Nဟသၤာတသား ေကာလိပ္ဂ်င္ (သို႔မဟုတ္) ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးသမားဘဝမွ ႐ုပ္ရွင္မင္းသား ျဖစ္လာခဲ့သူ

Nဟသၤာတသား ေကာလိပ္ဂ်င္ (သို႔မဟုတ္) ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးသမားဘဝမွ ႐ုပ္ရွင္မင္းသား ျဖစ္လာခဲ့သူ

ဟင်္သာတသား ကောလိပ်ဂျင် (သို့မဟုတ်) မြန်မာ့လက်ရွေးစင် ဘောလုံးသမားဘဝမှ ရုပ်ရှင်မင်းသား ဖြစ်လာခဲ့သူ

ငယ္စဥ္ကတည္းက ေဘာလုံး အလြန္ဝါသနာပါသူျဖစ္ၿပီး ေဘာလုံး ကစားေနရလွ်င္ ထမင္းေမ့ ဟင္းေမ့၊ သို႔ျဖစ္၍ လူငယ္ဘဝမွာပင္ ေဘာလုံးထူးခြၽန္သူျဖစ္လာသည္။ အထက္တန္းေက်ာင္းသားဘဝ၊ ေရတပ္သား ဘဝ၊ တကၠသိုလ္ ေက်ာင္းသား ဘဝတို႔တြင္ ေဘာလုံး ပြဲေပါင္းမ်ားစြာကစားခဲ့ၿပီး ေျခစြမ္းထက္လွသည့္အတြက္ ျမန္မာ့ လက္ေ႐ြးစင္ေဘာလုံးသမားအျဖစ္သို႔ ေရာက္ရွိခဲ့သည္။ ေရွ႕တန္း တိုက္စစ္မႉး အျဖစ္ႏွင့္ ျပည္တြင္း၊ ျပည္ပ ပြဲေပါင္းမ်ားစြာ ကစားခဲ့သည္။ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးသမား ျဖစ္ဖို႔ဆိုသည္မွာလည္း လြယ္ကူေသာ အရာမဟုတ္၊ လြန္စြာ ခဲယဥ္းလွသည္။ ဝါသနာ အရင္းခံ၍ ေအာင္ျမင္ေသာ အားကစားသမားဘဝကို ပိုင္ဆိုင္ထား သည့္အတြက္ ေဘာလုံးမွလြဲ၍ တျခားဘာကိုမွ စိတ္မဝင္စား၊ ႐ုပ္ရွင္ ႐ိုက္ဖို႔ဆိုသည္က ပို၍ ေဝးသည္။ ႐ုပ္ရွင္႐ိုက္ရန္ ရည္႐ြယ္ခ်က္မရွိ၊ သို႔ေသာ္ ေလာကဓမၼတာ ရည္႐ြယ္ေသာ္လည္း ျဖစ္ခ်င္မွျဖစ္မည္။ မရည္႐ြယ္ေသာ္လည္း ျဖစ္တတ္သည္။

အေၾကာင္းအက်ိဳးဆက္စပ္ၿပီး ႐ုပ္ရွင္မင္းသားျဖစ္ရမည့္ ကံဇာတာ ပါလာသည့္အတြက္ ေရွာင္လႊဲမရ ႐ုပ္ရွင္မင္းသားဘဝ ေရာက္ခဲ့ရသည္။ တခ်ိဳ႕႐ုပ္ရွင္မင္းသားျဖစ္ခ်င္လြန္း၍ ေငြထုပ္ပိုက္ လိုက္ခဲ့ေသာ္ျငား မျဖစ္၊ သူကေတာ့ တစ္မူထူးသူဟုဆိုရမည္။ သူက ႐ုပ္ရွင္ေနာက္ မလိုက္ ႐ုပ္ရွင္က သူ႔ေနာက္လိုက္ခဲ့ရသည့္အျဖစ္မ်ိဳး။ သူသည္ လူေပ်ာ္ တစ္ေယာက္ Jolly Type ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္သည့္ ေဖာ္ေ႐ြေသာ အၿပဳံးပိုင္ရွင္၊ စိတ္ရင္းေကာင္းသေဘာျပည့္သည့္အတြက္ ႐ုပ္ရွင္ေလာကသားအားလုံးႏွင့္သင့္ျမတ္ၿပီး လူခ်စ္လူခင္ေပါသည္။ စကားေျပာေကာင္း၊ ဟန္ပန္အမူအရာ ေကာင္းသူျဖစ္သည့္အတြက္ ပရိသတ္၏ ခ်စ္ခင္ႏွစ္သက္ အားေပးမႈ အျပည့္အဝရရွိခဲ့သည္။ ေကာလိပ္ဂ်င္ေနဝင္း၏ ဘဝအေၾကာင္းကို ဆက္လက္ ေဖာ္ျပလိုက္ ရပါသည္။

