COVID 19ရောဂါဖြစ်ပြီးပြန်လည်ပျောက်ကင်းသွားလဲ အဆုတ်နှင့်နှလုံးမကောင်းနိုင်တော့ဘူး

Local News

COVID 19 ရောဂါဖြစ်ပြီး ပြန်လည်ပျောက်ကင်းသွားလဲ အဆုတ်နှင့် နှလုံးမကောင်းနိုင် တော့ဘူး

COVID 19 ရောဂါကဖြစ်ပွားပြီး ပြန်လည်ပျောက်ကင်းသွားလဲ အဆုတ်နှင့် နှလုံးမကောင်းနိုင် တော့ တာကြောင့် ကြောက်စရာအကောင်းဆုံးရောဂါဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက“ဒီရောဂါကိုလျှော့တွက်လို့မရတာက သူ့ကိုဒါဖြစ်ရင်ဒါပေးလို့မရဘူး။တိုက်ဖွိုက်ဖြစ်ရင်ဒါဖြစ်ရင်ဒါပေးလို့ရတယ်။နှလုံးရောဂါ ဒါဖြစ်ရင်ဒါပေးလို့ရတယ်။နောက်တစ်ခုက ဒီရောဂါကောင်းသွားလို့ ဘယ်လိုမှ ယူပစ်သလိုမကောင်းဘူးခင်ဗျ။ရေရှည်မှာအဆုတ်ကလုံးဝအားပျော့သွားပြီ။နှလုံးရောဂါဖြစ်မယ်။နှလုံးခုန်နှုန်းမမှန်ဘူး။သွေးခဲမယ်။လေဖြတ်မယ်။အလွန်ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်တယ်” လို့ ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်ပေးနေကြသော အနုပညာရှင်များအား တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားခြင်းမှာ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

MyanmaPlatForm မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi

Leave a Reply