India ရေတပ်၏ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သဘ်ော INS Vikrant ပင်လယ်ပြင်သို့ထွက်ခွာလာ
India ရေတပ်၏ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သဘ်ော INS Vikrant သည် ပင်လယ်ပြင်လက်တွေ့စမ်းသပ်ချက်များကိုဆောင်ရွက်ရန်အတွက်ယနေ့တွင်ပင်လယ်ပြင်သို့ထွက်ခွာလာခဲ့ပါတယ်

ထိုသဘ်ောကြီးသည် India navy၏ပထမဆုံးပြည်တွင်းထုတ်လေယာဉ်တင်သဘ်ောကြီးဖြစ်ပြီး Cochin shipyard limitedမှ တာ၀န်ယူတည်ဆောက်ပေးခဲ့တာပဲဖြစ်ပါတယ် 2013ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး2022တွင်တပ်တော်၀င်အသုံးပြုဖို့ရန်အတွက်ရည်မှန်းထားပါတယ်။

တန်ချိန်45000ရှိတဲ့ထိုသဘ်ောကြီးသည်အလျား262မီတာ၊အနံ62မီတာ၊ရေစူး8.4မီတာရှိပါတယ်။အင်ဂျင်အနေဖြင့် General Electric LM2500+ gas turbine 4လုံးနှင့် Elecon COGAG 2လုံးတို့ကိုတပ်ဆင်ထားပါတယ်။တစ်နာရီလျှင်ရေမိုင်30အထိခုတ်မောင်းနိုင်ပြီးရေမိုင်8000အထိမနားတမ်းခုတ်မောင်းနိုင်မှာပဲ
ဖြစ်ပါတယ်။

လေယာဉ်တင်သဘ်ောကြီးတွင် အရာရှိ 196ဦးနှင့်အတူAir crewများနှင့်သဘ်ောအမှုထမ်း 1449 ဦးပါ၀င်ပါတယ်ရေဒါနှင့်sensorsစနစ်များအနေဖြင့် အစ္စရေးနိုင်ငံIsrael Aerospace industriesမှထုတ်လုပ်သောEL/M-2248 MFSTAR S-band AESA ဘက်စုံသုံးရေဒါကိုတပ်ဆင်ထားပြီး လေကြောင်းထောက်လှမ်းရေးရေဒါအနေဖြင့် အီတလီနိုင်ငံ Leonardo ကုမ္ပဏီထုတ်Selex RAN-40L (သို့မဟုတ်) စပိန်နိုင်ငံ INDRA ကုမ္ပဏီထုတ် Lanza-N ကိုတပ်ဆင်ထားပါတယ်။

လက်နက်တပ်ဆင်မှုအနေဖြင့် VLS cells 64ခုတွင်0.5kmမှ150kmအထိပစ်ခတ်နိုင်သော Barak-8လေကာဒုံး 64စင်းကိုတပ်ဆင်ထားပါတယ်။ထို့အပြင် 76mm OTO Melara ရေတပ်သုံးအမြောက်လေးလက်။အနီးကပ်လေကြောင်းရန်ကာကွယ်ရေးချေမှုန်းရေးလက်နက် CIWS အဖြစ် AK-630 လေးလက်တို့ကိုတပ်ဆင်ထားပါတယ်။
လေယာဉ် ရဟတ်ယာဉ် 36စင်းမှအစင်း40အထိတင်ဆောင်နိုငိပြီး carrier based multirole fighterအနေဖြင့် ရုရှားထုတ် MIG-29K 26စင်းတင်ဆောင်နိုင်ပြီး ရဟတ်ယာဉ်အနေဖြင့် ရုရှားထုတ် Kamov Ka-31အမေရိကန်ထုတ် Sikorsky MH-60၊ဗြိတိန်ထုတ်Westland Sea King နှင့် Indiaပြည်တွင်းထုတ် HAL Dhruv တို့ကိုတင်ဆောင်နိုင်ပါတယ်။

အနာဂတ်တွင်လည်းindiaသည်လေယာဉ်တင်သဘ်ော4စင်းခန့်အထိအသုံးပြုရန်ရည်မှန်းထားပါတယ်
AungMinThu
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi


ဖြစ်ပါတယ်။



AungMinThu