ငယ္ဘဝ
======
ငယ္နာမည္ ေနဒြန္း၊ အဖရဲဝန္ေထာက္ ဦးသက္ေဖႏွင့္ အမိေက်ာင္း ဆရာမ ေဒၚတင္တို႔က ၁-၁ဝ-၁၉၂၈ ရက္ေန႔တြင္ ေမြးဖြားခဲ့ၿပီး ဟသၤာတ ၿမိဳ႕နယ္ ေညာင္ပင္သာ႐ြာ၌ ပညာသင္ၾကားခဲ့ကာ ဂ်ပန္ေခတ္တြင္ ကိုးတန္းေအာင္သည္။ ပညာသင္ၾကားေနဆဲ အသက္ (၁၈) ႏွစ္တြင္ မိခင္ႀကီးကြယ္လြန္ခဲ့ရာ စိတ္ထိခိုက္ေနစဥ္ ဟသၤာတ၌ ေရတပ္သား လိုက္လံစုေဆာင္းေနသည့္အခ်ိန္ ႏွင့္ႀကဳံႀကိဳက္၍ ေရတပ္ ထဲဝင္ခဲ့သည္။ ၁၉၄၇ ခုႏွစ္ တြင္ ေရတပ္သားဘဝ ပညာတစ္ပိုင္း တစ္စႏွင့္ တိုးတက္ရန္လမ္းစမျမင္။ သို႔ျဖစ္၍ ေဒါက္တာ ေမာင္ေမာင္ေျပ၏ အလြတ္ပညာသင္ေက်ာင္းတြင္ ပညာဆက္လက္ ဆည္းပူးခဲ့ၿပီး ၁၉၅၁ ခုႏွစ္တြင္ ၁ဝ တန္းေအာင္သည္။ တကၠသိုလ္ ဆက္တက္ရန္ ေရတပ္မွႏုတ္ထြက္ခဲ့ၿပီး ရန္ကုန္တကၠသိုလ္တြင္ ပညာဆက္လက္သင္ယူခဲ့ရာ ၁၉၅၈ ခုႏွစ္တြင္ B.A ဝိဇၨာဘြဲ႕ရရွိခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးသမား ဘဝ
===========================
တကၠသိုလ္ပညာသင္ယူေနစဥ္ ေဘာလုံးဆက္ကစားခဲ့ရာ တကၠသိုလ္ အသင္းလက္ေ႐ြးစင္၊ ၁၉၅၅ ခုႏွစ္တြင္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံး သမားအျဖစ္ အေ႐ြးခ်ယ္ခံရၿပီး ထိုႏွစ္ထဲမွာပင္ ျမန္မာ့လက္ေ႐ြးစင္ ေရွ႕တန္း တိုက္စစ္မႉးအျဖစ္ႏွင့္ အင္ဒိုနီးရွား၊ ဂ်ပန္ႏွင့္ တ႐ုတ္ႏိုင္ငံမ်ား သို႔ လည္းေကာင္း၊ ၁၉၅၆ ခုႏွစ္တြင္ ပါကစၥတန္ ႏိုင္ငံ၌ က်င္းပေသာ အိႏၵိယ၊ ျမန္မာ၊ သီဟိုဠ္၊ ပါကစၥတန္ေလးႏိုင္ငံ ေဘာလုံးဗိုလ္လုပြဲသို႔ သြားေရာက္ ယွဥ္ၿပိဳင္ ကစားခဲ့ၿပီး ထိုႏွစ္ထဲမွာပင္ ျမန္မာႏိုင္ငံေဘာလုံး အဖြဲ႕ခ်ဳပ္မွ ေ႐ြးခ်ယ္သည့္ အေကာင္းဆုံး ေဘာလုံးသမား ထူးခြၽန္ဆု ရရွိခဲ့သည္။ ၁၉၅၇ ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္ ေဘာလုံးအသင္း ကိုေခါင္းေဆာင္၍ ကာလကတၱား ယူနီဗာစီတီ ႏွစ္ (၁ဝဝ) ျပည့္ အထိမ္းအမွတ္ပြဲသို႔ သြားေရာက္ကစားခဲ့သည္။ ေဘာလုံးကို သံေယာဇဥ္ႀကီး သလို တကၠသိုလ္ေက်ာင္းသားဘဝကိုလည္း ခုံမင္ တြယ္တာသည့္အတြက္ ေက်ာင္းေဆြးေဆြး လူေဆြးေဆြး တေပ်ာ္ႀကီးေနထိုင္ခဲ့ၿပီး သူ႔ဘဝသည္ သူခ်စ္သည့္ ေဘာလုံးကဲ့သို႔ ပညာကတစ္ဖက္၊ ေဘာလုံးကတစ္ဖက္ႏွင့္ လုံးလည္ လိုက္ေနခဲ့ေသာ္ လည္း အပူအပင္မရွိ၊ ၿငီးေငြ႕သည္မရွိ အၿမဲၿပဳံး႐ႊင္ေနသည့္သူ႔ကို ဆရာဆရာမမ်ား၊ ေက်ာင္းသား ေက်ာင္းသူမ်ားအားလုံးက ခင္ၾကသည္။

႐ုပ္ရွင္မင္းသားဘဝ
=============
႐ုပ္ရွင္မင္းသားဘဝအစ ကံၾကမၼာဖန္လာပုံဆန္းသည္က သူ႐ုပ္ရွင္ မင္းသားလုပ္ရန္ အေၾကာင္း ေပၚေပါက္ လာသည္။ ႐ုပ္ရွင္ေလာက၌ နာမည္ေက်ာ္ဝါရင့္ ဒါ႐ိုက္တာႀကီးျဖစ္သူ ဦးခ်င္းစိန္(ေ႐ႊညာေမာင္)က ဇမၺဴေအး ႐ုပ္ရွင္ကုမၸဏီမွ ႐ုပ္ရွင္ကားတစ္ကား ႐ိုက္ကူးေပးရန္ အပ္ႏွံ လာသည့္အတြက္ စီစဥ္ရသည္။ စစ္ႀကိဳေခတ္တြင္ အလြန္ေက်ာ္ၾကား လူႀကိဳက္မ်ားေသာ ဆရာဇဝန၏ ”ေကာလိပ္ေက်ာင္းသား” ဝတၳဳကို ေကာလိပ္ဂ်င္အမည္ျဖင့္ ႐ိုက္ကူးေပးရန္ျဖစ္သည္။ ထိုကားတြင္ မင္းသားလုပ္သူက ေကာလိပ္ေက်ာင္းသားအျဖစ္ သ႐ုပ္ေဆာင္ရမည္။ သို႔ေသာ္ ဒါ႐ိုက္တာက မင္းသားႏွင့္တူေသာမင္းသား မသုံးခ်င္၊ မင္းသားႏွင့္မတူေသာ ေက်ာင္းသားစစ္စစ္ ကိုသာ သုံးခ်င္သည္။ ထိုအခါ ဇမၺဴေအး႐ုပ္ရွင္ကုမၸဏီပိုင္ရွင္ ေဒၚျမင့္ျမင့္က ဒါ႐ိုက္တာ၏ ဆႏၵကို ျဖည့္ဆည္းရန္ ၄င္း၏ မိတ္ေဆြတကၠသိုလ္ ေဘာလုံးနည္းျပ ဆရာၿငိမ္းကို အပူကပ္ရေတာ့သည္။ ေဒၚျမင့္ျမင့္က ႐ုပ္ရွင္ ႐ိုက္ရန္ အတြက္ တကၠသိုလ္ေက်ာင္းသားတစ္ဦးရွာေပးပါရန္ ေျပာသည္ႏွင့္ ခ်က္ျခင္း ဆရာၿငိမ္းသည္ သူ႔၏ တပည့္ရင္း ကိုေနဝင္းကို မ်က္လုံး ထဲေျပးျမင္ လိုက္ၿပီး ေဒၚျမင့္ျမင့္ စိတ္တိုင္းက်ေစရမည္ဟု ကတိေပး သည္။ ဆရာၿငိမ္းက ထိုအခြင့္အေရးကို လက္လႊတ္မခံခ်င္၊ သူ႔တပည့္ေကာင္းစားတာကို ျမင္လိုသည္။ ဆရာၿငိမ္းက ထိုကိစၥ ကိုေနဝင္းကိုေျပာျပသည့္အခါ လက္မခံခ်င္၊ သို႔ေသာ္ ဆရာ့ေစတနာကို ျငင္းပယ္ရန္မသင့္ဟုယူဆ၍ ေခါင္းညိတ္ လိုက္ေလသည္။

ဆရာၿငိမ္းက ကိုေနဝင္းလက္ဆြဲၿပီး ဒါ႐ိုက္တာဦးခ်င္းစိန္ရွိရာသို႔ အေသာ့ ႏွင္ေလ ၏။ ဒါ႐ိုက္တာကလည္း အေပြးျမင္ အပင္သိ၊ ကိုေနဝင္း၏ အသြင္ သဏၭာန္ကို ျမင္ျမင္ခ်င္းသေဘာက်ၿပီး အကဲခတ္ ရင္း စကားေျပာ ၾကည့္ရာ ကိုေနဝင္း၌ ကိန္းေအာင္းေနသည့္ အႏုပညာ ပင္ကိုစြမ္းရည္ရွိေၾကာင္း သိလိုက္ရကာ သူလိုခ်င္ေသာ ဇာတ္ေကာင္ကို သိန္းေဖ၏ စ႐ိုက္ႏွင့္ ကိုက္ညီေနသည့္အတြက္ ကား႐ိုက္ရန္ အျမန္ဆုံး စီစဥ္ေတာ့သည္။ ေကာလိပ္ဂ်င္ေနဝင္းအမည္ရ ”ေကာလိပ္ဂ်င္” ဇာတ္ကားတြင္ ကိုေနဝင္းသည္ မင္းသား ကိုေနဝင္း (ဘီေအ) အမည္ကို အသုံးျပဳခဲ့ၿပီး မင္းသမီး ျမင့္ျမင့္ခင္၊ သိန္းေဆြျမင့္၊ ခ်စ္ေဆြေလး၊ ေ႐ႊစင္ေမတို႔ႏွင့္ တြဲဖက္ သ႐ုပ္ေဆာင္ခဲ့သည္။ ၁၉၆ဝ ခုႏွစ္ဝန္းက်င္တြင္ ႐ုံတင္ျပသသည့္အခါ အစပိုင္းလူမဝင္၊ ဓာတ္မသိ ၾကေသး၊ ၾကည့္ၿပီးသူတိုင္းက အႀကိဳက္ေတြ႕ ခ်ီးမြမ္းေျပာဆိုလာသည့္ အတြက္ လူသိမ်ားလာၿပီး ေနာက္ပိုင္းျပသရာ ေနရာတိုင္း ႐ုံျပည့္ ႐ုံလွ်ံ၊ ဝင္ေငြစံခ်ိန္တင္သည္အထိ ေအာင္ျမင္မႈ ရခဲ့သည္။

ကိုေနဝင္းသည္ တာထြက္တစ္ကားတည္းႏွင့္ပင္ ေအာင္ျမင္မႈအထြက္ အထိပ္သို႔ ေရာက္ရွိခဲ့သည္ျဖစ္ရာ ထိုကားကို အစြဲျပဳ၍ ”ေကာလိပ္ဂ်င္ေနဝင္း”ဟု အမည္တြင္ေလသည္။ ဇာတ္ဝင္ခန္းတြင္ ေကာလိပ္ ေက်ာင္းသား ကိုသိန္းေဖ (ေကာလိပ္ဂ်င္ေနဝင္း)ႏွင့္ ေကာလိပ္ေက်ာင္းသူ မေအးစိန္(ျမင့္ျမင့္ခင္) တို႔ အျပန္အလွန္ ခ်စ္ၾကည္ႏူးေသာအၾကည့္ေလးမ်ားျဖင့္ ”ေက်ပါေနာ္ မေအးစိန္၊ ေက်ပါတယ္ ကိုသိန္းေဖ” ဆိုသည့္အေျပာေလးမ်ားသည္ ထိုစဥ္က ပရိသတ္ ပါးစပ္ဖ်ား လြန္စြာမွ ေရပန္းစားခဲ့ေလသည္။ ေဆးစက္က်ရာ အ႐ုပ္ထင္ ေကာလိပ္ဂ်င္ေနဝင္းသည္ တစ္ဟုန္ထိုးေက်ာ္ၾကားလာခဲ့ရာ ဇာတ္ကား ႐ိုက္ကူးလိုသည့္ ႐ုပ္ရွင္ ကုမၸဏီမ်ားကား ဝိုင္းဝိုင္းလည္။ ဟာသ၊ သဘာဝ၊ အလြမ္း၊ အေဆြး၊ ဇာတ္ၾကမ္း စသည္ျဖင့္ စ႐ိုက္မ်ိဳးစုံ သ႐ုပ္ေဆာင္ခဲ့ၿပီး မင္းသားခန္း၊ အေဖခန္း၊ ဦးေလးခန္း၊ အဖိုးခန္း စသည္ျဖင့္ ပါဝင္႐ိုက္ကူးခဲ့ေသာ ဇာတ္ကား ေပါင္း ၁၆ဝ ခန္႔ရွိသည္။

တစ္ေခတ္တစ္ေယာက္မဟုတ္၊ တစ္သက္ တစ္ေယာက္ဟု ဆိုေလာက္ေသာသူ သူလိုလူအတုမရွိ၊ အစားထိုးဖို႔ ခက္လွသည္။ အေျပာအဆိုဟန္ပန္အမူအရာအားလုံးကိုယ္ပိုင္ဟန္ျဖင့္ ရပ္တည္ သြားခဲ့ၿပီး စကားေျပာ အလြန္ ေကာင္းျပန္သည္။ စကားေျပာရာတြင္ ေလယူေလသိမ္းကို တစ္သမတ္တည္းမထား၊ အသံအနိမ့္အျမင့္၊ အျဖတ္ အေတာက္၊ အတက္အက်၊ လွပေအာင္ ေျပာတတ္ၿပီး လိုအပ္လွ်င္ ထန္၊ မာန္၊ အျပည့္ျဖင့္ ေျပာေလ့ရွိသည္။ မ်က္ႏွာကိုလည္း ပုံေသမထား၊ တည့္တစ္မ်ိဳး၊ ေစာင္းငဲ့၍ တစ္မ်ိဳး မ႐ိုးေအာင္ သ႐ုပ္ေဆာင္ျပတတ္သည္။

