင်ကြေးပေးနေတဲ့ အခြေအနေသာ ရှိပါသေးတယ်၊

ပါတီကို အမျက်ထွက်အောင် သူမဘာတွေလုပ်လိုက်သလဲ

တချို့က ဂျပန်၊ထိုင်ဝမ် နဲ့ သူမရဲ့ ဆက်ဆံရေးကို ထောက်ပြကြပါတယ်၊ တချို့ကတော့ အကြွေး အလွန်များနေတဲ့ သူမရဲ့ ဖျော်ဖြေရေး ကုမ္ပဏီ ကြောင့်လို ထင်ကြေးပေးကြပါတယ်၊

“ နာမည်ကြီး စီးပွားရေးလုပ်ငန်းဖြစ်ပေမယ့် ထုတ်ကုန်ကို ထင်သာမြင်သာ ဖြစ်အောင် မပြသနိုင်ရင် တရုတ်ကွန်မြူနစ်ပါတီကစောင့်ကြည့်တာကိုခံရလိမ့်မယ်”လို့ တရုတ်လေ့လာဆန်းစစ်သူ Wen Zhao က သတိပေးထားပါတယ်၊

ဥက္ကဌ ရှီက သူ့ကိုသူ ပြောခဲ့ပါတယ်

သူ့ရဲ့ မိန့်ခွန်းများဟာ “ အသုံးမကျတဲ့အရင်းအနှီးများတိုးချဲ့ခြင်း” ကိုကာကွယ်ခြင်း အကြောင်းကို ပြောပြတာပဲဖြစ်ပါတယ်၊ သူတို့ဟာ ပုဂ္ဂလိက ကော်ပိုရေးရှင်းများရဲ့ “ အဆမတန် တိုးတက်မှု” ကိုသတိ‌ ပေးကြပါတယ်၊သူက ကော်မတီများဟာ ပါတီရဲ့ ဦး ဆောင်မှုကိုနာခံ စေရန် ကုမ္ပဏီများကိုလမ်းညွှန်ရမယ်လို့ အခိုင်အမာဆိုပါတယ်၊

ဖရိုဖရဲ စစ်ဆင်ရေးအား ပြင်ဆင်ခြင်း

ရှီကျင့်ဖျင်ဟာ ကြွယ်ဝချမ်းသာကေး မူဝါဒအတွက် စည်းမျဉ်းစည်းကမ်းတွေ လိုအပ်တယ်လို့ မြင်နေပုံရပါတယ်၊

အထူးသဖြင့် နည်းပညာပိုင်းကို ပစ်မှတ်ထားပြီး အာမခံနဲ့ ပညာရေး အပိုင်းလဲပါဝင်ပါတယ်၊

ဒါပေမယ့် ဖျော်ဖြေရေးကဏ္ဍ ဟာ အောင်မြင်ကျော်ကြားမှုကို ရရှိခဲ့ပါတယ်၊

သြဂုတ်လ ၂၇ ရက် သောကြာနေ့တွင်ဆိုက်ဘာလုံခြုံရေးစီမံခန့်ခွဲ‌ေရးအဖွဲ့က တရုတ်ရုပ်ရှင်လုပ်ငန်း အဓိကမဏ္ဏိုင် (ချမ်းသာသောအင်အားစု) ကိုချေမှုန်းရန်လှုံ့ဆော်မှု တစ်ခုစတင်ခဲ့ပါတယ်၊

ထိုလှုံ့ဆော်မှုတွင် နာမည်ကျော်များအား အားကိုးယုံကြည်မှုမပြုရန်၊ပရိတ်သတ် အသိုင်းအဝိုင်းရဲ့ မငြိမ်မသက်ဖြစ်နေခြင်းကို ထိန်းပေးရန်နှင့်တရားဝင် ကွန်မြူနစ်ပါတီရဲ့ စံနှုန်းများကို လိုက်နာရန် စတဲ့ စည်းကမ်းချက်တွေပါဝင်ပါတယ်၊

Actress Zhao Wei has been erased. Picture: Todd Williamson/Getty Images for Sun SevenStars Media

မင်းသမီးZhao ဟာ အခွန်ကိစ္စကြောင့်သာဒုက္ခရောက်ရခြင်း မဟုတ်ပါဘူး၊ သူမဟာ အငှားကိုယ်ဝန်ဆောင်ကလေးနှစ် ဦး ကိုစွန့်ပစ်ခြင်းဖြင့်အရှုပ်တော်ပုံတစ်ခုကိုဖန်တီးခဲ့ပါ‌ သေးတယ်၊Zhao က “ ကျွန်မရဲ့အငှားကိုယ်ဝန်ကြောင့်ဖြစ်ရတဲ့ဆိုးကျိုးတွေအတွက်တောင်းပန်ပါတယ်၊ လူထုရဲ့ဝေဖန်မှုနဲ့သင်ကြားမှုတွေကိုကျွန်မလက်ခံဖို့ဆန္ဒရှိပါတယ်။ ”လို့ကြေညာခဲ့ပါတယ်၊

မင်းသမီး Zhao ဟာ အန္တရာယ်များကိုစွန့်စား၍ အာဏာကို သုံး ရုံနဲ့ဘီလျံနာတစ် ဦး ဖြစ်လာခဲ့ခြင်း မဟုတ်ပါဘူး၊ တရုတ်ရဲ့ အကြီးမားဆုံးရန်သူများနှင့်ရင်းနှီးကာ အပြောအဆိုရှိနေတာကိုလာ်း တွေ့ဖူးပါတယ်၊ သူမဟာ အမှားကို လူထုထံ ဖွင့်ပြခြင်းမရှိပဲ နိုင်ငံအာဏာပိုင်အဖြစ် လက်ခံရန် ကြိုးပမ်းနေဆဲဖြစ်ပါတယ်၊

ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်များကိုကျောင်းများတွင်မဖြစ်မနေသင်ကြားခြင်းရပြီး ကွန်မြူနစ်လူငယ်များအား အရှေ့တွင် ဟစ်ကြွေးစေကာ အဖွဲ့ဝင်များအားမည်သည့် အကျင့်စာရိတ္တချိုးဖောက်မှုကိုမဆိုအစီရင်ခံရန်တက်ကြွစွာတိုက်တွန်းထားပါတယ်၊

ထို စိတ်ကူးဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ၁၉၅၃ ခုနှစ်လောက်အထိ မော်စီတုံး သည်လူထုအားအမြတ်ထုတ်မှုပပျောက်ရေးနှင့်ဆင်းရဲမွဲတေမှုကိုအနိုင်ယူရန်ကြေငြာခဲ့ပါတယ်၊

ဥက္ကဋ္ဌ ရှီကျင့်ဖျင် ကဒီအယူအဆကိုလက်ခံခဲ့ပါတယ်။ သူကအချို့သူတွေကိုမြန်မြန်ချမ်းသာခွင့်ပြုလိုက်ပြီး စုဆောင်းရန်အချိန်ရောက်ပြီဟုယုံကြည်လျက်ရှိပါတယ်၊

သူက“ ငါတို့ကလူအများကိုသူဌေးဖြစ်အောင်အရင်လုပ်နိုင်ပါတယ်၊ ပြီးတော့လမ်းပြ‌ ပေးပြီးအခြားသူတွေကိုအတူတကွချမ်းသာလာအောင်ကူညီပေးနိုင်တယ်၊ ဒါပေမယ့်ငါတို့ကမျှတတဲ့ ၀င်ငွေကိုဖြန့်ဖြူးပေးနိုင်တဲ့သိပ္ပံနည်းကျပြည်သူ့မူဝါဒစနစ်တစ်ခုကိုထူထောင်ဖို့ငါတို့အကောင်းဆုံးကြိုးစားရမယ်။ ”လို့ဆိုကာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးတွင်အောင်ပွဲခံခဲ့ပါတယ်၊

A customer browses clothing similar to those worn by celebrity idols. Picture: Jade Gao/AFP

ဒီလိုကြိုးပမ်းမြှအတွက် ကြီးမားတဲ့ ကိုယ်ပိုင်နယ်ပယ်တခု ရှိဖို့လိုအပ်ပါတယ်၊

သို့သော်ယခုအချိန်တွင်ရှီ ဟာ စီးပွားရေးစွန့် ဦး တီထွင်လို စိတ် ဖြင့် သာယာဝပြောရေးဝါဒနှင့်အစားထိုးလိုက်ပါတယ်၊

ဇူလိုင်လတွင်တရုတ်ကွန်မြူနစ်ပါတီရဲ့နှစ် ၁၀၀ ပြည့်နှစ်ပတ်လည်တွင် ရှီကျင့်ဖျင် သည်သူရဲ့လမ်းကြောင်းအစီအစဉ်ကိုချမှတ်ခဲ့ပါတယ်၊

“ ပါတီကသူ့ကိုယ်ပိုင်အကျိုးစီးပွားကို အလေးမထားဘူး၊ ဘယ်သူတစ် ဦး တစ်ယောက်ရဲ့အကျိုးစီးပွားအုပ်စု၊ အာဏာအုပ်စု၊ အခွင့်ထူးခံအုပ်စုကိုမှကိုယ်စားမပြုဖူးဘူး” လို့၎င်းကဆိုပါတယ်၊ “ ငါတို့နိုင်ငံရဲ့ခေါင်းဆောင်မှုကိုခိုင်မာအောင်စုစည်းဖို့ငါတို့ရုန်းကန်ခဲ့သလို၊ တကယ်တော့ငါတို့ကပြည်သူတွေရဲ့ထောက်ခံမှုရဖို့ရုန်းကန်နေခဲ့ရတယ်”

“ငါတို့က Marxismဝါဒရဲ့အခြေခံသဘောတရားတွေကိုတရုတ်ရဲ့သီးခြားအခြေအနေတွေနဲ့သူ့ရဲ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေနဲ့ဆက်ပြီးလိုက်လျောညီထွေဖြစ်အောင်နေရမယ်။ ငါတို့ခေတ်ရဲ့ခေတ်ရေစီးကြောင်းတွေကိုလေ့လာ၊ နားလည်ဖို့နဲ့ပဲ့ထိန်းဖို့ Marxism ဝါဒကိုသုံးရလိမ့်မယ်”

ဒါပေမယ့်သဘောထားကွဲလွဲတာကိုသည်းခံမှာမဟုတ်ပါဘူး၊

“ ပါတီရဲ့စည်းရုံးရေးစနစ်ကိုတင်းကျပ်ရမယ်၊ ပါတီရဲ့အကျင့်စာရိတ္တကောင်းမွန်ဖို့၊ သမာဓိတည်တံ့ခိုင်မြဲရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပါတီရဲ့အဆင့်မြင့်သဘာဝနဲ့သန့်ရှင်းစင်ကြယ်မှု၊ ကျန်းမာရေးကိုထိခိုက်စေမယ့်မည်သည့်အစိတ်အပိုင်းကိုမဆိုဖယ်ရှားပစ်ရမယ်”

Ref : news.com.au
Trans : Evelyn

Arkarta.com Copyright © 2021 ကူးယူဖော်ပြခွင့် လုံးဝခွင့်မပြုပါ။