R9ဒိုကြီးကြောင့် မခံချင်စိတ်ဖြစ်ခဲ့တဲ့ CR7ဒိုလေးတစ်ယောက် အစွမ်းကုန်ကြိုးစားပြပြီး အောင်မြင်လာခဲ့တာလား

News

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှုးကြီး ရော်နယ်လ်ဒိုက ကမ္ဘာ့နံပါတ် ၁ ဖြစ်လာမယ့် ကစားသမား ၅ ဦးကို အတိအကျ ခန့်မှန်းသွားခဲ့ပြီး သူရဲ့ဟောကိန်းမှာတော့ ပေါ်တူဂီ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို မပါဝင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။

ပေါ်တူဂီသားကြီးနဲ့ မက်ဆီတို့နှစ်ဦးဟာ ဘယ်လွန်ဒေါ ၁၂ ကြိမ်မှာ ၁၁ ကြိမ်အထိ ဆွတ်ခူးခဲ့ပြီး လူကာ မိုဒရစ်က တကြိမ်ဆွတ်ခူးထားတာပါ။

ဒါပေမယ့် ဘရာဇီးလ်သားကြီးအနေနဲ့ သူ့ရဲ့ခန့်မှန်းမှုမှာတော့ မက်ဆီကိုသာ ထည့်သွင်းပြီး နေမာ၊ ဟာဇက်တို့လို ဝါရင့်တွေအပြင် အမ်ဘာပေလို လူငယ်ခြေတက်တွေလည်း ပါဝင်ခဲ့လာခဲ့ပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုကို ချန်လှပ်ခဲ့ခြင်းက မဟာအမှားသာဖြစ်ကြောင်း ပြီးခဲ့တဲ့ ယူရိုပွဲမှာ နိုင်ငံတကာ ဂိုးသွင်းအများဆုံး စံချိန်ပါတင်ပြီး အသက် ၃၆ နှစ်သားက သက်သေပြခဲ့သလားလို့ တွေးဆစရာပါ။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ဘလွန်ဒေါဆုကို ၂ ကြိမ်ဆွတ်ခူးထားခဲ့တဲ့ ဘရာဇီးလ်သားကြီးက ဘောလုံးလောကရဲ့အနာဂတ်ကို အခုလို ခန့်မှန်းသွားခဲ့တာကို တွေ့ရပြီး ဒါက တက်တက်စင်အောင် လွဲချော်မှုတွေရှိခဲ့သလို သွေးထွက်အောင် မှန်ကန်မှုတွေလည်း ပါဝင်လာခဲ့ပါတယ်။

လီယွန်နယ် မက်ဆီ
မက်ဆီကတော့ ပြောစရာ၊ ညွှန်းနေစရာမလိုအောင်ကို ကမ္ဘာ့နံပါတ် ၁ ဘောလုံးသမားအဖြစ် ရပ်တည်နိုင်နေခြင်းဖြစ်သလို နူးကမ့်ကို စွန့်ခွာဖို့ ဆုံးဖြတ်မိခဲ့ချိန်မှာတောင် ဘာစီလိုနာအတွက် ကိုပါဒယ်လ်ရေးဖလားကို ယူပေးနိုင်စွမ်းရှိခဲ့သူပါ။ လက်ရှိမှာတော့ ကိုပါအမေရိကချန်ပီယံဘွဲနဲ့အတူ ဘာဆာမှာလည်း ဆက်လက်မြဲနေဖို့ ရှိနေသလို ဘလွန်ဒေါ ၇ ဆုရှင်ဖြစ်လာဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါပြီ။

မိုဟာမက် ဆာလား
လီဗာပူးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို သီသီလေးလွဲချော်ခဲ့သလို အီဂျစ်သားရောက်ရှိလာချိန်မှာမှ အန်ဖီးလ်မြေရဲ့ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိပ်ဖလားကို တခမ်းတနားဗိုလ်ဝင်ခံစေခဲ့သလို ချန်ပီယံလိဂ်ချန်ပီယံအဖြစ်ပါ တင့်တယ်စေခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ မျှော်မှန်းချက်ကို စိတ်မပျက်စေခဲ့သလို လက်ရှိမှာ ပေါင်သန်း ၁၀၀ တန်ကြေးရှိနေပါတယ်။

