ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ရုရှားနှင့်အာရှ စစ်ရေးသတင်းအရင်းအမြစ်များမှထွက်ပေါ်လာခဲ့သောသတင်းများအရ မြန်မာ့တပ်မတော်လေ အနေဖြင့် ရုရှားတို့ဆီမှ မှာယူထားသော Su 30 SME ဘက်စုံသုံးတိုက်လေယာဉ်ခြောက်စီးကို ယခုနှစ်ကုန်ပိုင်းတွင် (တပ်မတော်လေ မွေးနေ့အမှီ တပ်တော်ဝင်နိုင်တယ်လို့ယူဆရ) စတင်လက်ခံရရှိတော့မှာဖြစ်ကြောင်းနှင့် Su 30 ၏ ပြည်ပပို့ မျိုးခွဲဖြစ်သော Su 30 SME အမျိုးအစားကို အဆင့်မြှင့်တင်ထားသည့် Su 30 SM2 နောက်ထပ်ခြောက်စီးကိုတော့ ၂၀၂၁ ခုနှစ်အကုန်ပိုင်းလောက်မှာ ထပ်မံပေးပို့သွားမယ်လို့ ဆိုလာပါတယ်။

Su 30 SM2 ဆိုတာ အလွယ်ပြောရရင် SME ကို အင်ဂျင် လက်နက်စနစ် ရေဒါ အဆင့်မြှင့်တင်ထားတဲ့ တိုက်လေယာဉ်မျိုးကွဲတစ်ခုဖြစ်ပြီး မကြာသေးမှီကမှ စမ်းသပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ် ။ ထို Su 30 SM 2 တွေကိုရုရှားနိုင်ငံအနေဖြင့် နိုင်ငံတိုင်းကိုရောင်းချပေးခြင်း မဟုတ်ဘဲ ဆိုဗီယက်အဖွဲ့ဝင်ဟောင်းလဲဖြစ် ရုရှားနှင့်စစ်ရေးမဟာမိတ်လဲဖြစ်တဲ့ ၄ နိုင်ငံနဲ့ မြန်မာ အပါအဝင် စုစုပေါင်း ၅ နိုင်ငံရဲ့ order မှာယူမှုကိုသာ လက်ခံခဲ့တာဖြစ်ပါတယ် ။ထူးခြားတာက ဆိုဗီယက်အဖွဲ့ဝင်ဟောင်းနိုင်ငံလဲမဟုတ် တရားဝင်မဟာမိတ်စစ်ရေးစာချုပ်ချုပ်ဆိုထားတဲ့ ရုရှားရဲ့အိမ်နီးချင်းနိုင်ငံလဲ မဟုတ်တဲ့ မြန်မာ ပါဝင်လာခဲ့ခြင်းဟာ ရုရှား မြန်မာ စစ်ဖက်ဆက်ဆံရေးကို မေးခွန်းထုတ်စရာဖြစ်လာပါတယ် ။

အားလုံးသိပြီးတဲ့အတိုင်းပါပဲ ၁၉၉၀ ခုနှစ်တွေနဲ့ ၂၀၀၀ ခုနှစ်များမှာ တပ်မတော် အနေနဲ့ နိုင်ငံရေးအခြေအနေများအရ စစ်လက်နက်ဝယ်ယူမှုအပိုင်းမှာ အိမ်နီးချင်းတရုတ်နိုင်ငံကိုမှီခိုခဲ့ရပါတယ် ။ တရုတ်နိုင်ငံရဲ့ မီးစတဖက်ရေမှုတ်တဖက် policy ကို သိပေမယ့်လဲ နိုင်ငံတကာဆက်ဆံရေး အခြေအနေအရရော လက်နက်ဝယ်ယူမှု ပိုင်းအရရရော ပိတ်ဆို့မှုများရှိနေတဲ့အတွက် တရုတ်နိုင်ငံကိုသာ မချစ်သော်လည်း အောင့်ကာနမ်း အနေအထားဖြင့် ဆက်ဆံခဲ့ရပါတယ် ။ ထိုခေတ်အခါက ရုရှားနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများရှ်ိသော်လည်း နိုင်ငံရေးအခြေအနေများအရ စစ်လက်နက်ပစ္စည်းများတိုက်ရိုက်ဝယ်ယူ စာချုပ်ချုပ်ဆိုနိုင်သည့်အနေအထားမဟုတ်ဘဲ Mig 29 များကိုတောင် ဘီလာရုစ်မှတဆင့် တဆင့်ခံ ပြန်လည်ဝယ်ယူခဲ့ရသည့် နေအေထားဖြစ်ပါတယ် ။ သို့သော် ၂၀၁၀ ခုနှစ် နောက်ပိုင်း နိုင်ငံရေးအခြေအနေအပြောင်းအလဲဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာတော့ တပ်မတော် အနေဖြင့် စစ်လက်နက်ဝယ်ယူမှုအပိုင်းကို တရုတ်နိုင်ငံအားလုံးဝမှီခိုနေရသည့်အခြေအနေမှ တဖြေးဖြေးဖယ်ခွာလာခဲ့ပြီဖြစ်သလို သဘော်အသစ်များကိုယ်တိုင်တည်ဆောက်ခြင်း လေယာဉ်အသစ်များတပ်တော်ဝင်ခြင်းဖြင့် တပတ်ရစ် တိုက်လေယာဉ်များ တပတ်ရစ် စစ်သဘော်များ အသုံးပြုနေရသည့်အခြေအနေမှလဲ ဖယ်ခွာခဲ့ပြီဖြစ်ပါတယ် ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးနှင့် ထိပ်ပိုင်းခေါင်းဆောင်များကိုယ်တိုင် ရုရှား နိုင်ငံသို့ ချစ်ကြည်ရေးခရီးများသွားရောက်ကာ စစ်လက်နက်ဝယ်ယူရေး လေ့ကျင့်ရေး နဲ့ စစ်ဖက်ဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်အထိ ဖြစ်လာခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီး၏ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးမြန်မာပြည်ခရီးစဉ်ဟာလဲ (ဘဂ်လားတို့ကလဲဖိတ်ခေါ်ခဲ့ပေမယ့် ရုရှားကာကွယ်ရေးဝန်ကြီး၏ အာရှခရီးစဉ်မှာ ဘဂ်လား သို့မသွားခဲ့ပါ) ရုရှား မြန်မာ စစ်ဖက်ဆက်ဆံရေးအတွက် အမြင့်ဆုံး အတိုးတက်ဆုံး အခြေအနေတစ်ရပ်ဖြစ်လာခဲ့ပါတယ် ။

