ပြင်သစ်တပ်ဖွဲ့များအသုံးပြုလျှက်ရှိသည့် MILAN ပဲ့ထိန်း တင့်ဖျက်ဒုံးနေရာတွင် အစားထိုးရန်အတွက် ၂၀၁၇ မှစတင် ကာ MBDA မှ MMP အမည်ရှိ Anti-tank guided missile(ATGM)ကို ထုတ်လုပ်ပေးခဲ့သည်။ ပြင်သစ်စစ် တပ်၏ medium-range လိုအပ်ချက်အရ MBDA အနေ ဖြင့် launcher အစုံ ၄၀၀ နှင့် ဒုံး ၂၈၅၀ စင်းကို လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည်။


MMP မှာ fifth generation ATGM ဖြစ်ကာ tandem HEAT warhead ကိုတပ်ဆင် ပစ်ခတ်သောကြောင့် ၁၀၀၀ မီလီမီတာ အထူရှိသော သံချပ်ကာနှင့် ၂၀၀၀ မီလီမီတာ အထူရှိသော ကွန်ကရိကိုဖောက် ထွင်းနိုင်စွမ်းရှိသည်။ ဒုံးအလျား ၁၃၀၀ မီလီမီတာ၊ အချင်း ၁၄၀ မီလီမီတာ၊ အလေးချိန် ၁၅ ကီလိုဂရမ်ရှိသော်လည်း ဒုံးပစ်လောင်ဂျာ၏ အလေးချိန်မှာ ၁၁ ကီလိုဂရမ် ရှိသည်။

အလေးချိန်ပေါ့ပါးသဖြင့် စစ်သည်တစ်ဦးတည်း ပခုံးထမ်းပစ်ခတ်ခြင်း၊သုံးချောင်းထောက်(tripod)တွင်တပ်ဆင်ပစ် ခတ်ခြင်းအပြင် ပြင်သစ်၏ Sherpa (multi-purpose vehicle)တွင် တပ်ဆင်ပြီး အဝေးထိန်းချုပ်ပစ်ခတ်စနစ် (RCWS)ဖြင့် ပစ်ခတ်နိုင်ရန် ဆောင်ရွက်ထားရှိသည်။ MMP တင့်ဖျက်ဒုံးနည်းပညာကို ပြင်သစ်တို့အနေဖြင့် ကာလကြာရှည်စွာ ရင်းနှီးမြှပ်နှံပြီးမှ ပေါ်ထွက်လာခြင်းဖြစ် သည်။ MMP အား extreme targets ကို non-line-of- sight(NLOS)ဖြင့် ပစ်ခတ်နိုင်ရန် ကမ်းလှမ်းထားရှိသည်။ MMP ၏ ပစ်ခတ်မှုလမ်းညွှန်စနစ်အနေဖြင့် Imaging infrared/TV ဖြစ်သည်။


credit – KokolinOo