Tesla Semi လွ်ပ္စစ္ထရပ္ကား ထုတ္လုပ္မႈ ့ တစ္ပတ္ ၅ စီးျဖင့္ စတင္ေတာ့မည္…

Tesla သည္ Tesla Semi လွ်ပ္စစ္ထရပ္ကား ထုတ္လုပ္မႈကို ၂၀၂၄ တြင္ တစ္ႏွစ္လွ်င္ အစီးေရ ၅၀,၀၀၀ အထိ ထုတ္လုပ္ရန္ ရည္မွန္းထားသည္။ ၎စီးေရ ထုတ္လုပ္ႏိုင္ခဲ့လွ်င္ Tesla သည္ ကမာၻ႔ထရပ္ကား အ႒မ အမ်ားဆုံး ထုတ္လုပ္သူ ျဖစ္လာမည္ ျဖစ္ပါသည္။
ငါးႏွစ္တိုင္တိုင္ ၾကာျမင့္ခဲ့ၿပီးေနာက္ Tesla သည္ ယခုအခါ Tesla Semi လွ်ပ္စစ္ထရပ္ကားမ်ား စတင္ထုတ္လုပ္ႏိုင္သည့္ အေျခအေနသို႔ ေရာက္ရွိခဲ့ၿပီ ျဖစ္သည္။
Tesla Semi ထုတ္လုပ္ရန္ Gigafactory Nevada ရွိ သိုေလွာင္႐ုံႀကီးတစ္ခုတြင္ ထုတ္လုပ္ေရးလိုင္း တပ္ဆင္ခဲ့ပါသည္။
ေလာေလာဆယ္ တပ္ဆင္ထားသည့္ စက္ကိရိယာမ်ားအရ သီတင္းပတ္ တစ္ပတ္လွ်င္ လွ်ပ္စစ္ထရပ္ကား ၅ စီးအထိ ထုတ္လုပ္ႏိုင္မည္ ျဖစ္သည္။
Tesla က Gigafactory Texas တြင္လည္း Tesla Semi လွ်ပ္စစ္ထရပ္ကားမ်ား ထုတ္လုပ္ရန္ အစီအစဥ္ ရွိပါသည္။
စီအီးအို Elon Musk က Tesla Semi လွ်ပ္စစ္ထရပ္ကားမ်ားကို ၂၀၂၄ တြင္ အလုံးအရင္းျဖင့္ ထုတ္လုပ္ရန္ ရည္မွန္းထားၿပီး တစ္ႏွစ္လွ်င္ စီးေရ ၅ ေသာင္း ထုတ္လုပ္ရန္ ရည္မွန္းထားေၾကာင္း ေျပာၾကားပါသည္။
Tesla Semi လွ်ပ္စစ္ထရပ္ကား ေဈးႏႈန္းကို မဆုံးျဖတ္ရေသးပါ။
“အဲဒါေတြေရာင္းမယ္ေဈး အတိအက်ေတာ့ ကြၽန္ေတာ္ မေျပာခ်င္ေပမယ့္ အိမ္စီးကားထက္ အမ်ားႀကီး ပိုမ်ားပါတယ္” ဟု Elon Musk က ေျဖၾကားခဲ့ပါသည္။
ယခုအခါ ထုတ္လုပ္ေနသည့္ Tesla Model 3 နင့္ Model Y တို႔တြင္ သုံးစြဲသည့္ 2170 ဘက္ထရီကို Tesla Semi တြင္ အသုံးျပဳမည္ျဖစ္ေၾကာင္း၊ ေနာက္ဆုံးထုတ္ 4680 ဘက္ထရီ သုံးစြဲမွာ မဟုတ္ေၾကာင္း Musk က အတည္ျပဳေျပာၾကားပါသည္။
တစ္ႀကိမ္အားသြင္း႐ုံျဖင့္ ကီလိုမီတာ ၈၀၀ အထိ သြားလာႏိုင္ေသာ ပထမဆုံး Tesla Semi လွ်ပ္စစ္ထရပ္ကားကို ဒီဇင္ဘာ ၁ ရက္တြင္ အေမရိကန္ရွိ Pepsi ထံသို႔ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း ၎က ေျပာၾကားပါသည္။
“ကုန္စည္ေလးေလးလံလံတင္ထားရင္ေတာင္ ခရီးေဝးေဝး သြားႏိုင္မယ့္ ထရပ္ကားပါ” ဟု ၎က ေျပာသည္။
Crd..autromobiledirectory
Unicode
Tesla Semi လျှပ်စစ်ထရပ်ကား ထုတ်လုပ်မှု့ တစ်ပတ် ၅ စီးဖြင့် စတင်တော့မည်…
