■hollywood ရဲ့စည်းမျဥ်းတွေနဲ့ပတ်သက်ပြီး မကျေနပ်မှုများခဲ့သော Mickey Rourke

Article Celebrity Hollywood World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■hollywood ရဲ့စည်းမျဥ်းတွေနဲ့ပတ်သက်ပြီး မကျေနပ်မှုများခဲ့သော Mickey Rourke

Rumblefish နှင့် Nine and a half weeks ဇာတ်ကားတွေထဲက မစ်ကီရော့်ခ်ကို စသိခဲ့သူများကတော့ပြောင်းလဲသွားတဲ့သူ့ပုံစံအားအလွန့်အံ့အားသင့်မှာပဲဖြစ်ပါတယ်။စူးရှလေးနက်တဲ့အကြည့်များနှင့်စတိုင်ကျသောအမျိုးသား၊ ပုံစံကျသော မျက်နှာသွင်ပြင်နှင့်သူဟာ တစ်ချိန်က ဟောလိဝုဒ်ရဲ့ အချောဆုံးကြယ်ပွင့်တစ်ဦးထဲအပါအဝင် ဖြစ်ခဲ့တာပါ။

သူ့ အလှကို မစ်ကီတစ်ယောက် မြန်မြန်ဆန်ဆန်ဖျက်ဆီးလိုက်တာဟာ ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ။ သူ လမ်းကြောင်းအစများမုာ ဒါရိုက်တာများဟာ သူ၏ ရဲတင်းမှုနှင့် ဆွဲဆောင်မှုတို့ကို သတိထားမိခဲ့ကြပါတယ်။ ဒီ့နောက်မှာတော့ ရဲတင်းမှုများဟာ အထိန်းအချုပ်မဲ့ လမ်းလွဲလာခဲ့တာပါ။

ရော့ခ်ဟာ ငယ်စဥ်ကတည်းက လက်ဝှေ့ပုံမှန်ကစားလေ့ရှိရာ လက်ဝှေ့သမားတစ်ယောက်တောင် ဖြစ်နိုင်လောက်ပါတယ်။ ကြီးလာသည်နှင့်အမျှ သူ့စိတ်ထဲမုာ ဟော်လိဝုဒ်စည်းမျဥ်းများနှင့်ပတ်သက်ပြီး မကျေနပ်မှုများ များလာရာ စိတ်ထွက်ပေါက်အနေနဲ့ လက်ဝှေ့ကြိုးဝိုင်းများပေါ်သာ ပုံချလေ့ရှိပါတယ်။ဒါဟာရည်ရွယ်ချက်ဖြင့် ကိုယ့်ကိုကိုယ် ဖျက်ဆီးခြင်းပါပဲ။

နှစ်အနည်းငယ်အတွင်း သူဟာ နှာခေါင်းရိုးငါးကြိမ် ကျိုးကာ လက်ခြောက်ကြိမ် ကျိုးခဲ့ပြီး ပါးစောင်ရိုးများလည်း ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။ သူ့မျက်နှာမှာ တော်တော်လေးထိခိုက်ထားပြီး ရုပ်ရှင်လောကမုာ သရုပ်ဆောင်အဖြစ်ဆက်ရပ်တည်မည်ဆိုပါက ပလတ်စတစ်ဆာဂျရီလုပ်ရမှာပဲဖြစ်ပါတယ်။

မစ်ကီဆရာဝန်ဟာ ခွဲစိတ်မှုများစွာ ပြုလုပ်ခဲ့ပေးမဲ့လည်း မအောင်မြင်ခဲ့ဘဲ သူဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့တာပါ။ ကံသာမကောင်းခဲ့ဘူးဆိုလျှင် ဒါဟာဝမ်နည်းစရာပုံပြင်တစ်ခုအဖြစ်အဆုံးသတ်မှာဖြစ်ပါတယ်။ သို့သော် 2008 ခုနှစ်မုာ ရော့ခ်ဟာ သူ့ရဲ့ အတ္ထုပတ္တိရုပ်ရှင်ကားအဖြစ်ရိုက်မဲ့ The wrestler ကားအတွက်ကမ်းလှမ်းခံခဲ့ရပြီး မစ်ကီဟာ အောင်မြင်မှုများ ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext