HMS Queen Elizabethဟာ နယူကလီးယားစွမ်းအင်သုံးသင်္ဘောဘာကြောင့်မဟုတ်ရတာလဲ

Militarily News

HMS Queen Elizabethဟာ နယူကလီးယားစွမ်းအင်သုံးသင်္ဘောဘာကြောင့်မဟုတ်ရတာလဲ

HMS Queen Elizabeth သည် Royal ရေတပ်အတွက် ဆောက်လုပ်ခဲ့သမျှထဲတွင် အကြီးဆုံးစစ်သင်္ဘောဖြစ်ပြီးပါလီမန်လွှတ်တော်ထက် ကျယ်ဝန်းကာ ဗြိတိန် Nelson ကျောက်တိုင်ထက် ရှည်လျားပါတယ်၊ သင်္ဘောဟာ အလွန်ကြီးမားတာကြောင့် အစိတ်အပိုင်းတွေကို ဗြိတိန်ရှိ မတူညီတဲ့ သင်္ဘောကျင်းတွေမှာတည်ဆောက်ကာ Scotland သို့လှေဖြင့်ပို့ဆောင်ခဲ့ပါတယ်၊

ထိုသို့ ဆောက်လုပ်ထားတာတောင် ၎င်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ US Navy Nimitz အမျိုးအစားသင်္ဘောတွေက နယူကလီးယားစွမ်းအင်အပြည့်ဖြစ်နေချိန်မှာ HMS Queen Elizabethဟာ အဓိကစွမ်းအင်အရင်းမြစ်အဖြစ် ဘာကြောင့် နယူကလီးယားစွမ်းအင်ကို အသုံးမပြုသလဲဆိုတာ အံ့ဩစရာပါပဲ၊

ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကတော့ ဒါတွေပဲဖြစ်ပါတယ်

အခြားသောအရာတွေထက် အမြန်နှုန်းအားသာခြင်း

နယူကလီးယားစွမ်းအင်ကို စွမ်းအင်အရင်းအမြစ်လို့ ကြားလိုက်ရတဲ့အချိန် သင်ဘယ်လိုတွေးမိပါသလဲ။နှစ်ပေါင်းများစွာ အတွက် မကုန်ခမ်းနိုင်တဲ့ စွမ်းအားပမာဏလို့ ထင်မိတယ်မလား?

HMS Queen Elizabeth ရဲ့ ဒီဇိုင်းနာတွေဟာ ၎င်းအား လက်ရှိ အမြန်နှုန်း25 knots ကို 5 knots အဆင့်မြှင့်တင်ပေးခဲ့ပေမယ့်လည်း နယူကလီးယားစွမ်းအင်စနစ်မတပ်ဆင်ဖို့ သုံးသပ်ထားကြပါတယ်၊ ထိုနည်းစနစ်ဟာ HMS Queen Elizabeth ဆင်ခြေလျှောပေါ်မှ VSTOL လေယာဉ် ပျံသန်းရာတွင် သက်ရောက်မှုနည်းတာကြောင့် ကုန်းပတ်ပေါ် လေကြောင်းပိုမိုလည်ပတ်စေပါတယ်၊

တခြားသောနိုင်ငံတွေကလည်း နယူကလီးယားစွမ်းအင်သုံးသင်္ဘောတွေအား ၎င်းတို့ရေပိုင်နက် သို့မဟုတ် တူးမြောင်း နယ်နိမိတ်အတွင်းအားဝင်ရောက်ခွင့်မပြုပါဘူး၊ထိုကဲ့သို့သောနယ်မြေများအားဝင်ရောက်နိုင်ရန် အမြန်နှုန်း 5 knots နယူကလီးယားဓာတ်ပေါင်းဖိုတွေဟာ အလေးချိန်များလွန်းနေပါတယ်၊

