Elon Musk က Manchester United ကို ဝယ်မယ်လို့ ပြောတာဟာ နောက်တာပါလို့ ပြော

News Social News

ကမ္ဘာ့ အချမ်းသာဆုံး သူဌေး Elon Musk က ဒီလ ၁၇ ရက်နေ့မှာ တွစ်တာမှာ အင်္ဂလန် ဘောလုံးအသင်း Manchester United ကို ဝယ်မယ်လို့ ပြောတာဟာ နောက်တာပါလို့ ပြောလိုက်ပါတယ်။ သူက “ တွစ်တာမှာနောက်လိုက်တာပါ။ ကျွန်တော် ဘယ်အားကစား အသင်းကိုမှ မဝယ်ပါဘူး။ “ လို့ User ၁ ယောက်က Manchester United ကို ဝယ်မယ်ဆိုတာ အတည်လားလို့ မေးတာကို တုန့်ပြန်လိုက်ပါတယ်။

အဲဒီ ကြေညာချက် မတိုင်ခင် ၄ နာရီအကြာမှာ Musk ဟာ “ Manchester United ကို ကျွန်တော် ဝယ်တော့မှာပါ။ ကြိုဆိုပါတယ်။ “ လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။ အခြေအနေ ကျဆင်းနေတဲ့ Manchester United ရဲ့ Fans တွေကတော့ ကလပ်ကို ဝယ်ယူဖို့ Musk ကို အရင်က တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

Elon Musk says he is buying Manchester United

Musk ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ ဝယ်ယူမယ်လို့ ကြေညာပြီးနောက် ၄ လအကြာမှာ အစီအစဉ်ကို ဖျက်သိမ်းခဲ့တဲ့အတွက် တွစ်တာက သူ့ကို တရားစွဲထားပါတယ်။

Musk ဟာ တွစ်တာမှာ ပုံမှန် မဟုတ်တဲ့ ပို့စ်တွေကို တင်လေ့ရှိပြီး တခါတလေမှာ နောက်နေတာလား၊ အတည်လားဆိုတာ ဝေခွဲရခက်ပါတယ်။

တွစ်တာ ဘုတ်အဖွဲ့က Musk ရဲ့ ဝယ်ယူမယ့် ကမ်းလှမ်းမှုကို လက်ခံပြီးနောက် ၂ ရက်အကြာ ဧပြီလ ၂၇ ရက်နေ့မှာ Musk က နောက်တစ်ခါ ကိုကာကိုလာကို ဝယ်ယူမယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါသေးတယ်။

Manchester United ဟာ တွစ်တာမှာ Follower ၃၂ သန်းကျော်ရှိပြီး Musk ရဲ့ ကလပ်ကို ဝယ်ယူမယ်ဆိုတဲ့ ပို့စ်ဟာ တင်ပြီး ၄ နာရီအတွင်းမှာ Likie ၄ သိန်းရခဲ့ပါတယ်။

Ref : channelnewsasia

Crd