ေက်ာ္ၾကားခဲ့ေသာ ဇာတ္ကားမ်ား
======================
႐ိုက္ကူးခဲ့သည့္ ဇာတ္ကားမ်ားအနက္ ထင္ေပၚေက်ာ္ၾကားေသာ ဇာတ္ကား အခ်ိဳ႕မွာ ေယာကၡမႀကီး ေရးတဲ့ဖူးစာ၊ သီတာဘယ္သို႔ ခ်စ္ရမယ္၊ မမုန္းေလနဲ႔ ငပလီ၊ မုန္း၊ အကယ္၍သာ၊ ပန္းပန္လ်က္ပါ၊ ဇာခန္းဆီး ေနာက္ကြယ္မွာ၊ ဝမ္းနည္းဝမ္းသာ၊ ေမာင့္မူပိုင္ရွင္၊ မတဲ့အတူေန၊ စိတ္ေစတသိက္၊ ပယင္းေရာင္၊ တစ္ဦးက ေစတနာ တစ္ဦးက ေမတၱာ၊ အကာကအခ်စ္ အႏွစ္က ေမတၱာ၊ အားႏြဲ႕သူပါရွင္၊ ဆိုက္ကားသမားဘခက္၊ သီတာၿပဳံး၊ မလိခခ်စ္သူ၊ ကညာပ်ိဳနဲ႔ ဇရာအို၊ သဘင္သည္မဝင္ရ၊ သမီးေခ်ာ၊ ဘုံျပတ္ဘေမာင္၊ ေက်ာက္ဘီလူးနဲ႔ ပပဝင္း၊ ေခြၽးႏွင့္ေသြးႏွင့္ ရင္းသည့္ေျမ၊ သည္ေတာင္ကို ေမာင္ၿဖိဳပါ့မယ္၊ တယ္တညင္စသည္တို႔ ျဖစ္ပါသည္။

အကယ္ဒမီမွတ္တမ္း
==============
၁၉၆၉ ခုႏွစ္တြင္ သုဓမၼစာရီ ႐ုပ္ရွင္မွ အမ်ိဳးသားပညာဝန္ ဦးဖိုးက်ား၏ ဝတၳဳကို ဒါ႐ိုက္တာ ခင္စိုး႐ိုက္ကူးခဲ့သည့္ ”ပယင္းေရာင္” ဇာတ္ကားျဖင့္ အေကာင္းဆုံး အမ်ိဳးသား သ႐ုပ္ေဆာင္ အကယ္ဒမီထူးခြၽန္ဆုရခဲ့သည္။ ထိုကားတြင္ အရက္ေၾကာင့္ဘဝပ်က္ခဲ့ရေသာ ေက်ာင္းဆရာ အျဖစ္ ပီျပင္စြာသ႐ုပ္ေဆာင္ခဲ့သည္။ တစ္ဖန္ ၁၉၇၉ ခုႏွစ္တြင္ စံျပ႐ုပ္ရွင္မွ ဒါ႐ိုက္တာ ဦးသုခ႐ိုက္ကူးသည့္ ”အကာကအခ်စ္ အႏွစ္ကေမတၱာ” ဇာတ္ကားျဖင့္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔အကယ္ဒမီထူးခြၽန္ဆု ထပ္မံရရွိခဲ့ျပန္သည္။

အသံမင္းသားႀကီး အျဖစ္ေအာင္ျမင္
========================
႐ုပ္ရွင္တြင္သာမက ၁၉၈ဝ ျပည့္ႏွစ္ေနာက္ပိုင္း ေခတ္စားလာခဲ့ေသာ ကက္ဆက္တိတ္ေခြဇာတ္လမ္း တစ္ေခတ္ တြင္လည္း အသံျဖင့္ သ႐ုပ္ေဖာ္ရာ၌ တစ္ျဖစ္ခဲ့သူ ကက္ဆက္တိတ္ေခြဇာတ္လမ္းေပါင္း ၆ဝဝ ခန္႔ အသံသြင္း ခဲ့ၿပီး ထင္ရွားေသာ ဇာတ္လမ္းအခ်ိဳ႕မွာ ဗိုလ္ေအာင္ဒင္၊ ဗိုလ္ျမဒင္၊ က်ားဘခက္၊ အတၱအက်ဥ္းသား၊ ႏွလုံးသား၏ ေတာက္ေခါက္သံ၊ ဘုရားမႀကိဳက္တဲ့ လူမိုက္၊ ဂ်က္ကြင္းကင္းေမာင္ေမာင္၊ ေခါင္းၿမီးၿခဳံလုံပါေပ့၊ မဟူရာ၊ ပန္းေတေလ၊ မုဆိုးမေလး၊ စေနေမာင္ေမာင္ႏွင့္ နဘယံ၊ ဆားပုလင္းႏွင္းေမာင္ႏွင့္ ၿမိဳင္ရာဇာ တာေတ၊ ဆားပုလင္းႏွင္းေမာင္ႏွင့္ ေသေသာသူသည္ သုသာန္သို႔သြားသည္၊ ဆားပုလင္းႏွင္းေမာင္ႏွင့္ ဗာရာဏသီ လွေဖ၊ ဆားပုလင္းႏွင္းေမာင္ႏွင့္ မီးခဲေမာင္ေမာင္၊ သူဘုငါေဘာက္၊ ဆားပုလင္းႏွင္းေမာင္ႏွင့္ မင္းကြက္သီး သုံးလုံး စသည္တို႔ျဖစ္သည္။

