Running Man အစီစဉ်တွင် Kim Jong Kookနဲ့ Love Line ရိုက်ကူးဖို့ လက်ခံခဲ့တဲ့ Song Ji Hyo

Korea News

Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။

Running Man အစီစဉ်တွင် Kim Jong Kookနဲ့ Love Line ရိုက်ကူးဖို့ လက်ခံခဲ့တဲ့ Song Ji Hyo

စက်တင်ဘာလ ၅ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ‘Running Man’ အစီအစဉ်ဟာဆိုရင် ယခင်အတိုင်း ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်ပြောပြရင်း စတင်ခဲ့ပါတယ်၊

စစချင်းမှာ Yoo Jae Suk က Ji Suk Jin ရဲ့ ယခင်ဖြေဖူးခဲ့တဲ့ အင်တာဗျုးကို ရည်ညွှန်းကာ “ Ji Suk Jin နဲ့ပတ်သက်ပြီး အငြင်းပွားစရာ ရှိတယ်” ဆိုပြီး ပြောခဲ့ပါတယ်၊ အင်တာဗျူးမှာ Ji Suk Jin က သူဟာ TV အစီအစဉ် ‌တွေမှာ အချိန်အကြာကြီး ပါဝင်ဖို့ မရည်ရွယ်ထားပဲ YouTubeလို မျိုး တခြားနယ်ပယ်တွေမှာ အသစ်အဆန်းတခုခုကိုကြိုးစားကြည့်ချင်ခဲ့ကြောင်း ပြောပြထားပါတယ်၊ Yoo Jae Suk ကတော့ “ဒါငွေကို ကြည့်တာပဲ “လို့ နောက်ပြောင်ခဲ့ပါတယ်၊

Ji Suk Jinကိုစနောက်ပြီးတဲ့အခါမှာ Yoo Jae Suk ဟာ တခြားတယောက်ကို ပစ်မှတ်ထားလိုက်ပါတယ်၊” ငါ Ji Hyo ရဲ့ အင်တာဗျူးတွကိုလည်း ကြားပါတယ်”လို့ပြောပြီး အင်တာဗျူးမှာ Song Ji Hyo ပြောခဲ့တဲ့ စကားတချို့ကို ဖတ်ပြခဲ့ပါတယ်၊” Chemistry အရဆိုရင် Kim Jong Kookနဲ့ Love Line ရိုက်ကူးရန် လက်ခံဖို့ ဆုံးဖြတ်ပြီးပါပြီ”

Love Line ဆိုတာ များသောအားဖြင့် TV show တွေမှာ ပြုလုပ်လေ့ရှိကြပြီး လူနှစ်ယောက်ကြားက ဆက်ဆံရေးကို ဆိုလိုတာဖြစ်ပါတယ်၊ ရသစုံရှိုးတွေမှာ Love Line ရိုက်ကူးမယ်ဆိုရင် လူနှစ်ယောက်ဟာ ချစ်ကြည်နူးဖွယ် ပတ်သက်ရမှာဖြစ်ပါတယ်၊

Kim Jong Kook က စိတ်ဆိုးဟန်ဆောင်၍ “ တကယ် လက်ခံလိုက်တာလား”လို့ဆိုပါတယ်၊ HaHa က “ Kim Jong Kookကတော့ Song Ji Hyo ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပါပြီ” လို့ အရွှန်းဖောက်ခဲ့ပါတယ်၊ Jun So Min ကတော့ ရယ်မောကာ “ ဆယ်နှစ်လောက်ကြာခဲ့ပေမယ့် အခုတော့ အောင်မြင်သွားပြီ”လို့စနောက်ခဲ့ပါတယ်၊Kim Jong Kook ကတော့ “လက်ခံတယ်”ဆိုတဲ့ စကားကိုသာ အာရုံစိုက်နေပြီး “အရင်ကဆို Love Lineနဲ့ပတ်သက်ရင် မတုန်မလှုပ်ဖြစ်နေတဲ့ လူက အခု လက်ခံတယ်ပေါ့ဟုတ်လား”လို့မေးပါတယ်၊ Song Ji Hyo က “ ငါအရင်ထဲက ဆုံးဖြတ်ပြီးသားပါ၊ အင်တာဗျူးမှာ ဒီတိုင်းပြောလိုက်တာ”လို့ပြန်ရှင်းပြထားပါတယ်၊

ဒါ့အပြင် “ တုံ့ပြန်မှုတွေက တော်တော်လေး အားရစရာကောင်းတယ်လေ၊ အဲ့တော့ ပျော်စရာကောင်းမယ်ထင်တယ်” လို့ Song Ji Hyo က ဆိုပါတယ်၊

Yoo Jae Sukက “Kim Jong Kookနဲ့ Song Ji Hyo ရယ်၊ Jun So Min နဲ့ Yang Se Chan တို့က ငါအကြိုက်ဆုံးအတွဲပဲ”လို့ ပြောလိုက်တဲ့အခါ အငယ်ဆုံး အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Jun So Min နဲ့ Yang Se Chan တို့က “ငါတို့နှစ်ယောက်ရောပါတာလား”အံ့ဩပြီး ပြောခဲ့ပါတယ်၊

ဒီအကြောင်းလေးဖတ်နေချိန် သင်ပြုံးနေခဲ့ရင် နောက်လူပြူံးရအောင် share ခဲ့ပေးပါ။

Ref : Soompi
Trans : Evelyn

zawgyi

Running Man အစီစဥ္တြင္ Kim Jong Kookနဲ႔ Love Line ရိုက္ကူးဖို႔ လက္ခံခဲ့တဲ့ Song Ji Hyo

