စွမ်းအားြပင်းရုရှားနိုင်ငံရဲ့S-500ဖြတ်သန်းလာတဲ့ခရီးစဉ်

Militarily News

ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ၎င်းတို့ရဲ့နောက်ဆုံးထုတ် မြေပြင်မှ ဝေဟင်ပစ်ဒုံးလက်နက်စနစ်တွေကို ဒီနှစ်ထဲမှာ တပ်ဖွဲ့တွေဆီ စတင်လွှဲပြောင်းပေးနိုင်တော့ မယ်လို့ ပြောကြားထားခဲ့ပါတယ်။ serial deliveries လို့ခေါ်တဲ့ စီးရီးနံပါတ်လိုက်ထုတ် ထားတဲ့ ဒုံးလက်နက်စနစ်တွေကို အစီအစဉ်တကျ လွှဲပြောင်းပေးနိုင်ဖို့ကိုတော့ ၂၀၂၅ ခုနှစ်ထိ လုပ်ဆောင်သွားဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။ရုရှားနိုင်ငံဟာ ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြီး ထွက်ပေါ်လာမည့် ဒုံးကျည်ကာကွယ်ရေးစနစ်သစ်ကို ကိုင်တွယ်လုပ်ကိုင် ဆောင်ရွက်နိုင်စေဖို့ ရုရှားနိုင်ငံ လေကြောင်းနှင့်အာကာသတပ်ဖွဲ့ရဲ့အကယ်ဒမီမှာ အရာရှိ/ စစ်သည်တွေကို သင်တန်းပေးလေ့ကျင့်နေခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားတို့ထုတ်ထားတဲ့ S-400 Triumf လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ လက်ရှိ ကမ္ဘာမှာ မြေပြင်မှဝေဟင်ပစ်ဒုံးလက်နက်စနစ်(SAM)တွေထဲမှာ အကောင်းဆုံး မဟာဗျူဟာ မြောက်လက်နက်စနစ်တစ်ခုထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီလက်နက်စနစ် ကတော့ radio-jamming ရေဒီယိုနှောင့်ယှက်ဖိဖျက်လှိုင်းများ ပေါတဲ့အနေအထား တစ်ရပ် မှာတောင် ခရုဇ်ဒုံးကျည်တွေ၊နည်းဗျူဟာနဲ့ပုံမှန် ပဲ့ထိန်းဒုံးကျည်တွေ၊ တာလတ်ပစ်ဒုံးကျည် တွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေကနေ ကာကွယ်နိုင်စွမ်းရှိစေဖို့ ဒီဇိုင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။မြေပြင်ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်မှာဖြစ်ပါတယ်။

S-400 က ၂၀၀၇ ခုနှစ်မှာတပ်တော်ဝင်ခဲ့တာပါ။ဒါပေမယ့် ရုရှားစစ်တပ်ဟာ ၎င်းတို့ရဲ့ ထုံးစံအတိုင်း နောက်ဆုံး နောက်ဆုံးတွေ အဆင့်မြှင့် ထုတ်လုပ် အစားထိုးအသုံးပြုဖို့ ကြိုးပမ်းလျက်ရှိရာ S-500 လည်းတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ရုရှားသတင်းမီဒီယာ TASS ရဲ့ရေးသားချက်အရ ရုရှားနိုင်ငံဟာ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးဒုံးလက် နက်စနစ်ကို လာမည့်နှစ်အတွင်း အပြီးသတ်လုပ်ဆောင်နိုင်လိမ့်မယ်လို့ဆိုပါတယ်။

S-500 အဆင့်မြင့် ရွေ့လျား လေကြောင်းနှင့် တန်ပြန်ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး စနစ် တိုးတက်ဖွံ့ဖြိုးရေးလုပ်ဆောင်နေမှုများကို လာမည့် ၂၀၂၁ ခုနှစ်ထဲမှာ အပြီးသတ်နိုင် လိမ့်မှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Andrei Yudin က ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ Krasnaya Zvezda သတင်းစာနဲ့အင်တာဗျူးမှာ ပြောကြားခဲ့ တာပါ။

