Starlink ၿဂိဳဟ္တုအင္တာနက္ကို ပ်ံသန္းေနသည့္ ေလယာဥ္ေပၚတြင္ အသုံးျပဳႏိုင္ေတာ့မည္..

အီလြန္မာ့ခ္ပိုင္ဆိုင္တဲ့ SpaceX ကုမၸဏီရဲ႕ ၿဂိဳဟ္တုအင္တာနက္ကို ေလေၾကာင္းလိုင္းအခ်ိဳ႕မွာ အသုံးျပဳႏိုင္ေတာ့မယ္လို႔ ထုတ္ျပန္ေၾကညာလိုက္ၿပီး ဒီဝန္ေဆာင္မႈကို Starlink Aviation လို႔ အမည္ေပးထားတယ္လို႔ ဆိုပါတယ္။
ၿဂိဳဟ္တုအင္တာနက္ကို အသုံးျပဳႏိုင္ဖို႔ ေလယာဥ္ေပၚမွာ Aeri Terminal တပ္ဆင္ထားမွာျဖစ္ၿပီး အင္တာနက္ျမန္ႏႈန္း 350 Mbps ရရွိမွာျဖစ္ကာ ဒီႏႈန္းဟာ Video Call ေခၚဖို႔၊ အြန္လိုင္းဂိမ္းေတြ ေဆာ့ဖို႔အထိပါ လုံေလာက္မွာ ျဖစ္ပါတယ္။
ေလယာဥ္ေတြေပၚမွာ အသုံးျပဳေနတဲ့ အင္တာနက္ဟာ ေျမျပင္အေျခစိုက္ေနရာေတြကေန ရယူထားတာျဖစ္ၿပီး ျမန္ႏႈန္း 10 Mbps ပဲရရွိၿပီး ကုန္းေျမေပၚကေန ပ်ံသန္းမွသာ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။
လက္ရွိအသုံးျပဳေနတဲ့ ၿဂိဳဟ္တုအေျချပဳ အင္တာနက္စနစ္ကလည္း ေလယာဥ္တစ္စင္းအတြက္ 30 Mbps ကေန 100 Mbps အတြင္းပဲရွိတာေၾကာင့္ သုံးစြဲသူဦးေရေပၚမူတည္ၿပီး ေႏွးေကြးမႈေတြ ျဖစ္ေပၚေစပါတယ္။
SpaceX ရဲ႕ Starlink ၿဂိဳဟ္တုအင္တာနက္ ကေတာ့ ပ်ံသန္းေနတဲ့ေလယာဥ္ေပၚမွာ အင္တာနက္ျမန္ႏႈန္း 350 Mbps ရရွိမွာျဖစ္ၿပီး ကုန္းေျမေရာ ပင္လယ္ျပင္ေပၚမွာ ပ်ံသန္းစဥ္မွာပါ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။
ဒီဝန္ေဆာင္မႈကို ၂၀၂၃ ခုႏွစ္ ႏွစ္လယ္မွာ ေရာင္းခ်သြားမွာျဖစ္ၿပီး ေဂ်အက္စ္အိတ္စ္ ေလေၾကာင္းလိုင္းဟာ ဒီဝန္ေဆာင္မႈကို အေစာဆုံးအသုံးျပဳမယ့္ ေလေၾကာင္းလိုင္းျဖစ္လာဖြယ္ရွိေနကာ အျခားေလေၾကာင္းလိုင္းေတြကလည္း ဒီဝန္ေဆာင္မႈအတြက္ သေဘာတူညီခ်က္ေတြ ရရွိထားတယ္လို႔ SpaceX က ထုတ္ျပန္ထားပါတယ္။
Crd..The Standard Time Daily
Unicode
Starlink ဂြိုဟ်တုအင်တာနက်ကို ပျံသန်းနေသည့် လေယာဉ်ပေါ်တွင် အသုံးပြုနိုင်တော့မည်..
အီလွန်မာ့ခ်ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ ဂြိုဟ်တုအင်တာနက်ကို လေကြောင်းလိုင်းအချို့မှာ အသုံးပြုနိုင်တော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပြီး ဒီဝန်ဆောင်မှုကို Starlink Aviation လို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။
ဂြိုဟ်တုအင်တာနက်ကို အသုံးပြုနိုင်ဖို့ လေယာဉ်ပေါ်မှာ Aeri Terminal တပ်ဆင်ထားမှာဖြစ်ပြီး အင်တာနက်မြန်နှုန်း 350 Mbps ရရှိမှာဖြစ်ကာ ဒီနှုန်းဟာ Video Call ခေါ်ဖို့၊ အွန်လိုင်းဂိမ်းတွေ ဆော့ဖို့အထိပါ လုံလောက်မှာ ဖြစ်ပါတယ်။
လေယာဉ်တွေပေါ်မှာ အသုံးပြုနေတဲ့ အင်တာနက်ဟာ မြေပြင်အခြေစိုက်နေရာတွေကနေ ရယူထားတာဖြစ်ပြီး မြန်နှုန်း 10 Mbps ပဲရရှိပြီး ကုန်းမြေပေါ်ကနေ ပျံသန်းမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ဂြိုဟ်တုအခြေပြု အင်တာနက်စနစ်ကလည်း လေယာဉ်တစ်စင်းအတွက် 30 Mbps ကနေ 100 Mbps အတွင်းပဲရှိတာကြောင့် သုံးစွဲသူဦးရေပေါ်မူတည်ပြီး နှေးကွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။
SpaceX ရဲ့ Starlink ဂြိုဟ်တုအင်တာနက် ကတော့ ပျံသန်းနေတဲ့လေယာဉ်ပေါ်မှာ အင်တာနက်မြန်နှုန်း 350 Mbps ရရှိမှာဖြစ်ပြီး ကုန်းမြေရော ပင်လယ်ပြင်ပေါ်မှာ ပျံသန်းစဉ်မှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ် နှစ်လယ်မှာ ရောင်းချသွားမှာဖြစ်ပြီး ဂျေအက်စ်အိတ်စ် လေကြောင်းလိုင်းဟာ ဒီဝန်ဆောင်မှုကို အစောဆုံးအသုံးပြုမယ့် လေကြောင်းလိုင်းဖြစ်လာဖွယ်ရှိနေကာ အခြားလေကြောင်းလိုင်းတွေကလည်း ဒီဝန်ဆောင်မှုအတွက် သဘောတူညီချက်တွေ ရရှိထားတယ်လို့ SpaceX က ထုတ်ပြန်ထားပါတယ်။
Crd..The Standard Time Daily
Crd