အီဒင် ဟာဇက်
၂၀၁၉ က ရော်နယ်ဒိုရဲ့ ခန့်မှန်းချက်မှာ ဟာဇက်အတွက်တော့ လွဲချော်သွားခဲ့တာကို တွေ့ရပြီး ချယ်လ်ဆီးကို စွန့်ခွာပြီး ဘာနေဗျူးမှာ စံမြန်းခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ ဒဏ်ရာပြဿနာတွေရဲ့ ဖိစီးမှုကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်က ဟာဇက်ရဲ့ခြေစွမ်းကို ပြန်ရတော့မှာမဟုတ်ဘူးလို့ ကိုယ်တိုင်ဝန်ခံယူခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ၂ ရာသီအတွင်း ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ယူရိုမှာလည်း ကွာတားအဆင့်ကနေ အိမ်ပြန်ခဲ့ရတာပါ။

နေမာ
ရော်နယ်ဒိုနဲ့ တနိုင်ငံတည်းသား မှော်ခြေထောက်ပိုင်ရှင် နေမာရဲ့ ဘောလုံးပါရမီကတော့ အင်မတန်ထူးခြားသလို PSG ကို ချန်ပီယံလိဂ်ဖလား ရယူပေးဖို့တော့ အခုချိန်ထိ မစွမ်းဆောင်နိုင်သေးတာက သက်သေပြစရာတခုအဖြစ် ကျန်ရှိနေသေးပြီး ပြင်သစ်လိဂ်ရဲ့ အနူတောမှာ လူချောသွားလုပ်နေလေသလားလို့ မေးခွန်းထုတ်ခံထားရသလို မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ လွှမ်းမိုးမှုမှာ ဘလွန်ဒေါဆုနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့ရသူပါ။

ခီလီလျန် အမ်ဘာပေ
ပေါ်တူဂီသားကြီး ရော်နယ်ဒိုရဲ့ ကစားဟန်နဲ့ အနီးစပ်ဆုံးဆင်တူတယ်လို့ သတ်မှတ်ခံထားရတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ကစားသမားဘဝ နောက်တဆင့်တက်ဖို့တော့ လိုအပ်နေသေးတာကို တွေ့ရပြီး ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကတော့ မေးစရာမလိုအောင်ကို ထူးရှယ်အဆင့်ဖြစ်သလို ၂၀၁၇ မှာ မိုနာကိုကနေ PSG ကို ပေါင်သန်း ၁၀၀ ကျော်နဲ့ ပြောင်းရွှေ့ခဲ့ခြင်းက ကမ္ဘာ့ဘောလုံးလောကကို ကိုင်လှုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

“သူနဲ့ ကျွန်တော့်ကစားဟန်က အရာရာနီးပါးဆင်တူနေပါတယ်။ သူက ပြေးအားသိပ်ကောင်းတယ်။ သေသေသပ်သပ် အဆုံးသတ်နိုင်တယ်။ ရွေ့လျားမှုတွေက အဆင့်မြင့်တယ်။ ဘယ်ညာခြေနှစ်ဖက်စလုံးနဲ့လည်း ဂိုးကန်သွင်းနိုင်တယ်လေ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ဦးကို လာနှိုင်းယှဥ်ရင်တော့ လက်မခံနိုင်ပါဘူး။ မျိုးဆက်ကွာဟသလို အရာရာကွာဟသွားခဲ့ပါပြီ”လို့ ရော်နယ်ဒိုက အမ်ဘာပေအတွက် မှတ်ချက်ပေးခဲ့တာပါ။

ဘရာဇီးလ်တိုက်စစ်မှူးကြီးရော်နယ်လ်ဒိုရဲ့ ရွေးချယ်မှုမှာ မပါတာကို မခံချင်လို့ ပေါ်တူဂီသားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် အစွမ်းကုန်ကြိုးစားပြီး ဘယ်သူမှ မယှဉ်နိုင်တဲ့ စံချိန်တွေကို ဆက်တိုက်တင်ပြီး အောင်မြင်မှုတွေ တခုပြီးတခု ယခုထိရယူနေတာလားဆိုတာကတော့ …