ထုတ္လုပ္သူဘဝ
===========
အသက္အ႐ြယ္ေလးရလာသည့္အခါ ”မိုးျမင့္ေသာ္တာ” ႐ုပ္ရွင္ကုမၸဏီ ကို ထူေထာင္ၿပီး ဒါ႐ိုက္တာ ေမာင္မိုးသူ၏ ”တယ္တညင္” ႏွင့္ ဒါ႐ိုက္တာ ခင္ေမာင္ရင္၏ ”ဘမွန္ဘဇံ” ဇာတ္ကားမ်ား ထုတ္လုပ္ခဲ့ၿပီး ဇနီးျဖစ္သူ ေဒၚခင္မာလာကလည္း ဒါ႐ိုက္တာ ခိုင္ျမတ္ေအာင္ အမည္ခံ ကာ ခိုင္တို႔ညီအစ္မ၊ ခ်စ္ရင္မေျပးနဲ႔၊ ေမာင္ေခၚရာ လိုက္မွာလား ႐ုပ္ရွင္ကားႀကီးမ်ားႏွင့္ ဗီဒီယို ကားမ်ားစြာ ထုတ္လုပ္ခဲ့ သည္။ ေကာလိပ္ဂ်င္ေနဝင္း သည္ ခရစ္ယာန္ဘာသာဝင္တစ္ဦးျဖစ္ၿပီး ၁၉၆၃ ခုႏွစ္တြင္ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ေဇယ် (ဗမာျပည္ ကြန္ျမဴနစ္ ပါတီေပၚလစ္ ျဗဴ႐ို အဖြဲ႕ဝင္-ေတာတြင္းက်ဆုံး)၊ ေဒၚခင္တင့္တို႔၏သမီး ေဒၚခင္မာလာႏွင့္ လက္ထပ္ ခဲ့ၿပီး သႏၲာေနဝင္း၊ ရာဇာေနဝင္း (႐ုပ္ရွင္သ႐ုပ္ေဆာင္)၊ ေဟမာေနဝင္း (ေတးသံရွင္)ႏွင့္ ႐ူပါေနဝင္း တို႔ကို ေမြးဖြားခဲ့သည္။ ၂-၆-၁၉၈၃ ရက္ေန႔တြင္ ကြယ္လြန္သြား ခဲ့ၿပီျဖစ္ရာ သူကိုခ်စ္သည့္ ပရိသတ္မ်ား အေနျဖင့္ ”ဒီကိစၥႏွင့္ပတ္သက္ၿပီး ေတာ့ကာ” ဆိုတဲ့ သူရဲ႕မူပိုင္ေျပာဟန္ေျပာ သံေလး အသစ္တစ္ဖန္ ထပ္မံၾကားခြင့္ မရွိေတာ့ပါ။

Credit – ျမန္မာ့စြယ္စုံက်မ္း(အတြဲ-၁၂)
Myanmar sport history
#crd-to-ownerAung Kyaw Moe
#ေနာ္ဂဲလယ္ထူး(စာေပပရဟိတ)

Unicode
ဟင်္သာတသား ကောလိပ်ဂျင် (သို့မဟုတ်) မြန်မာ့လက်ရွေးစင် ဘောလုံးသမားဘဝမှ ရုပ်ရှင်မင်းသား ဖြစ်လာခဲ့သူ

ငယ်စဉ်ကတည်းက ဘောလုံး အလွန်ဝါသနာပါသူဖြစ်ပြီး ဘောလုံး ကစားနေရလျှင် ထမင်းမေ့ ဟင်းမေ့၊ သို့ဖြစ်၍ လူငယ်ဘဝမှာပင် ဘောလုံးထူးချွန်သူဖြစ်လာသည်။ အထက်တန်းကျောင်းသားဘဝ၊ ရေတပ်သား ဘဝ၊ တက္ကသိုလ် ကျောင်းသား ဘဝတို့တွင် ဘောလုံး ပွဲပေါင်းများစွာကစားခဲ့ပြီး ခြေစွမ်းထက်လှသည့်အတွက် မြန်မာ့ လက်ရွေးစင်ဘောလုံးသမားအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရှေ့တန်း တိုက်စစ်မှူး အဖြစ်နှင့် ပြည်တွင်း၊ ပြည်ပ ပွဲပေါင်းများစွာ ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဖြစ်ဖို့ဆိုသည်မှာလည်း လွယ်ကူသော အရာမဟုတ်၊ လွန်စွာ ခဲယဉ်းလှသည်။ ဝါသနာ အရင်းခံ၍ အောင်မြင်သော အားကစားသမားဘဝကို ပိုင်ဆိုင်ထား သည့်အတွက် ဘောလုံးမှလွဲ၍ တခြားဘာကိုမှ စိတ်မဝင်စား၊ ရုပ်ရှင် ရိုက်ဖို့ဆိုသည်က ပို၍ ဝေးသည်။ ရုပ်ရှင်ရိုက်ရန် ရည်ရွယ်ချက်မရှိ၊ သို့သော် လောကဓမ္မတာ ရည်ရွယ်သော်လည်း ဖြစ်ချင်မှဖြစ်မည်။ မရည်ရွယ်သော်လည်း ဖြစ်တတ်သည်။

အကြောင်းအကျိုးဆက်စပ်ပြီး ရုပ်ရှင်မင်းသားဖြစ်ရမည့် ကံဇာတာ ပါလာသည့်အတွက် ရှောင်လွှဲမရ ရုပ်ရှင်မင်းသားဘဝ ရောက်ခဲ့ရသည်။ တချို့ရုပ်ရှင်မင်းသားဖြစ်ချင်လွန်း၍ ငွေထုပ်ပိုက် လိုက်ခဲ့သော်ငြား မဖြစ်၊ သူကတော့ တစ်မူထူးသူဟုဆိုရမည်။ သူက ရုပ်ရှင်နောက် မလိုက် ရုပ်ရှင်က သူ့နောက်လိုက်ခဲ့ရသည့်အဖြစ်မျိုး။ သူသည် လူပျော် တစ်ယောက် Jolly Type ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် ဖော်ရွေသော အပြုံးပိုင်ရှင်၊ စိတ်ရင်းကောင်းသဘောပြည့်သည့်အတွက် ရုပ်ရှင်လောကသားအားလုံးနှင့်သင့်မြတ်ပြီး လူချစ်လူခင်ပေါသည်။ စကားပြောကောင်း၊ ဟန်ပန်အမူအရာ ကောင်းသူဖြစ်သည့်အတွက် ပရိသတ်၏ ချစ်ခင်နှစ်သက် အားပေးမှု အပြည့်အဝရရှိခဲ့သည်။ ကောလိပ်ဂျင်နေဝင်း၏ ဘဝအကြောင်းကို ဆက်လက် ဖော်ပြလိုက် ရပါသည်။

