Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။
COVID-19ရောဂါ ကြောင့် နောက်ဆုတ်လိုက်ရသည့် Tom Cruiseရဲ့ Top Gun: Maverick
Tom Cruiseရဲ့ ‘Top Gun’ နောက်ဆက်တွဲကိုနိုဝင်ဘာလမှနောက်နှစ်မေလအထိ ရွှေ့ဆိုင်းခဲ့ပါတယ်၊
Top Gun: Maverick and Mission: Impossible 7 ဟာ ဆိုရင် လပေါင်းများစွာ ကြန့်ကြာနေခဲ့ပြီဖြစ်ပါတယ်၊

CinemaCon ၌ Tom Cruiseရဲ့ Entertainment 2 ခုစလုံးမှ ဇာတ်ဝင်ခန်းတချို့ကို အစမ်းပြသခဲ့ပြီး ဖြစ်သော်လည်း ကမ္ဘာအနှံ့ ပြန့်ပွားနေတဲ့ ကူးစက်နှုန်းမြင့်သည့် Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထုတ်လွှတ်မည့်ရက်ကို ပြန်လည်ပြင်ဆင်ပြီး Paramount စတူဒီယိုက ကြေညာခဲ့ပါတယ်၊

ဇွန်လ ၂၄ ရက် ၂၀၂၀ တွင်ဖြန့်ချိရန်မူလကစီစဉ်ထားခဲ့သော Top Gun: Maverick ကို နိုဝင်ဘာ ၁၉ မှ နောက်နှစ် မေလ ၂၇ သို့ ပြောင်းရွှေ့ခဲ့ပေမယ့် သိပ်မကြာခင်နောက်ပိုင်းမှာ လေးလလောက်နောက်ဆုတ်ပြီး ၂၀၂၂ ခုနှစ်စက်တင်ဘာ ၃၀ မှာရုပ်ရှင်ရုံတွေမှာရုံတင်ပြသမယ်လို့ ကြေညာခဲ့ပါတယ်၊

ဒါ့အပြင် Jackass Forever ကိုလည်း ယခုနှစ် အောက်တိုဘာ 22 မှ 2022 ခုနှစ် ဖေဖော်ဝါရီ 4 သို့ ရွှေ့ဆိုင်းအုံးမှာဖြစ်ပါတယ်၊ အကြောင်းကတော့ တချိန်ထဲမှာ ထုတ်လွှတ်ပြသသင့်တဲ့ ဇာတ်လမ်းတွေရဲ့ ရိုက်ကူးသူ၊မင်းသားမင်းသမီးတွေအတွက် မမျှတ သလို အကုန်လုံး တပြိုင်တည်း ရုပ်ရှင်ဈေးကွက်မှာ နေရာယူသင့်တယ်လို့ တွေးတာကြောင့်လည်းဖြစ်ပါတယ်၊

ဆိုလိုတာကတော့ 2021 ခုနှစ်တွင် Paramount စတူဒီယိုမှ မည့်သည့် ဇာတ်လမ်းမှ ထုတ်လွှင့်မှာ မဟုတ်ပါဘူး၊ ပထမဆုံးထုတ်လွှင့်မည့် ဇာတ်လမ်းကိုတော့ ဇန်နဝါရီ 14 ရက်နေ့ မှာ Scream Rebootနဲ့ စတင်မှာ ဖြစ်ပါတယ်၊

Paramount ရဲ့ အပြောင်းအလဲ ကိုလိုက်၍ Sony က လစ်လပ်နေတဲ့ Top Gun: Maverickရဲ့နေရာမှာ Ghostbusters: Afterlifeကို ပြသမှာဖြစ်ပြီး ၎င်း ဇာတ်လမ်းကိုတော့ နိုဝင်ဘာ 14 မှသတင်ထုတ်လွှင့်မှာဖြစ်ပါတယ်၊ (စင်္ကာပူမှာတော့ Ghostbusters: Afterlife ကို လောလောဆယ် နိုဝင်ဘာ ၁၁ရက်နေ့တွင်ပြသမည် လို့ သတ်မှတ်ထားပါတယ်)
Ref : 8 days
Trans : Evelyn
zawgyi
Ref : 8 days
Trans : Evelyn
Copyright©2021 ကူးယူခြင်းလုံးဝခွင့်မပြုပါ။