နယူကလီးယားစွမ်းအင်မလိုပဲ လောင်စာဖြည့်ခြင်း

နယူကလီးယားစွမ်းအင်ဟာ သင်္ဘောတွေအား အချိန်အကြာကြီး လောင်စာဖြည့်စရာ မလိုစေပေမယ့် ဆီဖြည့်သင်္ဘောတွေကို လုံးဝမလိုအပ်တာမျိုးမဟုတ်ပါဘူး၊သင်္ဘော လေတပ်ဖွဲ့ဟာ တာဝန်ထမ်းဆောင်ချိန်ဆို ဂါလံထောင်ချီ ပြီးအသုံးပြုရပါတယ်၊ လေယာဉ်တင်သင်္ဘောတွေဟာ လေယာဉ်အတွက်လောင်စာလိုအပ်သလို အမေရိကန်နဲ့ ပြင်သစ်နယူကလီးယားသားရဲတွေဟာလည်း လစဉ် လောင်စာဖြည့်ဖို့လိုအပ်ပါတယ်၊ ဓာတ်ငွေ့လောင်စာ ယာဉ်တွေဆီကနေ တပြိုင်ထဲ ဒီဇယ်ထုတ်ယူနိုင်ပါတယ်၊

လုပ်သားအင်အား အနည်းငယ်သာလိုအပ်ခြင်း

ပဉ္စမမြောက် လေယာဉ်တင်သင်္ဘောဖြစ်သည့်အလျောက် Queen Elizabeth ရဲ့ Rolls-Royce Marine Trent MT30 ဂတ်စ်တာဘိုက်အင်ဂျင်နှစ်လုံးနဲ့ Wärtsilä 38 Marine ဒီဇယ်အင်ဂျင်လေးလုံးဟာ အဖွင့်အပိတ် မြန်ဆန်လွယ်ကူတဲ့ အားသာချက်ရှိပြီး အမေရိကန်ရေတပ်ရဲ့ Nimitz အမျိုးအစားလေယာဉ်တင်သင်္ဘောနဲ့မတူပဲ လုပ်သားအင်အားအနည်းအပါးသာလိုအပ်ပါတယ်၊

လေယာဉ်ပင့်တင်ကိရိယာမပါရှိခြင်း

တဂယ်တန်းဆိုရလျှင် လေယာဉ်တင်သင်္ဘောတွေဟာ လေယာဉ်ပျံသန်းဖို့အတွက် ရေနွေးငွေ့ စွမ်းအင်သုံးပင့်တင်ကိရိယာကို အသုံးပြုရပါတယ်၊ နူကလီးယားစွမ်းအင်သုံး သင်္ဘောတွေနဲ့ပတ်သက်လာလျှင် ဘွိုင်လာကထွက်တဲ့ အပူစွမ်းအင်ကအထောက်အကူဖြစ်စေပါတယ်၊ သို့ပေမယ့်အံ့ဩစရာကောင်းတာက HMS Queen Elizabeth တွင် ဘာပင့်တင်ကိရိယာမှတပ်ဆင်ထားတာမျိုးမရှိပါဘူး၊ပင့်တင်ကိရိယာတွေဟာ လေယာဉ်ပျံတက်ဖို့အတွက်သာ အသုံးလိုပြီး STOL မဟုတ်တာကြောင့် ဝေဟင်ပေါ်ပျံသန်းနိုင်ဖို့အတွက် သိသာတဲ့ အမြန်နှုန်းလိုအပ်ပါတယ်၊ STOLသို့မဟုတ် VTOL စွမ်းအင်ပါဝင်တဲ့ လေယာဉ်ကတော့ ထပ်မံစွမ်းအားမြှင့်တင်ဖို့မလိုအပ်ပါဘူး၊F35B ကဲ့သို့ STOL စနစ်ပါဝင်တဲ့ လေယာဉ်ဟာဆိုရင် ပြေးလမ်းတို သို့မဟုတ် ကုန်းပတ်ပေါ်အကူအညီမလိုပဲ ပျံသန်းနိုင်ပါတယ်၊