စက္တင္ဘာလ ၅ ရက္ေန႔က ရိုက္ကူးခဲ့တဲ့ ‘Running Man’ အစီအစဥ္ဟာဆိုရင္ ယခင္အတိုင္း ရက္သတၱပတ္အတြင္း ျပဳလုပ္ခဲ့တဲ့အေၾကာင္းအရာေတြကို ျပန္ေျပာျပရင္း စတင္ခဲ့ပါတယ္၊

စစခ်င္းမွာ Yoo Jae Suk က Ji Suk Jin ရဲ့ ယခင္ေျဖဖူးခဲ့တဲ့ အင္တာဗ်ဳးကို ရည္ညႊန္းကာ “ Ji Suk Jin နဲ႔ပတ္သက္ၿပီး အျငင္းပြားစရာ ရွိတယ္” ဆိုၿပီး ေျပာခဲ့ပါတယ္၊ အင္တာဗ်ဴးမွာ Ji Suk Jin က သူဟာ TV အစီအစဥ္ ‌ေတြမွာ အခ်ိန္အၾကာႀကီး ပါဝင္ဖို႔ မရည္ရြယ္ထားပဲ YouTubeလို မ်ိဳး တျခားနယ္ပယ္ေတြမွာ အသစ္အဆန္းတခုခုကိုႀကိဳးစားၾကည့္ခ်င္ခဲ့ေၾကာင္း ေျပာျပထားပါတယ္၊ Yoo Jae Suk ကေတာ့ “ဒါေငြကို ၾကည့္တာပဲ “လို႔ ေနာက္ေျပာင္ခဲ့ပါတယ္၊

Ji Suk Jinကိုစေနာက္ၿပီးတဲ့အခါမွာ Yoo Jae Suk ဟာ တျခားတေယာက္ကို ပစ္မွတ္ထားလိုက္ပါတယ္၊” ငါ Ji Hyo ရဲ့ အင္တာဗ်ဴးတြကိုလည္း ၾကားပါတယ္”လို႔ေျပာၿပီး အင္တာဗ်ဴးမွာ Song Ji Hyo ေျပာခဲ့တဲ့ စကားတခ်ိဳ႕ကို ဖတ္ျပခဲ့ပါတယ္၊” Chemistry အရဆိုရင္ Kim Jong Kookနဲ႔ Love Line ရိုက္ကူးရန္ လက္ခံဖို႔ ဆုံးျဖတ္ၿပီးပါၿပီ”

Love Line ဆိုတာ မ်ားေသာအားျဖင့္ TV show ေတြမွာ ျပဳလုပ္ေလ့ရွိၾကၿပီး လူႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို ဆိုလိုတာျဖစ္ပါတယ္၊ ရသစုံရွိုးေတြမွာ Love Line ရိုက္ကူးမယ္ဆိုရင္ လူႏွစ္ေယာက္ဟာ ခ်စ္ၾကည္ႏူးဖြယ္ ပတ္သက္ရမွာျဖစ္ပါတယ္၊

Kim Jong Kook က စိတ္ဆိုးဟန္ေဆာင္၍ “ တကယ္ လက္ခံလိုက္တာလား”လို႔ဆိုပါတယ္၊ HaHa က “ Kim Jong Kookကေတာ့ Song Ji Hyo ရဲ့ စမ္းသပ္မႈကို ေအာင္ျမင္သြားပါၿပီ” လို႔ အရႊန္းေဖာက္ခဲ့ပါတယ္၊ Jun So Min ကေတာ့ ရယ္ေမာကာ “ ဆယ္ႏွစ္ေလာက္ၾကာခဲ့ေပမယ့္ အခုေတာ့ ေအာင္ျမင္သြားၿပီ”လို႔စေနာက္ခဲ့ပါတယ္၊Kim Jong Kook ကေတာ့ “လက္ခံတယ္”ဆိုတဲ့ စကားကိုသာ အာ႐ုံစိုက္ေနၿပီး “အရင္ကဆို Love Lineနဲ႔ပတ္သက္ရင္ မတုန္မလႈပ္ျဖစ္ေနတဲ့ လူက အခု လက္ခံတယ္ေပါ့ဟုတ္လား”လို႔ေမးပါတယ္၊ Song Ji Hyo က “ ငါအရင္ထဲက ဆုံးျဖတ္ၿပီးသားပါ၊ အင္တာဗ်ဴးမွာ ဒီတိုင္းေျပာလိုက္တာ”လို႔ျပန္ရွင္းျပထားပါတယ္၊

ဒါ့အျပင္ “ တုံ႔ျပန္မႈေတြက ေတာ္ေတာ္ေလး အားရစရာေကာင္းတယ္ေလ၊ အဲ့ေတာ့ ေပ်ာ္စရာေကာင္းမယ္ထင္တယ္” လို႔ Song Ji Hyo က ဆိုပါတယ္၊

Yoo Jae Sukက “Kim Jong Kookနဲ႔ Song Ji Hyo ရယ္၊ Jun So Min နဲ႔ Yang Se Chan တို႔က ငါအႀကိဳက္ဆုံးအတြဲပဲ”လို႔ ေျပာလိုက္တဲ့အခါ အငယ္ဆုံး အဖြဲ႕ဝင္ႏွစ္ေယာက္ျဖစ္တဲ့ Jun So Min နဲ႔ Yang Se Chan တို႔က “ငါတို႔ႏွစ္ေယာက္ေရာပါတာလား”အံ့ဩၿပီး ေျပာခဲ့ပါတယ္၊

ဒီအေၾကာင္းေလးဖတ္ေနခ်ိန္ သင္ျပဳံးေနခဲ့ရင္ ေနာက္လူျပဴံးရေအာင္ share ခဲ့ေပးပါ။

Ref : Soompi
Trans : Evelyn

Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။