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

ZAWGYI:
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှုးကြီး ရော်နယ်လ်ဒိုက ကမ္ဘာ့နံပါတ် ၁ ဖြစ်လာမယ့် ကစားသမား ၅ ဦးကို အတိအကျ ခန့်မှန်းသွားခဲ့ပြီး သူရဲ့ဟောကိန်းမှာတော့ ပေါ်တူဂီ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို မပါဝင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ ပေါ်တူဂီသားကြီးနဲ့ မက်ဆီတို့နှစ်ဦးဟာ ဘယ်လွန်ဒေါ ၁၂ ကြိမ်မှာ ၁၁ ကြိမ်အထိ ဆွတ်ခူးခဲ့ပြီး လူကာ မိုဒရစ်က တကြိမ်ဆွတ်ခူးထားတာပါ။

ဒါပေမယ့် ဘရာဇီးလ်သားကြီးအနေနဲ့ သူ့ရဲ့ခန့်မှန်းမှုမှာတော့ မက်ဆီကိုသာ ထည့်သွင်းပြီး နေမာ၊ ဟာဇက်တို့လို ဝါရင့်တွေအပြင် အမ်ဘာပေလို လူငယ်ခြေတက်တွေလည်း ပါဝင်ခဲ့လာခဲ့ပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုကို ချန်လှပ်ခဲ့ခြင်းက မဟာအမှားသာဖြစ်ကြောင်း ပြီးခဲ့တဲ့ ယူရိုပွဲမှာ နိုင်ငံတကာ ဂိုးသွင်းအများဆုံး စံချိန်ပါတင်ပြီး အသက် ၃၆ နှစ်သားက သက်သေပြခဲ့သလားလို့ တွေးဆစရာပါ။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ဘလွန်ဒေါဆုကို ၂ ကြိမ်ဆွတ်ခူးထားခဲ့တဲ့ ဘရာဇီးလ်သားကြီးက ဘောလုံးလောကရဲ့အနာဂတ်ကို အခုလို ခန့်မှန်းသွားခဲ့တာကို တွေ့ရပြီး ဒါက တက်တက်စင်အောင် လွဲချော်မှုတွေရှိခဲ့သလို သွေးထွက်အောင် မှန်ကန်မှုတွေလည်း ပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့ အနာဂတ်ခန့်မှန်းချက်ကြောင့် မခံချင်စိတ်နဲ့ ကြိုးစားနေခဲ့တဲ့ ပေါ်တူဂီသားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဘယ်သူမှ မယှဉ်နိုင်တဲ့ စံချိန်များကို တင်ပြီး အောင်မြင်မှုတွေ ယခုထိ ရရှိနေတာက အဆိုးထဲက အကောင်းပဲ ဖြစ်တယ်လို့ ပြောရမလို ဖြစ်နေပါတော့တယ်။

လီယွန်နယ် မက်ဆီ
မက်ဆီကတော့ ပြောစရာ၊ ညွှန်းနေစရာမလိုအောင်ကို ကမ္ဘာ့နံပါတ် ၁ ဘောလုံးသမားအဖြစ် ရပ်တည်နိုင်နေခြင်းဖြစ်သလို နူးကမ့်ကို စွန့်ခွာဖို့ ဆုံးဖြတ်မိခဲ့ချိန်မှာတောင် ဘာစီလိုနာအတွက် ကိုပါဒယ်လ်ရေးဖလားကို ယူပေးနိုင်စွမ်းရှိခဲ့သူပါ။ လက်ရှိမှာတော့ ကိုပါအမေရိကချန်ပီယံဘွဲနဲ့အတူ ဘာဆာမှာလည်း ဆက်လက်မြဲနေဖို့ ရှိနေသလို ဘလွန်ဒေါ ၇ ဆုရှင်ဖြစ်လာဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါပြီ။