ယခုနှစ်အစောပိုင်းက ရုရှားနိုင်ငံ မော်စကိုမှာပြုလုပ်တဲ့ Army-2020 နိုင်ငံတကာ စစ်လက်နက်ပစ္စည်းပြပွဲကြီးမှာ ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Yuri Borisov က S-500 လက်နက်စနစ်ကို နိုင်ငံတော်အဆင့်စမ်းသပ်မှုတွေပြုလုပ်နေလျက်ရှိပြီး စီးရီးလိုက်ထုတ်လုပ် ရေးစတင်နိုင်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းများကို ဝယ်ယူဖြည့်ဆည်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

မနှစ်က S-500 ကို တစ်ကြိမ်စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါစမ်းသပ်ပစ်ခတ်မှုများ အတောအတွင်းမှာ မည်သည့်ဒုံးကျည်ကာကွယ်ရေးစနစ်မျိုးမဆို လက်ရှိစနစ်တွေ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အကွာအဝေးက ၈၀ ကီလိုမီတာပဲဖြစ်ပါတယ်။S-500 လက်နက်စနစ် ကတော့ ၄၈၁.၂ ကီလိုမီတာအကွာအဝေးက‌ ပစ်မှတ်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါ တယ်။

S-500 လက်နက်စနစ်ဟာ တစ်စက္ကန့်ကို လေးမိုင်နှုန်းလောက်နဲ့ပျံသန်းနေတဲ့ ပဲ့ထိန်း ဒုံးကျည်ရဲ့ ဒုံးထိပ်ဖူး(၁၀)ခုလောက်ကို တစ်ချိန်တည်းတစ်ပြိုင်တည်း ထောက်လှမ်းတိုက် ခိုက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ပစ်မှတ်မျိုးစုံဟာ အနေအထားမျိုးစုံ၊လားရာ၊ အမြင့်မျိုးစုံ ကနေ လာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်မတူညီတဲ့ရေဒါမျိုးစုံကို ထည့်သွင်းဖွဲ့စည်း အသုံးပြုထားပါတယ်။ဒါကြောင့် တစ်ချိန်တည်းတစ်ပြိုင်တည်း လေယာဉ်၊ရဟတ်ယာဉ်၊ မောင်းသူမဲ့လေယာဉ်နဲ့ဒုံးကျည်တွေကို ဖမ်းယူထောက်လှမ်းနိုင်စွမ်းရှိမှာလည်းဖြစ်ပါတယ်။
လက်နက်စနစ်မှာပါဝင်အသုံးပြုလာနိုင်မည့် ရေဒါတွေကိုတင်ပြရရင် –
(က) 1N6A(M) battle management radar တိုက်ပွဲဝင်စီမံခန့်ခွဲရေးရေဒါ(ခ) အဆင့်မြှင့်တင်ထားသော 96L6-TsP acquisition radar ပစ်မှတ်ရှာဖွေ ထောက်လှမ်းရေးရေဒါ(ဂ) 76T6 multimode engagement ဘက်စုံသုံးစစ်ဆင်ရေးရေဒါ(ဃ) 77T6 ABM တန်ပြန်ပဲ့ထိန်းဒုံးကျည်ဖမ်းယူထောက်လှမ်းရေးရေဒါ တို့ပဲဖြစ်ပါ တယ်။
စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်မည့် ထိရောက်အကွာအဝေးကတော့ ၆၀၀ ကီလိုမီတာ အများဆုံးလွှမ်းခြုံကာကွယ်ထားနိုင်မှာဖြစ်ပြီး လက်နက်စနစ်တွေရဲ့ အရေးကြီး တဲ့ အထွေအထွေအချက်အလက်တွေထဲက တစ်ခုဖြစ်သော system response time စနစ် တုံ့ပြန်ရန်ကြာချိန်ကတော့ ၃ – ၄ စက္ကန့်လောက်သာရှိမှာဖြစ်ပါတယ်။

