Mini Resort ၁ ခုလုံးကို လျှပ်စစ် ဓါတ်အားပေးနိုင်တဲ့ Hyundai ရဲ့ Ioniq 5s လျှပ်စစ်ကား

ကားထုတ်လုပ်သူတွေဟာ လျှပ်စစ်ကားတွေကနေ နေအိမ်တွေနဲ့ အိမ်သုံး ပစ္စည်းတွေကို အားသွင်းပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ လျှပ်စစ်ကားတွေကို ရွေ့လျှား မီးစက်အဖြစ် ဖန်တီးနေကြတာပါ။ အခုတော့ Hyundai က သူ့ရဲ့ Ioniq 5 လျှပ်စစ်ကားဟာ Mini Resort ၁ ခုကို လျှပ်စစ် ဓါတ်အားပေးနိုင်တယ်ဆိုတာ သက်သေပြလိုက်ပါတယ်။
အဲဒီလို သက်သေပြဖို့အတွက် Hotel Huyndai အမည်ရ Mini Resort ၁ ခုကို Hyundai က တည်ဆောက်ထားပြီး ပင်မ ဧည့်သည်ဆောင်၊ စားသောက်ဆိုင်၊ ဘားနဲ့ ရုပ်ရှင်ကြည့်တဲ့ ဧရိယာတွေ ပါပါတယ်။ အဲဒီ ဧရိယာ ၁ ခုချင်းစီအတွက် Ioniq 5 ကား တစ်စီးစီက လျှပ်စစ်ဓါတ်အားပေးထားပါတယ်။
ကားဟာ ဧည့်သည်ဆောင်က မီးလုံး၊ မီးဖိုချောင်သုံး ပစ္စည်းနဲ့ တခြား ပစ္စည်း အားလုံးကို လျှပ်စစ် ဓါတ်အားပေးနိုင်ပါတယ်။ ရုပ်ရှင်ကြည့်တဲ့ ဧရိယာက Film Projector , Speaker နဲ့ ပေါက်ပေါက်ဖောက်စက် အားလုံးကို လျှပ်စစ်ကားက ဓါတ်အားပေးနိုင်ပါတယ်။
အဲဒီ Mini Resort မှာ ဧည့်သည်တွေကို လက်ခံထားပြီး ၁၄ ရက်အထိ နေထိုင်ခွင့်ပေးထားပါတယ်။ Mini Resort ၁ ခုလုံးကို လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့ Hyundai ရဲ့ Ioniq 5 ရဲ့ အစွမ်းက အံ့မခန်းပါပဲ။
Ref : jalopnik