■USကYellowstoneပန်းခြံအောက်မှာရှိတဲ့ ကမ္ဘာ့စောင့်ကြည့်အခံရဆုံး Yellowstoneမီးတောင်
Article Knowledge Travel World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■USကYellowstoneပန်းခြံအောက်မှာရှိတဲ့ ကမ္ဘာ့စောင့်ကြည့်အခံရဆုံး Yellowstoneမီးတောင်
USကYellowstoneပန်းခြံအောက်မှာရှိတဲ့Yellowstoneမီးတောင်ကကမ္ဘာပေါ်မှာစောင့်ကြည့်ခံရဆုံးမီးတောင်တွေထဲကတစ်ခုပါ။
သူကနှစ်ပေါင်း၂သန်းအတွင်းမှာပေါက်ကွဲမှုကြီး၃ကြိမ်ဖြစ်ခဲ့ပြီးနောက်ဆုံးဖြစ်ခဲ့တာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း၆၄၀၀၀၀တုန်းကပါ။အဲ့တုန်းကကျွန်မတို့မွေးတောင်မမွေးသေးပါဘူး။
ပြီးတော့ဧရိယာစတုရန်းမိုင်၁၅၀၀လောက်ရှိတဲ့ချိုင့်ခွက်ကြီးကျန်ခဲ့တာပါ။ဒီမီးတောင်သာထပ်ပေါက်သွားမယ်ဆိုရင်”တိုဗာ”ဖြစ်ရပ်ထက်ပိုဆိုးသွားပါလိမ့်မယ်။
ဘာလို့လဲဆိုရင်အဲ့ဒီကမီးတောင်ပြာတွေကပင်လယ်ထဲရောက်သွားမယ့်အစားမြေပြင်ပေါ်မှာပျံနှံ့သွားမှာမို့ပါပဲ။နောက်ဆုံးမီးတောင်ပေါက်ကွဲမှုတုန်းကလည်းအမေရိကန်တစ်ဝှမ်းလုံးကိုပျံ့နှံ့သွားခဲ့ပါသေးတယ်။စိုက်ခင်းတွေအားလုံးပျက်စီးသွားမယ်၊တိရစ္ဆာန်တွေလည်းဓာတ်ငွေ့တွေကိုရှူရှိူက်မိလို့အသက်ဆုံးရှုံးကုန်မယ်၊မြေကြီးကပိုတောက်ပလာပြီးဝင်လာသမျှရောင်ခြည်တွေအားလုံးကအလင်းပြန်ကုန်မယ်။
ဒါကြောင့်မိုးခေါင်ခြင်းတွေဖြစ်လာပြီးတော့ရေတွေပြတ်တောက်သွားမယ်၊လျှပ်စစ်ဓာတ်အားတွေမရတော့ဘူး။ဒါဟာတော်တော်ဆိုးရွာမယ့်အချိန်ဖြစ်ပြီးတော့သန့်စင်ခန်းသုံးတစ်ရှူးတွေသာကြိုစုထားလိုက်ပါတော့ရှင်။
ref:youtube
trans:thegeektext
zawgyi
ref:youtube
trans:thegeektext