ဒီအချက်မှာ S-500 လက်နက်စနစ်ဟာ လက်ရှိ S-400 ထက် ၆ စက္ကန့်လောက် ပိုမိုမြန်ဆန်စွာ တုံ့ပြန် တိုက်ပွဲဝင် နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ထုတ်လုပ်သူ Almaz-Antey ကုမ္ပဏီက S-500 လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်ဟာ အနိမ့်ပျံသန်းနေတဲ့ ဂြိုဟ်တုတွေ၊အာကာသအနီးမှာရှိနေတဲ့ အာကာသယာဉ်တစ်ချို့ကိုပါပစ်ချနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ဒါကြောင့်လည်း အမေရိကန်တို့ရဲ့အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်တွေဖြစ်တဲ့ F-35 တို့အတွက်တော့ “silver bullet” ငွေကျည်ဆန်ဖြစ်သွားနိုင်ကြောင်း တင်စားပြောဆိုခဲ့ကြသော်လည်း လာမည့် ဆယ်စုနှစ်အတွင်း လက်နက်စနစ်ဘယ်နှစ်စုံထုတ်နိုင်မယ်ဆိုတာကိုတော့ ခုထက်ထိ ထုတ်ဖော်ပြောကြားနိုင်ခဲ့ခြင်းမရှိသေးပါဘူး။

အထက်မှာဆိုခဲ့တဲ့အတိုင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီး Sergei Shoigu က ရုရှားတို့ရဲ့ နောက်ဆုံးထုတ် S-500 surface-to-air missile systems မြေပြင်မှ ဝေဟင်ပစ်ဒုံးလက်နက်စနစ်တွေကို စီးရီးလိုက်ထုတ်လုပ်/လွှဲပြောင်းပေးခြင်းများကို ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ပေးသွားနိုင်ရေး အစီအစဉ်ရေးဆွဲထားချိန်တွင် ယခုနှစ် အတွင်းမှာ ရုရှားတပ်ဖွဲ့တွေဆီ အရောက်ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပါ တယ်။၂၀၁၇ ခုနှစ်ကတည်းက Tver မှာရှိတဲ့ စစ်ဘက် လေကြောင်းနှင့်အာကာသအကယ်ဒမီ မှာ အဆိုပါလက်နက်စနစ်ကို ကိုင်တွယ်ဆောင်ရွက်မယ့် သင်တန်းသား အရာရှိ/ စစ်သည် (specialists)တွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

ရုရှားနိုင်ငံဟာ S-500 အတွက်အချိန်ဇယားအတိအကျအတိုင်း လုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေပုံရပါတယ်၊ဒါပေမယ့်လည်း ခုချိန်မှာ S-400 လက်နက်စနစ်တွေကို တပ်ဖွဲ့များထံ ဆက်လက်တပ်ဖြန့်လွှဲပြောင်းပေးလျက်လည်းရှိနေဆဲဖြစ်ပါတယ်။၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းကပဲ ရုရှားနိုင်ငံ အရှေ့ပိုင်းတိုင်းစစ်ဒေသခရိုင်က လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကြီး ၂ ခုကို S-400 Triumf လက်နက်စနစ်တွေ တပ်ဆင်ပေးနိုင်ခဲ့ကြောင်းကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
Peter Suciu ၏ Russia’s Mighty S-500 Missile Defense is Only 5 Years Away အားဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

သက်ထူးခန့်ပိုင် ရေနံချောင်း မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
ရုရှားနိုင်ငံရဲ့ စွမ်းအားရှင် S-500 နောက် ၅ နှစ်ကြာဦးမယ်

Leave a Reply