အနာဂတ်ပြုပြင်မွမ်းမံပြီးပါက Queen Elizabeth လေယာဉ်တင်သင်္ဘောဟာ လျှပ်စစ်သံလိုက် ပျံသန်းစနစ်ပါတပ်ဆင်မှာဖြစ်ပါတယ်၊

ကုန်ကျစရိတ်အတွက်အချက်

BREXIT ဖိအားတပ်ဆင်ပေးရာတွင် ဗြိတိန်ဟာ စစ်သင်္ဘောအတွက် ဒေါ်လာ 4.4သန်းသာ မျှော်မှန်းထားပြီး ဒေါ်လာ 7.9သန်းအထိ နှစ်ဆ ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး၊

ကုန်းမြေအခြေစိုက်ဓာတ်ပေါင်းဖိုတွေဟာ အမြဲတမ်းလိုလို လျှပ်စစ်ဓာတ်အား 1600 MW ထုတ်လုပ်ပေးပေမယ့် ရေအားသုံး ဓာတ်ပေါင်းဖိုတွေကတော့ 100MWလောက်သာ ထုတ်ပေးပါတယ်၊ထိုဓာတ်ပေါင်းဖိုတွေဟာ နေရာကန့်သတ်ထားတဲ့ သင်္ဘောပေါ်တွင်အံကိုက်ဖြစ်စေဖို့အတွက် အရွယ်အစားသေးရန်လိုအပ်ပါတယ်၊ သေးငယ်တဲ့အရွယ်အစားဆိုတာ ရောင်ခြည်ဒဏ်ကို ခံနိုင်ရည်ရှိပြီး နျူထရွန်နဲ့ ပေါင်းစပ်တဲ့ဈေးကြီးသည့် ပစ္စည်းကို အသုံးပြုဖို့ ဆိုလိုတာဖြစ်ပါတယ်၊ စွမ်းအားသိပ်သည်းစ တိုးရန်နှင့် ဓာတ်ပေါင်းဖို သက်တမ်းပိုမိုကြာရှည်ခံရန်အတွက် ‌မြင့်မားတဲ့ လက်နက်အဆင့် ရှိတဲ့ ယူရေနီယမ်ကိုအသုံးပြုပါတယ်၊သို့ပေမယ့်၎င်းဟာ ဈေးများပြီး လုံခြုံရေးအန္တရာယ်လည်းရှိပါတယ်၊ ပင်လယ်ထဲ သင်္ဘောရွှေ့လျားမှုနဲ့ အသံနှုန်းအနိမ့်အမြင့်တို့ကြောင့် ကုန်းမြေအခြေစိုက် ဓာတ်ပေါင်းဖိုကဲ့သို့ အဖွင့်အပိတ်လုပ်ရန် ဆွဲအားကို မှီခိုလို့မရပါဘူး၊ဒါ့ကြောင့် စက်ပိုင်းဆိုင်ရာ စနစ်တွေဟာ အဆင်ပြေချောချောမွေ့မွေ့နဲ့ အလုပ်လုပ်ရပါလိမ့်မယ်၊ ပင်လယ်ရေကိုရေချိုအဖြစ်ပြောင်းပြီး အအေးခံသောစနစ်ပါထည့်သွင်းတွက်ချက်ပါက နယူကလီးယားစွမ်းအင်သုံး သင်္ဘောတည်ဆောက်ရန် အလွန်ဈေးကြီးလွန်းပါတယ်၊

ဗြိတိန်၏ နယူကလီးယား အသိအမှတ်ပြု ဆိပ်ကမ်းများသတ်မှတ်ချက်

Queen Elizabethလေယာဉ်တင်သင်္ဘောရဲ့အရွယ်အစားဟာ အထိုင်ချရန် နေရာအကန့်အသတ်ရှိပါတယ်၊ အကယ်၍ Queen Elizabeth သင်္ဘောဟာ နယူကလီးယားစွမ်းအင် အသုံးပြုပါက ပြုပြင်ထိန်းသိမ်းမှုကို နယူကလီးယား အသိအမှတ်ပြု ဆိပ်ကမ်း၌သာ ပြုလုပ်နိုင်ပါတယ်၊ ဗြိတိန်တွင် Devonportနဲ့Faslaneဟူ၍ နယူကလီးယား အသိအမှတ်ပြုဆိပ်ကမ်း2ခုသာရှိပါတယ်

