GOT7မှMarkရဲ့အလွန်ချောမောမှုကိုkoreaလူမျိုးများသတိပြုမိ

Celebrity Kpop News

GOT7အဖွဲ့ဝင် Markရဲ့ကြည့်ကောင်းသောရုပ်ရည်ကို ကိုရီးယားလူမျိုးများက အပြည့်အဝအာရုံစိုက်လာပုံပေါ်ပါသည်။

ပရိသတ်များက Markရဲ့ အရည်အချင်းကောင်းများကို သိထားကြသော်လည်း Mark အားအမြဲတမ်းလိုလို သတိမထားမိတတ်ကြပေ။ယခုအချိန်မှာတော့ များစွာသောပရိတ်သတ်များက Markရဲ့ ချောမောမှုအကြောင်းများကို ပြောနေခဲ့ကြပြီးဖြစ်သည်။

Mark ဘယ်လိုပစ်ချခံခဲ့ရတယ်ဆိုတာကိုသိလာပြီးတဲ့နောက်  iGOT7sက သူရဲ့ထိပ်တန်းပုံရိပ်တွေကိုဂုဏ်ပြုချီးကျူးခဲ့ပြီး JYP Entertainment ကိုလည်း သူ့ကိုရှာတွေ့တဲ့အတွက်ကျေးဇူးတင်ခဲ့ပါသေးသည်။

Markသည်အထက်တန်းကျောင်းသားတစ် ဦးဖြစ်တုန်းက JYP Entertainment ကိုကိုယ်စားပြုကာ လမ်းပေါ်မှာသရုပ်ဆောင်ခဲ့ပါသေးသည်။လူသစ်စုဆောင်းသူများက သူ့ကိုတွေ့တဲ့အခါ လက်မှတ်ထိုးခိုင်းကြ၍ Mark အားအရမ်းချောမောသည်ဟု ထင်ကြေးပေးခဲ့ကြပါသည်။

သူသည် တစ်ခါမှမသီချင်းမဆိုဖူး၊ ကခုန်ခြင်းမျိုးကိုလည်း တစ်ခါမှမလုပ်ဖူးသော်လည်း သူ၏ချောမောသောရုပ်ရည်နှင့်အံ့သြဖွယ်ကောင်းသည့်ပါရမီကြောင့်ထိပ်ဆုံးနေရာရရှိခဲ့ပါသည်။

Markရဲ့ပုံရိပ်များက ရင်သပ်ရှုမောဖွယ်ရာများဖြစ်ပေမဲ့ ပရိတ်သတ်များကို အပြည့်အဝမပြသနိုင်ခဲ့ပေ။သို့သော် အစမ်းသီဆိုမှုများတွင် သူ့ရဲ့ပါရမီကိုအပြည့်အဝသက်သေပြ၍ စင်ပေါ်ရောက်သည့်အခါမှာတော့ လုံးဝကိုသတ်ချသွားခဲ့ပါသည်။

GOT7 ဟာကိုရီးယားမှာလူကြိုက်များသည့်အပြင် နိုင်ငံရပ်ခြားမှာပါ fan တွေမြောက်များစွာ ရှိကာ..

တောင်ကိုရီးယားမှ ယောကျာ်းလေးများကိုယ်တိုင်ပင် GOT7အား နိုင်ငံခြားတွင်ရေပန်းစားသည်ကိုယုံကြည်ကြောင်းမကြာသေးမီကမှ ပြောခဲ့ပြီး..

အထူးသဖြင့် Mark ရဲ့ပုံရိပ်များသည် ကိုရီးယားအင်တာနက်ကွန်ယက်များထံမှအာရုံစိုက်မှုများစွာရရှိခဲ့ပါသည်။

“Mark က အရမ်းချောတယ်..သူ့ရဲ့လှုပ်ရှားမှုတွေက  stan-attractor နဲ့ထိုက်တန်တယ်..  “

“ ဟေ့! ကြည့်ကောင်းလိုက်တာ!”

“Mark က သိပ်ကောင်းတဲ့ idol တစ်ယောက်ပဲ..”

“Mark ရဲ့ပုံရိပ်တွေက လန်းဆန်းနေတာပဲ.. “

“သူကမင်းသားလေးကျနေတာပဲ…”

“ဘယ်လိုချောမောပြီးချစ်စရာကောင်းလိုက်တာလဲ..”

“သူကအံ့ဖွယ်ရာ နတ်သားလေးတစ်ပါးလိုပဲ..”

“ အိုး… သူကတကယ့်အရာရာပါပဲ..”

IGOT7s တွေအားလုံးသိပြီးသားအရာတစ်ခုကတော့ Mark ဟာ အမြင်အာရုံကိုဆွဲဆောင်နိုင်သူတစ်ယောက်ပါပဲ။

Ref:Koreboo

Leave a Reply