ငယ်ဘဝ
======
ငယ်နာမည် နေဒွန်း၊ အဖရဲဝန်ထောက် ဦးသက်ဖေနှင့် အမိကျောင်း ဆရာမ ဒေါ်တင်တို့က ၁-၁ဝ-၁၉၂၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဟင်္သာတ မြို့နယ် ညောင်ပင်သာရွာ၌ ပညာသင်ကြားခဲ့ကာ ဂျပန်ခေတ်တွင် ကိုးတန်းအောင်သည်။ ပညာသင်ကြားနေဆဲ အသက် (၁၈) နှစ်တွင် မိခင်ကြီးကွယ်လွန်ခဲ့ရာ စိတ်ထိခိုက်နေစဉ် ဟင်္သာတ၌ ရေတပ်သား လိုက်လံစုဆောင်းနေသည့်အချိန် နှင့်ကြုံကြိုက်၍ ရေတပ် ထဲဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ် တွင် ရေတပ်သားဘဝ ပညာတစ်ပိုင်း တစ်စနှင့် တိုးတက်ရန်လမ်းစမမြင်။ သို့ဖြစ်၍ ဒေါက်တာ မောင်မောင်ပြေ၏ အလွတ်ပညာသင်ကျောင်းတွင် ပညာဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် ၁ဝ တန်းအောင်သည်။ တက္ကသိုလ် ဆက်တက်ရန် ရေတပ်မှနုတ်ထွက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်သင်ယူခဲ့ရာ ၁၉၅၈ ခုနှစ်တွင် B.A ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဘဝ
===========================
တက္ကသိုလ်ပညာသင်ယူနေစဉ် ဘောလုံးဆက်ကစားခဲ့ရာ တက္ကသိုလ် အသင်းလက်ရွေးစင်၊ ၁၉၅၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်ဘောလုံး သမားအဖြစ် အရွေးချယ်ခံရပြီး ထိုနှစ်ထဲမှာပင် မြန်မာ့လက်ရွေးစင် ရှေ့တန်း တိုက်စစ်မှူးအဖြစ်နှင့် အင်ဒိုနီးရှား၊ ဂျပန်နှင့် တရုတ်နိုင်ငံများ သို့ လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံ၌ ကျင်းပသော အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန်လေးနိုင်ငံ ဘောလုံးဗိုလ်လုပွဲသို့ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး ထိုနှစ်ထဲမှာပင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမား ထူးချွန်ဆု ရရှိခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း ကိုခေါင်းဆောင်၍ ကာလကတ္တား ယူနီဗာစီတီ နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်ကစားခဲ့သည်။ ဘောလုံးကို သံယောဇဉ်ကြီး သလို တက္ကသိုလ်ကျောင်းသားဘဝကိုလည်း ခုံမင် တွယ်တာသည့်အတွက် ကျောင်းဆွေးဆွေး လူဆွေးဆွေး တပျော်ကြီးနေထိုင်ခဲ့ပြီး သူ့ဘဝသည် သူချစ်သည့် ဘောလုံးကဲ့သို့ ပညာကတစ်ဖက်၊ ဘောလုံးကတစ်ဖက်နှင့် လုံးလည် လိုက်နေခဲ့သော် လည်း အပူအပင်မရှိ၊ ငြီးငွေ့သည်မရှိ အမြဲပြုံးရွှင်နေသည့်သူ့ကို ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအားလုံးက ခင်ကြသည်။

ရုပ်ရှင်မင်းသားဘဝ
=============
ရုပ်ရှင်မင်းသားဘဝအစ ကံကြမ္မာဖန်လာပုံဆန်းသည်က သူရုပ်ရှင် မင်းသားလုပ်ရန် အကြောင်း ပေါ်ပေါက် လာသည်။ ရုပ်ရှင်လောက၌ နာမည်ကျော်ဝါရင့် ဒါရိုက်တာကြီးဖြစ်သူ ဦးချင်းစိန်(ရွှေညာမောင်)က ဇမ္ဗူအေး ရုပ်ရှင်ကုမ္ပဏီမှ ရုပ်ရှင်ကားတစ်ကား ရိုက်ကူးပေးရန် အပ်နှံ လာသည့်အတွက် စီစဉ်ရသည်။ စစ်ကြိုခေတ်တွင် အလွန်ကျော်ကြား လူကြိုက်များသော ဆရာဇဝန၏ ”ကောလိပ်ကျောင်းသား” ဝတ္ထုကို ကောလိပ်ဂျင်အမည်ဖြင့် ရိုက်ကူးပေးရန်ဖြစ်သည်။ ထိုကားတွင် မင်းသားလုပ်သူက ကောလိပ်ကျောင်းသားအဖြစ် သရုပ်ဆောင်ရမည်။ သို့သော် ဒါရိုက်တာက မင်းသားနှင့်တူသောမင်းသား မသုံးချင်၊ မင်းသားနှင့်မတူသော ကျောင်းသားစစ်စစ် ကိုသာ သုံးချင်သည်။ ထိုအခါ ဇမ္ဗူအေးရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်မြင့်မြင့်က ဒါရိုက်တာ၏ ဆန္ဒကို ဖြည့်ဆည်းရန် ၄င်း၏ မိတ်ဆွေတက္ကသိုလ် ဘောလုံးနည်းပြ ဆရာငြိမ်းကို အပူကပ်ရတော့သည်။ ဒေါ်မြင့်မြင့်က ရုပ်ရှင် ရိုက်ရန် အတွက် တက္ကသိုလ်ကျောင်းသားတစ်ဦးရှာပေးပါရန် ပြောသည်နှင့် ချက်ခြင်း ဆရာငြိမ်းသည် သူ့၏ တပည့်ရင်း ကိုနေဝင်းကို မျက်လုံး ထဲပြေးမြင် လိုက်ပြီး ဒေါ်မြင့်မြင့် စိတ်တိုင်းကျစေရမည်ဟု ကတိပေး သည်။ ဆရာငြိမ်းက ထိုအခွင့်အရေးကို လက်လွှတ်မခံချင်၊ သူ့တပည့်ကောင်းစားတာကို မြင်လိုသည်။ ဆရာငြိမ်းက ထိုကိစ္စ ကိုနေဝင်းကိုပြောပြသည့်အခါ လက်မခံချင်၊ သို့သော် ဆရာ့စေတနာကို ငြင်းပယ်ရန်မသင့်ဟုယူဆ၍ ခေါင်းညိတ် လိုက်လေသည်။

ဆရာငြိမ်းက ကိုနေဝင်းလက်ဆွဲပြီး ဒါရိုက်တာဦးချင်းစိန်ရှိရာသို့ အသော့ နှင်လေ ၏။ ဒါရိုက်တာကလည်း အပွေးမြင် အပင်သိ၊ ကိုနေဝင်း၏ အသွင် သဏ္ဌာန်ကို မြင်မြင်ချင်းသဘောကျပြီး အကဲခတ် ရင်း စကားပြော ကြည့်ရာ ကိုနေဝင်း၌ ကိန်းအောင်းနေသည့် အနုပညာ ပင်ကိုစွမ်းရည်ရှိကြောင်း သိလိုက်ရကာ သူလိုချင်သော ဇာတ်ကောင်ကို သိန်းဖေ၏ စရိုက်နှင့် ကိုက်ညီနေသည့်အတွက် ကားရိုက်ရန် အမြန်ဆုံး စီစဉ်တော့သည်။ ကောလိပ်ဂျင်နေဝင်းအမည်ရ ”ကောလိပ်ဂျင်” ဇာတ်ကားတွင် ကိုနေဝင်းသည် မင်းသား ကိုနေဝင်း (ဘီအေ) အမည်ကို အသုံးပြုခဲ့ပြီး မင်းသမီး မြင့်မြင့်ခင်၊ သိန်းဆွေမြင့်၊ ချစ်ဆွေလေး၊ ရွှေစင်မေတို့နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။ ၁၉၆ဝ ခုနှစ်ဝန်းကျင်တွင် ရုံတင်ပြသသည့်အခါ အစပိုင်းလူမဝင်၊ ဓာတ်မသိ ကြသေး၊ ကြည့်ပြီးသူတိုင်းက အကြိုက်တွေ့ ချီးမွမ်းပြောဆိုလာသည့် အတွက် လူသိများလာပြီး နောက်ပိုင်းပြသရာ နေရာတိုင်း ရုံပြည့် ရုံလျှံ၊ ဝင်ငွေစံချိန်တင်သည်အထိ အောင်မြင်မှု ရခဲ့သည်။

ကိုနေဝင်းသည် တာထွက်တစ်ကားတည်းနှင့်ပင် အောင်မြင်မှုအထွက် အထိပ်သို့ ရောက်ရှိခဲ့သည်ဖြစ်ရာ ထိုကားကို အစွဲပြု၍ ”ကောလိပ်ဂျင်နေဝင်း”ဟု အမည်တွင်လေသည်။ ဇာတ်ဝင်ခန်းတွင် ကောလိပ် ကျောင်းသား ကိုသိန်းဖေ (ကောလိပ်ဂျင်နေဝင်း)နှင့် ကောလိပ်ကျောင်းသူ မအေးစိန်(မြင့်မြင့်ခင်) တို့ အပြန်အလှန် ချစ်ကြည်နူးသောအကြည့်လေးများဖြင့် ”ကျေပါနော် မအေးစိန်၊ ကျေပါတယ် ကိုသိန်းဖေ” ဆိုသည့်အပြောလေးများသည် ထိုစဉ်က ပရိသတ် ပါးစပ်ဖျား လွန်စွာမှ ရေပန်းစားခဲ့လေသည်။ ဆေးစက်ကျရာ အရုပ်ထင် ကောလိပ်ဂျင်နေဝင်းသည် တစ်ဟုန်ထိုးကျော်ကြားလာခဲ့ရာ ဇာတ်ကား ရိုက်ကူးလိုသည့် ရုပ်ရှင် ကုမ္ပဏီများကား ဝိုင်းဝိုင်းလည်။ ဟာသ၊ သဘာဝ၊ အလွမ်း၊ အဆွေး၊ ဇာတ်ကြမ်း စသည်ဖြင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး မင်းသားခန်း၊ အဖေခန်း၊ ဦးလေးခန်း၊ အဖိုးခန်း စသည်ဖြင့် ပါဝင်ရိုက်ကူးခဲ့သော ဇာတ်ကား ပေါင်း ၁၆ဝ ခန့်ရှိသည်။

တစ်ခေတ်တစ်ယောက်မဟုတ်၊ တစ်သက် တစ်ယောက်ဟု ဆိုလောက်သောသူ သူလိုလူအတုမရှိ၊ အစားထိုးဖို့ ခက်လှသည်။ အပြောအဆိုဟန်ပန်အမူအရာအားလုံးကိုယ်ပိုင်ဟန်ဖြင့် ရပ်တည် သွားခဲ့ပြီး စကားပြော အလွန် ကောင်းပြန်သည်။ စကားပြောရာတွင် လေယူလေသိမ်းကို တစ်သမတ်တည်းမထား၊ အသံအနိမ့်အမြင့်၊ အဖြတ် အတောက်၊ အတက်အကျ၊ လှပအောင် ပြောတတ်ပြီး လိုအပ်လျှင် ထန်၊ မာန်၊ အပြည့်ဖြင့် ပြောလေ့ရှိသည်။ မျက်နှာကိုလည်း ပုံသေမထား၊ တည့်တစ်မျိုး၊ စောင်းငဲ့၍ တစ်မျိုး မရိုးအောင် သရုပ်ဆောင်ပြတတ်သည်။

