Space X ရဲ့မြန်နှုန်းမြင့်အင်တာနက်စနစ်စပါပြီ

News

ကြယ်ရထားတွဲကြီးလို့ တင်စားရတဲ့ Space X ကုမ္ပဏီမှ လွှတ်တင်လျက်ရှိသော Starlink ဂြိုဟ်တုများဟာ တကမ္ဘာလုံး နေရာလပ်မကျန် မြန်နှုန်းမြင့် အင်တာနက် ကွန်ယက်တစ်ခု ရရှိရန် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ယခု ဒီကွန်ယက်စနစ်ကို စတင် စမ်းသပ်တော့မှာပါ။

ဘီတာ (beta) “Better Than Nothing Beta” လို့ အမည်ပေးထားပါတယ်။အမေရီကန်ဒေါ်လာ ၁၀ ဘီလီယံလောက်ရင်းနှီးမြှုပ်နှံပြီး ဂြိုဟ်တု အရေအတွက် ၃၀၀၀၀ လောက်အထိ လွှတ်တင်ဖို့ ရည်ရွယ်ထားတဲ့ Starlink ပရောဂျက်မှာ ၂၀၁၉ ခုနှစ်မှ ယနေ့အချိန်ထိ ဂြိုဟ်တုပေါင်း ၉၀၀ ခန့်ကို အတွဲလိုက် လွှတ်တက်ထားခဲ့ပြီး ဖြစ်ပါတယ်။

အဲ့ဒီ့နောက်မှာတော့ မြေပြင်ရှိ အင်တာနက်ကေဘယ်လ်များနဲ့ ချိတ်ဆက်ကာ မြန်နှုန်းမြင့် အင်တာနက်ကို စတင်လိုက်ပါတယ်။ ဈေးနှုန်းကတော့.. တပ်ဆင်ခ ဒေါ်လာ ၄၉၉ နဲ့ လစဉ်ကြေး ၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။အင်တာနက်မြန်နှုန်း (data speed) ကတော့ 50Mbps မှ 150Mbps အထိ ရရှိနိုင်မှာဖြစ်ပြီး ကြာချိန်ကတော့ ၂၀ မီလီစက္ကန့် မှ ၄၀ မီလီစက္ကန့် အထိရှိပါတယ်။၂၀၂၁ ခုနှစ်လောက်ဆိုလျှင် ဒီ့ထက်ပိုပြီး လျှင်လျှင်မြန်မြန် ချိတ်ဆက်နိုင်မယ်လို့ ခန့်မှန်းထာပါတယ်။ ဒီ့ထက်ပိုပြီး အင်တာနက်လိုင်းကောင်းချင်လျှင်တော့ အိမ်ခေါင်မိုးပေါ်မှာ ဂြိုဟ်တုဖမ်းစက် တပ်ထားလို့ရပါသေးတယ်။

လက်ရှိ လွှတ်တင်ထားတဲ့ ဂြိုဟ်တုအလုံး ၉၀၀ နဲ့ လွှမ်းခြုံမှုအကောင်းဆုံးနေရာဖြစ်တဲ့ အမေရီကန်မြောက်ပိုင်း၊ ကနေဒါ တောင်ပိုင်းဒေသတို့မှာ သမ်းသပ်မှုတွေ၊ ကြော်ငြာတွေ စပြီး ပြုလုပ်နေပါပြီ။ Starlink ရဲ့ Mobile Application ကိုလည်း Apple ရော Android ဖုန်းတွေမှာပါ ရရှိနိုင်နေပါပြီ။ စိတ်ဝင်စားလို့ ကြော်ငြာတွေပါ ထပ်ရချင်လျှင်တော့ Starlink website မှာ အီးမေးလ် လိပ်စာ ပေးထားလို့ ရပါတယ်။

https://www.starlink.com/နည်းပညာနဲ့ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကျနော်တို့ နိုင်ငံကို နောက်ကျ မကျန်ခဲ့စေချင်ပါ။

မူလပိုစ့်ပိုင်ရှင်ကိုလေးစားစွာCredit ပေးပါသည် : ငြိမ်းချမ်းရေး ရရှိပြီး ပညာရေးကို ပိုမိုမြင့်မားအောင် ပြုလုပ်နိုင်ပါစေလို့ ဆန္ဒပြုလျက်..အနာဂတ် ပညာရေးအတွက်..သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Leave a Reply