Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။
DC ပရိတ်သတ်များအားလုံးကိုကြိုဆိုပါတယ်၊ DC FanDome ပြန်လာပြီ၊
Virtual fan event ကိုအောက်တိုဘာ ၁၆ ရက်၊ ၁၀ နာရီ PT (အောက်တိုဘာ ၁၇ ရက်၊ ၁ နာရီ SGT) တွင်ပြုလုပ်ရန်စီစဉ်ထားပြီး၎င်းရဲ့တရားဝင် ဝက်ဘ်ဆိုက် (သို့) Twitch, YouTube, Facebook နှင့် Twitter တို့မှတဆင့် ကြည့်ရှုနိုင်ပါတယ်၊

အခမဲ့ပွဲစဉ် သည် နာမည်ကျော်ရုပ်ရှင်များနှင့်တီဗီစီးရီးများမှသာမက ရုပ်ရှင်များနှင့်ရုပ်ပြဇာတ်လမ်းများမှဇာတ်ကောင်များနှင့်ဖန်တီးသူများကိုစုစည်းစေပြီးတက်ရောက်လာသူများအားသတင်းသစ်များ၊ သီးသန့်ဇာတ်ကားများနှင့် လာမည့်ပရောဂျက်များရဲ့ တစ်ခါမှမမြင်ဖူးသောဗီဒီယိုများကြည့်ရှုခွင့်ပေးမှာဖြစ်ပါတယ်၊
Warner Bros ရဲ့ပုံများမှ: Robert Pattinsonရဲ့ Batman Trailerသစ်၊DC League of Super-Pets ရဲ့ အကြောင်းအရာ အသစ်များ၊ Dwayne Johnson ရဲ့ Black Adam မှ ပထမဆုံးပုံစံ၊The Flash ရဲ့ ဇာတ်ဝင်ခန်းတချို့၊ Aquaman၊Lost KingdomShazam နဲ့ Fury of the Gods.ရဲ့ ရိုက်ကွင်းနောက်ကွယ်က အဖြစ်အပျက်တွေ၊
-Warner Bros ရဲ့ ရုပ်သံလိုင်းမှ : Batwoman၊The Flash၊Superman & Lois နဲ့ Sweet Tooth တို့ရဲ့ Seasonသစ် Preview ၊ Season 6ခု ပြီးလာပြီး အဆုံးသတ်နဲ့ နီးကပ်လာသည်ခဲ့တဲ့ Supergirl ရဲ့ နှုတ်ဆက်ပွဲ၊ အပိုင်း၁၀၀ ရှိပြီဖြစ်တဲ့ DC’s Legends of Tomorrow ရဲ့ အခမ်းအနား၊ Ava DuVernay ရိုက်ကူးတဲ့ Naomi ဒရာမာ ရဲ့ ပုံစံ ၊ DC’s Stargirlရဲ့ နောင်ထွက်မည့် အပိုင်းသစ်၊
-HBO Max မှ : Peacemakerရဲ့ မူပိုင်ပုံစံ၊John Cena ပါဝင်တဲ့ The Suicide Squad ရဲ့ရလဒ်၊ ကန့်သတ်ထားသော DMZ Series၊ Ava DuVernay ရဲ့ ရိုက်ကူးထုတ်လုပ်မှုတချို့ ၊ Rosario Dawson နဲ့ Benjamin Bratt တို့ရဲ့ သတင်း၊ Titansနဲ့ Doom Patrol ကဲ့သို့ တကျော့ပြန် ဇာတ်လမ်းများ၊
-Warner Bros Games မှ : Gotham Knights ( Warner Bros Games Montreal ) နဲ့ Suicide Squad: Kill the Justice League ( Rocksteady Studio ) ရဲ့ နောက်ဆုံးရသတင်းများ၊
DCKidsFanDome.comမှ လူငယ် များ အတွက် အထူး အစီအစဉ်လဲ ရှိပါသေးတယ်၊သူတို့အတွက် အသစ်ထွက်ရှိမည့် Batwheels၊DC Super Hero Girls နဲ့ Teen Titans Go! ကဲ့သို့ DC animationတွေကိုလည်း Previewအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်၊
ref:Today
trans:Evelyn
zawgyi

ref:Today
trans:Evelyn
Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။