မိုဟာမက် ဆာလား
လီဗာပူးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို သီသီလေးလွဲချော်ခဲ့သလို အီဂျစ်သားရောက်ရှိလာချိန်မှာမှ အန်ဖီးလ်မြေရဲ့ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိပ်ဖလားကို တခမ်းတနားဗိုလ်ဝင်ခံစေခဲ့သလို ချန်ပီယံလိဂ်ချန်ပီယံအဖြစ်ပါ တင့်တယ်စေခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ မျှော်မှန်းချက်ကို စိတ်မပျက်စေခဲ့သလို လက်ရှိမှာ ပေါင်သန်း ၁၀၀ တန်ကြေးရှိနေပါတယ်။

အီဒင် ဟာဇက်
၂၀၁၉ က ရော်နယ်ဒိုရဲ့ ခန့်မှန်းချက်မှာ ဟာဇက်အတွက်တော့ လွဲချော်သွားခဲ့တာကို တွေ့ရပြီး ချယ်လ်ဆီးကို စွန့်ခွာပြီး ဘာနေဗျူးမှာ စံမြန်းခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ ဒဏ်ရာပြဿနာတွေရဲ့ ဖိစီးမှုကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်က ဟာဇက်ရဲ့ခြေစွမ်းကို ပြန်ရတော့မှာမဟုတ်ဘူးလို့ ကိုယ်တိုင်ဝန်ခံယူခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ၂ ရာသီအတွင်း ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ယူရိုမှာလည်း ကွာတားအဆင့်ကနေ အိမ်ပြန်ခဲ့ရတာပါ။

နေမာ
ရော်နယ်ဒိုနဲ့ တနိုင်ငံတည်းသား မှော်ခြေထောက်ပိုင်ရှင် နေမာရဲ့ ဘောလုံးပါရမီကတော့ အင်မတန်ထူးခြားသလို PSG ကို ချန်ပီယံလိဂ်ဖလား ရယူပေးဖို့တော့ အခုချိန်ထိ မစွမ်းဆောင်နိုင်သေးတာက သက်သေပြစရာတခုအဖြစ် ကျန်ရှိနေသေးပြီး ပြင်သစ်လိဂ်ရဲ့ အနူတောမှာ လူချောသွားလုပ်နေလေသလားလို့ မေးခွန်းထုတ်ခံထားရသလို မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ လွှမ်းမိုးမှုမှာ ဘလွန်ဒေါဆုနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့ရသူပါ။

ခီလီလျန် အမ်ဘာပေ
ပေါ်တူဂီသားကြီး ရော်နယ်ဒိုရဲ့ ကစားဟန်နဲ့ အနီးစပ်ဆုံးဆင်တူတယ်လို့ သတ်မှတ်ခံထားရတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ကစားသမားဘဝ နောက်တဆင့်တက်ဖို့တော့ လိုအပ်နေသေးတာကို တွေ့ရပြီး ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကတော့ မေးစရာမလိုအောင်ကို ထူးရှယ်အဆင့်ဖြစ်သလို ၂၀၁၇ မှာ မိုနာကိုကနေ PSG ကို ပေါင်သန်း ၁၀၀ ကျော်နဲ့ ပြောင်းရွှေ့ခဲ့ခြင်းက ကမ္ဘာ့ဘောလုံးလောကကို ကိုင်လှုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

“သူနဲ့ ကျွန်တော့်ကစားဟန်က အရာရာနီးပါးဆင်တူနေပါတယ်။ သူက ပြေးအားသိပ်ကောင်းတယ်။ သေသေသပ်သပ် အဆုံးသတ်နိုင်တယ်။ ရွေ့လျားမှုတွေက အဆင့်မြင့်တယ်။ ဘယ်ညာခြေနှစ်ဖက်စလုံးနဲ့လည်း ဂိုးကန်သွင်းနိုင်တယ်လေ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ဦးကို လာနှိုင်းယှဉ်ရင်တော့ လက်မခံနိုင်ပါဘူး။ မျိုးဆက်ကွာဟသလို အရာရာကွာဟသွားခဲ့ပါပြီ”လို့ ရော်နယ်ဒိုက အမ်ဘာပေအတွက် မှတ်ချက်ပေးခဲ့တာပါ။

Leave a Reply