YBS 33 ​ပေါ်က မိန်းက​​လေး ခါးပိုက်နှိုက်အုပ်စုနှင့် YBS ခရီးသည်တစ်ဦး၏ အကြံပြုချက်

YBS 33 ​ပေါ်က မိန်းက​​လေး ခါးပိုက်နှိုက်အုပ်စုနှင့် YBS ခရီးသည်တစ်ဦး၏ အကြံပြုချက်

YBS 33 ​ပေါ်က မိန်းက​​လေးခါးပိုက်နှိုက်အုပ်စု..

(21.10.22) မနက် ၁၀ နာရီခွဲ သာကေအဝိုင်းကို အလုပ်သွားဖို့ YBS 33 ကို စီးလိုက်တာ.. မှတ်တိုင်မှာထဲက ကောင်မလေးနှစ်ယောက်က ကားပေါ်မတတ်ခင်ထဲက လိုက်ကပ်နေတာ ကားပေါ်ရောက်တော့ သူတို့က နှစ်ယောက်တဖွဲ့ထင်ပါတယ်.. တယောက်ကရှေ့မှာ နောက်တယောက်က ကိုယ့်အနောက်မှာ ညှပ်ပီးအိတ်ကို ဓါးနဲ့ခွဲသွားတာ.. ပထမတော့ အိတ်ကိုလာထိနေလို့ဆိုပီး အိတ်ကိုပိုက်လိုက်သေးတယ်.. ဒါမဲ့မမှီတော့ဖူး ပါသွားတာ..

သာကေတ capital မရောက်ခင် နှိုက်ပီးမျက်နှာနဲ့ အချက်ပြပီး ဆင်းသွားတာတော့ တွေ့လိုက်တယ်.. ထိုင်ခုံရပီး အိတ်ကိုကြည့်လိုက်တော့ ဖုန်းကိုကိုင်ကြည့်လိုက်တော့ မပါသွားဖူး.. ကိုယ်က​တော့ အိတ်ပဲကွဲပီး ဘာမှမပါသွားဖူးထင်သွားတာ နောက်မှ ပိုက်ဆံအိတ်ကို သတိရတော့ရှာလိုက်တော့ မတွေ့ရတော့ဖူး..

ပိုက်ဆံအိတ်က အပြာနုလေး ပိုက်ဆံက ၁ သောင်းနဲ့ မှတ်ပုံတင်ရယ် ပါသွားတယ်.. ပိုက်ဆံပါသွားတာ စိတ်မတိုပေမဲ့ မှတ်ပုံတင်ပါသွားလို့ ခုလိုပြောပြတာပါ..

YBS ခရီးသည်တစ်ဦး၏ အကြံပြုချက်..

ဒီကနေ့မနက် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒီပို့စ်လေးကို တင်ရခြင်းဖြစ်ပါတယ်.. မနက်က ၈ နာရီဝန်းကျင်လောက် ကျနော်စီးလာတဲ့ YBS 35 ပေါ်မှာ ၃ ယောက်လောက် အိတ်ခွဲခံလိုက်ရပါတယ်.. လုပ်သွားတဲ့ သူတွေကတော့ မြောက်ဥက္ကလာ အဝိုင်းမှာဆင်းသွားပါတယ်.. သူတို့က အဖွဲ့လိုက်ပါ.. (စုစုပေါင်း ၆ ယောက်လောက်တော့တွေ့လိုက်တယ် အရက်စော်တွေလည်း နံစော်နေတာပဲ)

အဲ့ကောင်တွေက ဘယ်လောက်လူကြပ်ကြပ် အပေါက်ဝနားက မခွာပါဘူး ကျနော်တောင် အသိသတိမြန်စွာနဲ့ ရှောင်တိမ်းလိုက်လို့ မပါသွားတာပါ.. ပထမအကြိမ် ဆင်းတဲ့ အပေါက်ဝနား လူချောင်လို့ ရပ်လိုက်ချိန် ချက်ချင်းကျနော်နားဝိုင်းလာလို့ မသင်္ကာတာနဲ့ ချက်ချင်းလှည့်ပီး ရှေ့ကိုပြန်တိုးပစ်လိုက်ပါတယ်.. (အနောက်ကို မတိုးရတာက ဒီကောင်တွေအဖွဲ့နဲ့ ပိတ်နေလို့ပါ)

ဒုတိယအကြိမ် ကျနော်ရှေ့တိုးပီးနေတဲ့အချိန် ကျနော်ကို လူတစ်ယောက်ကာပီး အဲ့အနောက်ကကောင်က နှိုက်ဖို့ကြံတာလည်း ချက်ချင်းအိတ်ကို လက်ပိုက်လိုက်လို့ ပြန်ရုတ်သွားပါတယ်.. နောက်တော့ သူတို့ဆင်းတဲ့ အဝိုင်းမှတ်တိုင်ရောက်တော့ အကုန်ဆင်းသွားကြတဲ့အချိန် ၃ ယောက်လောက် အိတ်ခွဲခံလိုက်ရတယ်.. ဦးလေးကြီးတစ်ယောက်ဆို သူ့ထိုင်ခိုင်ခုံကနေ ထပီး ရှေ့မှတ်တိုင်ဆင်းဖိုအရပ် သိပ်တောင်မကြာလိုက်ဘူး ခွဲခံလိုက်ရပီး ဖုန်းပါသွားပါတယ်။

ကျနော်တစ်ခါမှ ခါးပိုက်နှိုက် မခံရဖူးပါဘူး.. ကျနော်လုပ်တဲ့အရာတစ်ခု လမ်းညွှန်ပေးချင်လို့ အခု ပို့စ်တင်ရတာပါ.. boy ပဲဖြစ်ဖြစ် girl ပဲဖြစ်ဖြစ် လုံးဝ ဘေးလွယ်အိတ် မလွယ်ပါနဲ့.. ကျောပိုးအိတ်ဝယ်ပါ မရှိသေးရင်ဝယ်ပါ.. နောက်ပီး ဒုတိယမြောက်အနေနဲ့ ကျနော်ပြထားတဲ့ ပုံကလိုမျိုး အိတ်အသေးတစ်ခုထပ်ဝယ်ပါ.. ၁ သောင်းလောက်ဆို တော်တော်ကောင်းတာရပါတယ် (နည်းနည်းကြီးကြီးလေးဝယ်ပါ)

အဲ့အိတ်ထဲ ကိုယ့်ရဲ့ဖုန်း / ပိုက်ဆံအိတ်ထည့်ပါ.. အဲ့လိုထည့်ပီးလို့ အဲ့အိတ်ကို ကျောပိုးအိတ်အကြီးရဲ့ နောက်ဆုံးအိပ်ကပ်ထဲကို ထည့်ပီး ရှေ့သို့သာ ပိုက်လွယ်ပါ.. ဒါဆိုရင် အဲ့အိတ်က ကိုယ့်ရင်ဘတ်နဲ့ နီးသွားတော့ ခံစားမှုအရ နှိုက်မနှိုက်သိရမယ်.. ဒီကောင်တွေ ဓားနဲ့ခွဲရင်တောင် အလွယ်တကူနှိုက်မရပါဘူး.. (အကယ်၍ ကျောပိုးအိတ်ခွဲခံလိုက်ရရင်တောင် ခါးပိုက်နှိုက်လို့ပါသွားမယ့် ph တွေ ပိုက်ဆံတွေထက်တော့ ရင်းနှီးရတာ အများကြီးတန်ပါတယ်)

နောက်ဆုံးတစ်ချက်အနေနဲ့ မိုးတွင်းကာလ လည်းကုန်ပီဆိုတော့ ထီးအရှည်လုံးဝမယူပါနဲ့ (ဘာကြောင့်ဆို အဲ့ထီးကိုင်နေရတာ လက်တစ်ဖက်သုံးနေရတာကြောင့်ပါ) ရိုးရိုးခေါက်ထီးကိုသာ ယူပါ (ဒါမှသာ တစ်ဖက်က ကျောပိုးအိတ်ကိုပိုက်ထားလို့ရမယ် တစ်ဖက်က တန်းကိုကိုင်လို့ရမှ safe ဖြစ်တာပါ) boy တွေအနေနဲ့ သွားလေရာ စကူဘာဆောင်ပါ.. ကျနော်ကတော့ စကူဘာကို မျှနေအောင်သွေးပီးဆောင်ထားတာ တစ်ခုခုဖစ်လို့ကတော့ သူတေကိုယ်တေလုပ်မှာပါ.. (YBS လမ်းညွှန်)



Post Views:
2

Crd