TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■Tetrisဂိမ်းပြိုင်ပွဲ၇ပွဲကိုဆက်တိုက်အနိုင်ရရှိထားတဲ့ Jonas Neubauer

Tetris ဟာကွန်ပြူတာဂိမ်းတစ်ခုဖြစ်ပြီး ၁၉၈၄ ဂျွန်လ ၆ရက်နေ့မှာစတင်ထွက်ရှိခဲ့တာပါ။ သင်တို့ကတော့အခုဆိုရင် တိုးတက်လာပြီဖြစ်တဲ့အတွက် Tetris ကစားခဲ့တဲ့သူတွေလဲ ဗီဒီယိုဂိမ်းတွေပြောင်းဆော့မယ်လို့ ထင်ကြမှာပါ။

ဒါပေမယ့်လဲ အဲဒီဂိမ်းဟာစံချိန်သစ်တွေတင်ရင်း ဆက်လက်ရေပန်းစားဆဲဖြစ်ပါတယ်။၂၀၁ဝမှာတော့ Classic Tetris World Cap ကို United State မှာကျင်းပခဲ့ပြီးအချိန်တော်တော်ကြာတဲ့အထိ Jonas Neubauer ကဗိုလ်ဆွဲထားတာဖြစ်ပါတယ်။

သူကပြိုင်ပွဲ ၇ပွဲကို ဆက်တိုက်အနိုင်ရရှိထားတာပါ။တစ်နေ့မှာတော့ သူကအရှိန်ကို ၃ဝဝ,ဝဝဝအထိမြင့်တင်လိုက်ပြီး အချိန်ကတော့ ၁မိနစ်နဲ့၅၇စက္ကန့်စံချိန်တင်လိုက်ပါတယ်။ဒါကိုသူလုံးဝသတိမထားမိပါဘူး။ဘာလို့လဲဆိုတော့ သူကတစ်ခြားစံချိန်တစ်ခုတင်ရအောင် အာရုံစိုက်နေလို့ပါပဲ။

ဒါပေမယ့်လဲ သူရှုံးနှိမ့်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို ၃ဝဝ,ဝဝဝအမြန်နှုန်းဆိုတာ ပုံမှန်ထက်နည်းနည်းလောက်ပိုတဲ့အမြန်နှုန်းမဟုတ်ပါဘူး။ဘယ်သူမှ၂မိနစ်အတွင်းအဲဒီလောက်အမှတ်ကိုမရနိုင်ပါဘူး။

နောက်တော့ Jonas လဲသူစံချိန်တစ်ခုတော့တင်လိုက်နိုင်သေးတယ်ဆိုတာကို သတိထားမိသွားပါတယ်။ သူရည်မှန်းထားတဲ့ဟာနဲ့ နည်းနည်းလေးပဲကွဲပြားသွားတာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext