Volkswagen က သူ့ရဲ့ ပထမဆုံး eVTOL ယာဉ်ပျံကို ပြသ

News Social News

Volkswagen က မြေပြင်ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင် ဒေါင်လိုက် ပျံတက်၊ ဆင်းသက် နိုင်တဲ့ eVTOL ခရီးသည်တင် ဒရုန်း နမူနာမော်ဒယ်ကို တရုတ်မှာ ပြသလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ခရီးသည်တင် ဒရုန်း ဖြစ်ပြီး Flying Tiger လို့ နာမည်ပေးထားပါတယ်။

Volkswagen Unveils'Flying Tiger' - An All-Electrical Plane With Vary of Up To 200km! - All Ten News

နမူနာမော်ဒယ်မှာ ကာဘွန်ထုတ်လုပ်မှု လုံးဝ မရှိတဲ့ ဘက်ထရီ နည်းပညာနဲ့ လက်ရှိ မောင်းသူမဲ့ နည်းပညာတွေကို အခြေခံ တည်ဆောက်ထားပါတယ်။ လေယာဉ် အရှည်က ၁၁.၂ မီတာ ရှိပြီး တောင်ပံအကျယ်က ၁၀.၆ မီတာ ရှိပါတယ်။ ဒေါင်လိုက် ပျံတက်ဖို့ ပန်ကာ ၈ လုံးနဲ့ အလျားလိုက် ပျံသန်းဖို့ ပန်ကာ ၂ လုံး တပ်ဆင်ထားပါတယ်။

Volkswagen Group China unveils its first eVTOL passenger drone prototype: V.MO - Green Car Congress

တရုတ် လေယာဉ် ထုတ်လုပ်သူ Sunward နဲ့ Volkswagen တို့ ပူးပေါင်းပြီး ဒီဇိုင်းထုတ်ထားတာပါ။

ကုမ္ပဏီက ဒီနှစ် နှောင်းပိုင်းမှာ Flying Tiger ကို စမ်းသပ်ပျံသန်းမှာ ဖြစ်ပြီး ပိုကောင်းလာတဲ့ နမူနာမော်ဒယ်ကို ၂၀၂၃ ခုနှစ်မှာ စမ်းသပ်ပျံသန်းမှာပါ။ နောက်ဆုံး မော်ဒယ်ဟာ ခရီးသည် ၄ ယောက်နဲ့ ခရီးဆောင်အိတ်တွေကို သယ်ဆောင်နိုင်ပြီး ၂၀၀ ကီလိုမီတာ( ၁၂၄ မိုင်) အထိ ပျံသန်းနိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီက ကားပိတ်ဆို့တဲ့ မြို့ကြီးတွေမှာ ခရီးသည်တင် ဒရုန်း ယာဉ်ပျံတွေက အရမ်းကို အသုံးဝင်လာမယ်လို့ ပြောပါတယ်။

Ref : inceptivemind