နယူကလီးယားစွမ်းအင်နည်းပညာအားကိုင်တွယ်ရန် အရင်းအမြစ်မရှိခြင်း

၎င်းတို့ရဲ့ အလုပ်သက်တမ်း အဆုံးသတ်ဖြစ်တဲ့ လုပ်ငန်းရပ်ဆိုင်းခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်းအတွက် နယူကလီးယားအထူးပြု များများပြားပြားလိုအပ်ပေမယ့် ဗြိတိန်တွင် အလုံအလောက်မရှိတာကြောင့် အမေရိကန်နဲ့ ပြင်သစ်မှ ခေါ်ယူဖို့လိုအပ်ပါတယ်၊

အမေရိကန်တွင် နယူကလီးယားစွန့်ထုတ်ပစ်စည်းများအားမြှုပ်နံရန်နှင့် နယူကလီးယားပစ္စည်းတချို့ကိုစွန့်ပစ်ရန်အတွက် Washington၊ Bremertonရှိ Puget Sound Naval သင်္ဘောကျင်း တွင် သီးသန့်နယ်မြရှိပါတယ်၊တဖက်တွင်လည်း ဗြိတိန်ဟာ နယူကလီးယား ရေငုပ်သင်္ဘော ရပ်ဆိုင်းမှု အဆုံးသတ်ရန်လုပ်ဆောင်လျက်ရှိပါတယ်၊ ဗြိတိန်ဟာ နယူကလီးယားလေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်သော်လည်း ရေငုပ်သင်္ဘောကိုသာ လေ့လာမှုရှိပါတယ်၊နယူကလီးယားသင်္ဘောများ စုဝေးရာ သင်္ဘောကျင်းဟာ Rosythဖြစ်ပြီး နယူကလီးယားရေငုပ်သင်္ဘောဟောင်းများကိုဖျက်သိမ်းပြီး အသစ်တည်ဆောက်ရန်ဖြစ်ပါတယ်၊

စစ်မြေပြင် အပျက်အစီးများရဲ့ အကျိုးဆက်

စစ်နည်းဗျူဟာတွေနဲ့ပတ်သတ်လာလျှင် ရေပြင်နယူကလီးယားစစ်သင်္ဘောတွေရဲ့အပျက်အစီးအကျိုးဆက်ဟာ နယူကလီးယရေငုပ်သင်္ဘောအပျက်အစီးထက်ပိုများပါတယ်၊ အပျက်အဆီး လေယာဉ်တင်သင်္ဘောတွေဟာ လုပ်သားတပ်ဖွဲ့ ဖြန့်ကျက်ထားတဲ့ ရေပေါ်Chernobyl ကဲ့သို့လုပ်ဆောင်လည်ပတ်ပါတယ်၊ အမေရိကန်ရေတပ်ဟာ မေးခွန်းတွေကို ကာကွယ်ရေး အာရုံခံစနစ်နဲ့ လက်နက်စနစ်တို့ကို ပြသခြင်းဖြင့်ရှောင်ရှားပါတယ်၊ဒါပေမယ့်တာဝေးပစ်သင်္ဘောဒုံးကျည်နဲ့ အဆင့်မြင့်ရေငုပ်သင်္ဘောတွေဟာ သံသယဝင်စရာကောင်းလှပါတယ်၊

HMS Queen Elizabethသင်္ဘောဟာ နယူကလီးယားစွမ်းအင်သုံးသင်္ဘောမဟုတ်ရင် သင်ဘယ်လိုထင်ပါသလဲ?
writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။