ကျော်ကြားခဲ့သော ဇာတ်ကားများ
======================
ရိုက်ကူးခဲ့သည့် ဇာတ်ကားများအနက် ထင်ပေါ်ကျော်ကြားသော ဇာတ်ကား အချို့မှာ ယောက္ခမကြီး ရေးတဲ့ဖူးစာ၊ သီတာဘယ်သို့ ချစ်ရမယ်၊ မမုန်းလေနဲ့ ငပလီ၊ မုန်း၊ အကယ်၍သာ၊ ပန်းပန်လျက်ပါ၊ ဇာခန်းဆီး နောက်ကွယ်မှာ၊ ဝမ်းနည်းဝမ်းသာ၊ မောင့်မူပိုင်ရှင်၊ မတဲ့အတူနေ၊ စိတ်စေတသိက်၊ ပယင်းရောင်၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ အကာကအချစ် အနှစ်က မေတ္တာ၊ အားနွဲ့သူပါရှင်၊ ဆိုက်ကားသမားဘခက်၊ သီတာပြုံး၊ မလိခချစ်သူ၊ ကညာပျိုနဲ့ ဇရာအို၊ သဘင်သည်မဝင်ရ၊ သမီးချော၊ ဘုံပြတ်ဘမောင်၊ ကျောက်ဘီလူးနဲ့ ပပဝင်း၊ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ တယ်တညင်စသည်တို့ ဖြစ်ပါသည်။

အကယ်ဒမီမှတ်တမ်း
==============
၁၉၆၉ ခုနှစ်တွင် သုဓမ္မစာရီ ရုပ်ရှင်မှ အမျိုးသားပညာဝန် ဦးဖိုးကျား၏ ဝတ္ထုကို ဒါရိုက်တာ ခင်စိုးရိုက်ကူးခဲ့သည့် ”ပယင်းရောင်” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုရခဲ့သည်။ ထိုကားတွင် အရက်ကြောင့်ဘဝပျက်ခဲ့ရသော ကျောင်းဆရာ အဖြစ် ပီပြင်စွာသရုပ်ဆောင်ခဲ့သည်။ တစ်ဖန် ၁၉၇၉ ခုနှစ်တွင် စံပြရုပ်ရှင်မှ ဒါရိုက်တာ ဦးသုခရိုက်ကူးသည့် ”အကာကအချစ် အနှစ်ကမေတ္တာ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့အကယ်ဒမီထူးချွန်ဆု ထပ်မံရရှိခဲ့ပြန်သည်။

အသံမင်းသားကြီး အဖြစ်အောင်မြင်
========================
ရုပ်ရှင်တွင်သာမက ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ခေတ်စားလာခဲ့သော ကက်ဆက်တိတ်ခွေဇာတ်လမ်း တစ်ခေတ် တွင်လည်း အသံဖြင့် သရုပ်ဖော်ရာ၌ တစ်ဖြစ်ခဲ့သူ ကက်ဆက်တိတ်ခွေဇာတ်လမ်းပေါင်း ၆ဝဝ ခန့် အသံသွင်း ခဲ့ပြီး ထင်ရှားသော ဇာတ်လမ်းအချို့မှာ ဗိုလ်အောင်ဒင်၊ ဗိုလ်မြဒင်၊ ကျားဘခက်၊ အတ္တအကျဉ်းသား၊ နှလုံးသား၏ တောက်ခေါက်သံ၊ ဘုရားမကြိုက်တဲ့ လူမိုက်၊ ဂျက်ကွင်းကင်းမောင်မောင်၊ ခေါင်းမြီးခြုံလုံပါပေ့၊ မဟူရာ၊ ပန်းတေလေ၊ မုဆိုးမလေး၊ စနေမောင်မောင်နှင့် နဘယံ၊ ဆားပုလင်းနှင်းမောင်နှင့် မြိုင်ရာဇာ တာတေ၊ ဆားပုလင်းနှင်းမောင်နှင့် သေသောသူသည် သုသာန်သို့သွားသည်၊ ဆားပုလင်းနှင်းမောင်နှင့် ဗာရာဏသီ လှဖေ၊ ဆားပုလင်းနှင်းမောင်နှင့် မီးခဲမောင်မောင်၊ သူဘုငါဘောက်၊ ဆားပုလင်းနှင်းမောင်နှင့် မင်းကွက်သီး သုံးလုံး စသည်တို့ဖြစ်သည်။

ထုတ်လုပ်သူဘဝ
===========
အသက်အရွယ်လေးရလာသည့်အခါ ”မိုးမြင့်သော်တာ” ရုပ်ရှင်ကုမ္ပဏီ ကို ထူထောင်ပြီး ဒါရိုက်တာ မောင်မိုးသူ၏ ”တယ်တညင်” နှင့် ဒါရိုက်တာ ခင်မောင်ရင်၏ ”ဘမှန်ဘဇံ” ဇာတ်ကားများ ထုတ်လုပ်ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ခင်မာလာကလည်း ဒါရိုက်တာ ခိုင်မြတ်အောင် အမည်ခံ ကာ ခိုင်တို့ညီအစ်မ၊ ချစ်ရင်မပြေးနဲ့၊ မောင်ခေါ်ရာ လိုက်မှာလား ရုပ်ရှင်ကားကြီးများနှင့် ဗီဒီယို ကားများစွာ ထုတ်လုပ်ခဲ့ သည်။ ကောလိပ်ဂျင်နေဝင်း သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ (ဗမာပြည် ကွန်မြူနစ် ပါတီပေါ်လစ် ဗြူရို အဖွဲ့ဝင်-တောတွင်းကျဆုံး)၊ ဒေါ်ခင်တင့်တို့၏သမီး ဒေါ်ခင်မာလာနှင့် လက်ထပ် ခဲ့ပြီး သန္တာနေဝင်း၊ ရာဇာနေဝင်း (ရုပ်ရှင်သရုပ်ဆောင်)၊ ဟေမာနေဝင်း (တေးသံရှင်)နှင့် ရူပါနေဝင်း တို့ကို မွေးဖွားခဲ့သည်။ ၂-၆-၁၉၈၃ ရက်နေ့တွင် ကွယ်လွန်သွား ခဲ့ပြီဖြစ်ရာ သူကိုချစ်သည့် ပရိသတ်များ အနေဖြင့် ”ဒီကိစ္စနှင့်ပတ်သက်ပြီး တော့ကာ” ဆိုတဲ့ သူရဲ့မူပိုင်ပြောဟန်ပြော သံလေး အသစ်တစ်ဖန် ထပ်မံကြားခွင့် မရှိတော့ပါ။

Credit – မြန်မာ့စွယ်စုံကျမ်း(အတွဲ-၁၂)
Myanmar sport history
#crd-to-ownerAung Kyaw Moe
#နော်ဂဲလယ်ထူး(စာပေပရဟိတ)

Crd



Post Views:
8

Crd