ထိုသို့ ရုရှား မြန်မာ စစ်ဖက်ဆက်ဆံရေးတိုးတက်လာခဲ့ခြင်းဟာ ရုရှားရော မြန်မာပါ နှစ်နိုင်ငံစလုံးအတွက်အကျိုးရှိစေမှာဖြစ်ပါတယ် ။ ခေတ်မှီတပ်မတော် တစ်ရပ် တည်ဆောက်နေတဲ့ မြန်မာ့တပ်မတော်အတွက် လိုအပ်တဲ့ ခေတ်မှီစစ်လက်နက် လေ့ကျင့်မှု ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံ နှင့် စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးကောင်းမွန်ခြင်းဆိုတဲ့ အကျိုးကျေးဇူးများရရှိမှာဖြစ်ပြီး ရုရှားနိုင်ငံအနေဖြင့်လဲ အရှေ့တောင်အာရှ မှာ ပထဝီအနေအထား မဟာဗျူဟာကျတဲ့ မြန်မာလိုနိုင်ငံမျိုးနှင့် ခိုင်မာတဲ့ စစ်ဖက်ဆက်ဆံရေးကိုတည်ထောင်ထားနိုင်ခြင်းဟာ တရုတ် အမေရိကန် တို့ရဲ့ သြဇာလွှမ်းမိုးလာမှုကို အကောင်းဆုံး check and balance လုပ်ပြီးသားဖြစ်သလို မိမိတို့၏ စစ်လက်နက်ပစ္စည်းများ ရောင်းချရသည့်အတွက်လဲ အကျိုးစီးပွားရရှိမှာဖြစ်ပါတယ် ။ နှစ်နိုင်ငံစလုံးအတွက် Win Win situation သာဖြစ်ပါတယ် ။

ဟုတ်ကဲ့ ကျွန်တော်က Mother Russia Fan မို့လို့လားတော့မသိပါဘူး စီးပွားရေးအရ ချည်နှောင်မှု နိုင်ငံရေးအရ ချည်နှောင်မှုတွေ ရှ်ိနေတဲ့ တရုတ် အမေရိကန်တို့နဲ့ စစ်ဖက်ဆက်ဆံရေး တိုးတက်တာထက် ဘာချည်နှောင်မှုမှမရှိဘဲ ကိုယ်ပေးနိုင်သလောက် ပြန်ရမယ့် ရုရှား နဲ့ စစ်ဖက်ဆက်ဆံရေးတိုးတက်လာတာကို ပိုကြိုက်ပါတယ်…။
မည်သို့ပင်ဖြစ်စေ မြန်မာ့တပ်မတော်အနေဖြင့် ယခု Su 30 မှအစပြုလို့ နောင်တွင်လဲ ရုရှားထုတ် ခေတ်မှီစစ်လက်နက်များဖြင့် ခေတ်မှီတပ်မတော်တစ်ရပ် သာမက ရုရှား မြန်မာ ဆက်ဆံရေးကိုပါ ဒီ့ထက်တိုးတက်အောင်တည်ဆောက်နိုင်ပါစေ ဟု ဆန္ဒ ပြုရင်း………..
ချစ်ခြင်းဖြင့်သာ…..
Crd – Myanmar New Generation Army