“NDAA ဥပေဒနဲ႔ ပတ္သတ္ၿပီး ရန္ကုန္ရွိ အေမရိကန္သံ႐ုံး တာဝန္ခံကို စစ္ေကာင္စီ ေခၚယူကန႔္ကြက္”

“NDAA ဥပေဒနဲ႔ ပတ္သတ္ၿပီး ရန္ကုန္ရွိ အေမရိကန္သံ႐ုံး တာဝန္ခံကို စစ္ေကာင္စီ ေခၚယူကန႔္ကြက္”

“NDAA ဥပေဒနဲ႔ ပတ္သတ္ၿပီး ရန္ကုန္ရွိ အေမရိကန္သံ႐ုံး တာဝန္ခံကို စစ္ေကာင္စီ ေခၚယူကန႔္ကြက္”
သံ႐ုံးကိုတက္သိမ္းလိုက္ပါလား စကစရဲ႕အေမရိကန္ကအတည္ျပဳျပ႒ာန္းလိုက္တဲ့ အမ်ိဳးသားကာကြယ္ေရးအက္ဥပေဒ (NDAA 2023) ဟာ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေႏွာင့္ယွက္၊ အခ်ဳပ္အျခာအာဏာကို ထိပါးရာေရာက္ၿပီး အၾကမ္းဖက္မႈကို အားေပးရာ ေရာက္တယ္လို႔ စစ္ေကာင္စီႏိုင္ငံျခားေရးဌာနက ဒီဇင္ဘာ ၂၇ ရက္ ဒီကေန႔ ထုတ္ျပန္ပါတယ္။
၂၀၂၃ ဘ႑ာေရးႏွစ္အတြက္ အမ်ိဳးသားကာကြယ္ေရးအက္ဥပေဒ (National Defense Authorization Act–NDAA) ကို ဒီဇင္ဘာ ၂၃ ရက္ေန႔မွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က လက္မွတ္ေရးထိုး အတည္ျပဳျပ႒ာန္းလိုက္တဲ့ အေပၚ စစ္ေကာင္စီက ျပန္လည္တုံ႔ျပန္လိုက္တာပါ။
ဒီဥပေဒမွာ “BURMA ACT” ဥပေဒကိုလည္း ထည့္သြင္းထားၿပီး NUG၊ CRPH၊ PDF နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကိုလည္း အကူအညီေပးဖို႔ ထည့္သြင္းထားတာပါ။အက္ဥပေဒမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ ေဖာ္ျပခ်က္ေတြဟာ ျမန္မာ့ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေႏွာင့္ယွက္တာ၊ အခ်ဳပ္အျခာအာဏာကို ထိပါးရာေရာက္တဲ့အျပင္ NUG၊ NUCC၊ CRPH နဲ႔ PDF ေတြကို ကူညီေထာက္ပံ့မႈဟာ အၾကမ္းဖက္မႈကို အားေပးရာေရာက္တယ္လို႔လည္း ဆိုပါတယ္။
ဒါ့အျပင္ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးယႏၲရား (IIMM) သို႔ အေမရိကန္ရဲ႕ ေငြေၾကးေထာက္ပံ့မႈအေပၚ ကန႔္ကြက္ေၾကာင္းနဲ႔ ဒါဟာ ကုလသမဂၢ ပဋိညာဥ္စာတမ္းနဲ႔ သံတမန္ဆက္ဆံေရးဆိုင္ရာ ဗီယင္နာကြန္ဗင္းရွင္းရဲ႕ ျပ႒ာန္းခ်က္ေတြကို ခ်ိဳးေဖာက္တာျဖစ္လို႔ ျပင္းထန္စြာကန႔္ကြက္ေၾကာင္း သံတမန္စာကို ျမန္မာသံ႐ုံး၊ ဝါရွင္တန္ၿမိဳ႕မွတဆင့္ ေပးပို႔ခဲ့တယ္လို႔ ဆိုပါတယ္။
ဝါရွင္တန္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးယာယီတာဝန္ခံက အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာဌာန၊ ျမန္မာႏိုင္ငံတာဝန္ခံ ၫႊန္ၾကားေရးမႉးထံ ဆက္သြယ္ ၿပီး တရားဝင္ ထပ္မံကန႔္ကြက္ေျပာၾကားခဲ့သလို ရန္ကုန္ရွိ၊ အေမရိကန္သံ႐ုံးမွ သံ႐ုံးဒုတိယအႀကီးအကဲ Ms. Deborah C. Lynn ႏိုင္ငံျခားေရးဝန္ႀကီးဌာန ရန္ကုန္႐ုံးကို ဆင့္ေခၚေတြ႕ဆုံ ျပင္းထန္စြာကန႔္ကြက္ခဲ့တယ္လို႔လည္း စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။crd
Unicode“NDAA ဥပဒေနဲ့ ပတ်သတ်ပြီး ရန်ကုန်ရှိ အမေရိကန်သံရုံး တာဝန်ခံကို စစ်ကောင်စီ ခေါ်ယူကန့်ကွက်”
သံရုံးကိုတက်သိမ်းလိုက်ပါလား စကစရဲ့အမေရိကန်ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA 2023) ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ပြီး အကြမ်းဖက်မှုကို အားပေးရာ ရောက်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA) ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အပေါ် စစ်ကောင်စီက ပြန်လည်တုံ့ပြန်လိုက်တာပါ။
ဒီဥပဒေမှာ “BURMA ACT” ဥပဒေကိုလည်း ထည့်သွင်းထားပြီး NUG၊ CRPH၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း အကူအညီပေးဖို့ ထည့်သွင်းထားတာပါ။အက်ဥပဒေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာ၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်တဲ့အပြင် NUG၊ NUCC၊ CRPH နဲ့ PDF တွေကို ကူညီထောက်ပံ့မှုဟာ အကြမ်းဖက်မှုကို အားပေးရာရောက်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သို့ အမေရိကန်ရဲ့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ကြောင်းနဲ့ ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်လို့ ပြင်းထန်စွာကန့်ကွက်ကြောင်း သံတမန်စာကို မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှတဆင့် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံ ညွှန်ကြားရေးမှူးထံ ဆက်သွယ် ပြီး တရားဝင် ထပ်မံကန့်ကွက်ပြောကြားခဲ့သလို ရန်ကုန်ရှိ၊ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်ရုံးကို ဆင့်ခေါ်တွေ့ဆုံ ပြင်းထန်စွာကန့်ကွက်ခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။crd

Crd