modern warfareအတွက်အကျိုးသက်ရောက်မှုရှိလှသောM47 Dragonပဲ့ထိန်းတင့်ဖျက်ဒုံး

Militarily

modern warfare အတွက် အကျိုးသက်ရောက်မှုရှိလှ သော M47 Dragon ပဲ့ထိန်းတင့်ဖျက်ဒုံးကို အမေရိကန် စစ်တပ်အတွက် ၁၉၇၅ တွင် ထုတ်လုပ်ပေးခဲ့သည်။ ဒုံး အလျား ၈၅၆ မီလီမီတာ၊ ဒုံးအချင်း ၁၂၇ မီတာ အရွယ် အစားရှိကာ ဒုံးအလေးချိန် ၁၀.၇ ကီလိုဂရမ် ရှိပြီး၊ ၂.၅ ကီလိုဂရမ်ရှိသော ပေါက်ကွဲအားပြင်း HEAT ထိပ်ဖူးများကို တပ်ဆင်ထားသည်။ ပစ်ခတ်မှုလမ်းညွှန်စနစ်အနေဖြင့် Wire-guided ကိုအသုံးပြုထားကာ သံချပ်ကာဖောက်ထွင်း နိုင်မှု(Armor Peneration)အနေဖြင့် ၄၆၀ မီလီမီတာ ရှိ သော သံချပ်ကာအထူဖြစ်သည်။

အသုံးပြုပစ်ခတ်မှုအနေဖြင့် single infantryman ဖြစ် သည်။ M47 Dragon အနေဖြင့် ရန်သူ၏ တင့်နှင့်သံချပ် ကာများကို ကြားအကွာအဝေးမှ engage ပြုလုပ်နိုင်သည်။ အသုံးပြုသည့်နိုင်ငံများအနေဖြင့် ဒိန်းမတ်၊ အစ္စရေး၊ ဂျော်ဒန်၊ အီရန်(ယခင်မဟာမိတ်)၊ မော်ရိုကို၊ နယ်သာလန်၊ တောင်ကိုးရီးယား၊ ဆော်ဒီအာရေဗျ၊ စပိန်နှင့် ထိုင်ဝမ် တို့ဖြစ်သည်။ စတင်ထုတ်လုပ်သည်မှ နှစ်ပေါင်း ၂၀ အတွင်း M47 Dragon အလက်ရေ ၂၅၀၀၀၀ အထိ ထုတ်လုပ်ပေး ခဲ့သည်။

TOW တင့်ဖျက်ဒုံးများနှင့်ပူးပေါင်းကာ ဆိုဗီယက် လုပ် T-55, T-62, T-64, T-72, T-80 တင့်ကားများကို တိုက် ခိုက်ရာတွင် ပါဝင်ကူညီခဲ့သည်။M47 Dragon ၏ မျိုးကွဲများအနေဖြင့် Dragon II ကို အမေရိကန် Marine Corps အတွက် ၁၉၈၈ တွင်ထုတ် လုပ်ပေးခဲ့ကာ စတင်ထုတ်လုပ်သည့် ATGM ထက် သံချပ် ကာဖောက်ထွင်းမှုအားကောင်းလာသည်။ Dragon III အနေဖြင့် ပစ်ခတ်နိုင်သည့် အကွာအဝေးပိုမိုလာကာ ၁.၅ ကီလိုမီတာ အကွာအဝေးရှိ တင့်နှင့်သံချပ်ကာ ပစ်မှတ်များ ကိုတိုက်ခိုက်နိုင်လာသည်။

Dragon III တွင် tandem HEAT warhead ကိုအသုံးပြုခဲ့သည်။ သို့သော် ၁၉၈၉ တွင် program ကိုဖျက်သိမ်းခဲ့သည်။ Super Dragon မျိုးကွဲ အနေဖြင့် ၁.၅ ကီလိုမီတာ အကွာအဝေးထက် ပိုမိုပစ်ခတ် နိုင်လာသည့်အပြင် သံချပ်ကာဖောက်ထွင်းမှုလည်း အား ကောင်းလာသည်။ အီရန်မှထုတ်လုပ်သည့် Saeghe တင့် ဖျက်ဒုံးသည် M47 Dragon ၏ copy သာလျှင်ဖြစ်သည်။

credit – KokolinOo

Leave a Reply