Tesla သည် Tesla Semi လျှပ်စစ်ထရပ်ကား ထုတ်လုပ်မှုကို ၂၀၂၄ တွင် တစ်နှစ်လျှင် အစီးရေ ၅၀,၀၀၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။ ၎င်းစီးရေ ထုတ်လုပ်နိုင်ခဲ့လျှင် Tesla သည် ကမ္ဘာ့ထရပ်ကား အဋ္ဌမ အများဆုံး ထုတ်လုပ်သူ ဖြစ်လာမည် ဖြစ်ပါသည်။
ငါးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီးနောက် Tesla သည် ယခုအခါ Tesla Semi လျှပ်စစ်ထရပ်ကားများ စတင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
Tesla Semi ထုတ်လုပ်ရန် Gigafactory Nevada ရှိ သိုလှောင်ရုံကြီးတစ်ခုတွင် ထုတ်လုပ်ရေးလိုင်း တပ်ဆင်ခဲ့ပါသည်။
လောလောဆယ် တပ်ဆင်ထားသည့် စက်ကိရိယာများအရ သီတင်းပတ် တစ်ပတ်လျှင် လျှပ်စစ်ထရပ်ကား ၅ စီးအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။
Tesla က Gigafactory Texas တွင်လည်း Tesla Semi လျှပ်စစ်ထရပ်ကားများ ထုတ်လုပ်ရန် အစီအစဉ် ရှိပါသည်။
စီအီးအို Elon Musk က Tesla Semi လျှပ်စစ်ထရပ်ကားများကို ၂၀၂၄ တွင် အလုံးအရင်းဖြင့် ထုတ်လုပ်ရန် ရည်မှန်းထားပြီး တစ်နှစ်လျှင် စီးရေ ၅ သောင်း ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ပြောကြားပါသည်။
Tesla Semi လျှပ်စစ်ထရပ်ကား ဈေးနှုန်းကို မဆုံးဖြတ်ရသေးပါ။
“အဲဒါတွေရောင်းမယ်ဈေး အတိအကျတော့ ကျွန်တော် မပြောချင်ပေမယ့် အိမ်စီးကားထက် အများကြီး ပိုများပါတယ်” ဟု Elon Musk က ဖြေကြားခဲ့ပါသည်။
ယခုအခါ ထုတ်လုပ်နေသည့် Tesla Model 3 နင့် Model Y တို့တွင် သုံးစွဲသည့် 2170 ဘက်ထရီကို Tesla Semi တွင် အသုံးပြုမည်ဖြစ်ကြောင်း၊ နောက်ဆုံးထုတ် 4680 ဘက်ထရီ သုံးစွဲမှာ မဟုတ်ကြောင်း Musk က အတည်ပြုပြောကြားပါသည်။
တစ်ကြိမ်အားသွင်းရုံဖြင့် ကီလိုမီတာ ၈၀၀ အထိ သွားလာနိုင်သော ပထမဆုံး Tesla Semi လျှပ်စစ်ထရပ်ကားကို ဒီဇင်ဘာ ၁ ရက်တွင် အမေရိကန်ရှိ Pepsi ထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားပါသည်။
“ကုန်စည်လေးလေးလံလံတင်ထားရင်တောင် ခရီးဝေးဝေး သွားနိုင်မယ့် ထရပ်ကားပါ” ဟု ၎င်းက ပြောသည်။
Crd..autromobiledirectory
Crd