YBS ပေါ်က ခါးတွေရဲ့ အမူအကျင့်များနဲ့ အနှိုက်မခံရစေဖို့ ဒါလေးတွေ သိထားပါ

ခါးပိုက်နှိုက်ခြင်းမှ ကင်းဝေးရန် သတိပြုပါ.. ဘတ်စ်ကား အတက်/အဆင်း သတိပြုပါ.. ကားခကို ကြိုပြီးထုတ်ထားပါ (အတိအကျထုတ်ပါ).. ကားမှတ်တိုင်တွင် ကားစောင့်နေစဉ် ဖုန်းထုတ်ပြောခြင်းအိတ်ထဲသို့ ပြန်ထည့်ခြင်း လုံးဝ မပြုလုပ်ပါနှင့်.. မှတ်တိုင်တွင် ခါးများက မနှိုက်ခင်စောင့်ကြည့်နေကြပါသည်။
ကားပေါ်မှအဆင်းတွင် အရင်စလို လုပြီး တိုးဝှေ့မဆင်းပါနှင့်.. လူဆင်းတာပုံမှန်ဖြစ်မှ မိမိအိတ် မိမိကိုယ်ကို သတိကြီးစွာထားပြီးမှဆင်းပါ။ ကားစီးနေစဉ်တလျှာက်လုံး မိမိအိတ်ကို ပိုက်ထားပါ အိတ်အောက်ခြေနှင့် အိတ်ဘေးရှေ့နောက်ကို ကားပေါ်မှဆင်းပြီးသည်အထိ သတိမလွတ်ပါစေနှင့်။ အဖော်ပါပါက ကားအောက်ရောက်မှ စကားပြောပါ။
ခါးများသည်သူတို့လက်နဲ့ နှိုက်ခြင်းမှအပ တခြားမရှိပါ။ ထို့ကြောင့် ခါးများသည် (၁) လက်ထဲတွင် အထုတ်၊ အိတ်၊ ထမင်ချိုင့် မည်သည့်အရာမှ ကိုင်မထားပါ..
(၂) များသောအားဖြင့် လက်ရှည်အင်းကျီကိုသာ ဝတ်ပါသည်။ လက်လှုပ်ရှားရင် မရိပ်မိအောင်ပါ။ (အနွေးထည်၊ မိုးကာ မဝတ်ဘဲကိုင်ထားပါသည်။ လက်လုပ်ရှားရင်း ကာထားဖို့ပါ) ကျောပိုးအိတ် အထဲတွင်ဘာမှမပါဘဲ အရှေ့ဘက်ပြောင်းပြန်လွယ်ထားပါသည် လှုပ်ရှားရင်ကာဖို့ပါ။ (ပုံမှန်လူတွေက ထမင်းချိုင့်စတဲ့ ပစ္စည်းတွေပြပြီး ကျောပိုအိတ်ပြောင်းပြန်လွယ်သူတွေနဲ့မတူပါ)
ကားစီးနေစဉ် ပုံမှန်ထက်ပို နီးနီးကပ်ကပ်တိုးလာခြင်း လူပိလာခြင်း ဘေးမှလူကာထားပိတ်ထားသလိုဖြစ်လာပြီး မိမိဘေးတိုးညှပ်ကာလာတဲ့လူတွေလက်ထဲမှာ ဘာပစ္စည်းမှ မကိုင်ထားဘူးဆိုရင် သူတို့ကသေချာပြီခါးတွေ နှိုက်ဖို့ စလှုပ်ရှားနေပြီ.. သူတို့က နှိုက်သူကနှိုက်ပြီး ကာသူက ကာပေးရတာပါ.. ကားပေးသူက မနှိုက်ရပါဘူး မကျွမ်းသေးလို့ပါ.. ကျွမ်းကျင်သူကဘဲ လက်ညိုးနဲ့လက်ခလယ်နှစ်ချေင်းထဲကိုဘဲအသုံးပြုပြီး နှိုက်တာပါ.. လေ့ကျင်ထားတာပါ။ ဒါကြောင့်တော်ရုံလူ မသိနိုင်တာပါ။
နှိုက်ပြီးတားနဲ့ လက်ဆင့်ကမ်းတာကို တခါးထဲတန်းပြီး လက်ဆင့်ကမ်းတာပါ။ (၁) ကားအတက်/အဆင်းတွင် နှိုက်တတ်တာကြောင့် အထူးသတိပြုပါ.. (၂) ကားစီးနေစဉ် မိမိအိတ်/မိမိကိုယ်ကို အောက်ဖက်(ခါးနား) လက်နှစ်ဖက်ချထားတဲ့နေရာကိုဘဲ သတိမပြတ်ကြည့်နေပါ.. ဘေးကလူတွေ စကားကျယ်ကျယ်နဲ့ပြောနေရင် လုံးဝနားမထောင်ပါနဲ့ သူတို့လူတွေပါ နှိုက်မယ့်သူကို အာရုံပြောင်းနေတာပါ။
စလယ်ဆုံးပြောရမယ်ဆိုရင် ကားစစီးသည်မှဆင်းသည်အထိသတိမလွှတ်အောင် သတိထားခြင်းဖြင့်နေ့စဉ် YBS စီးသူများအားလုံး ဘေးကင်းလုံခြုံကြပါစေဟု ဆုတောင်းမေတာပို့သအပ်ပါသည်။ (Wai Lwin)
Crd
Crd