COVID-19 ကာလတွင် စိတ်ဖြေလျှော့မှုများ ဖြစ်စေရန် မြိတ်အကျဉ်းထောင်အတွင်း လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပပေးခဲ့
COVID-19 ကာလအတွင်း စိတ်ဖြေလျှော့မှုများ ဖြစ်စေရန် ရည်ရွယ်ပြီး မြိတ်အကျဉ်းထောင်အတွင်း လှယဉ်ကျေးမယ်ပြိုင်ပွဲ တစ်ခု ကျင်းပပေးခဲ့ကြောင်း သိရသည်။
မြိတ်အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ အမျိုးသမီးများကို စိတ်ဖြေလျော့မှုများ ဖြစ်စေရန်နှင့် COVID-19 ကာလအတွင်း မိသားစုဝင်များမှ စိတ်ပူပန်မှုများ မရှိစေရန် ရည်ရွယ်ပြုလုပ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လှယဉ်ကျေးမယ်ပြိုင်ပွဲကို လွတ်လပ်ရေးနေ့ ကြိုဆိုသည့် အနေဖြင့် ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကိုဗစ်ကာလမှာ မိသားစုတွေလည်း စိတ်ပူနေကြမှာပဲလေ၊ ကျွန်တော်တို့ ထောင်ထဲမှာ အေးအေးဆေး ရှိနေတဲ့အကြောင်း သူတို့ရဲ့ စိတ်ထဲမှာ မွန်းကြပ်မှုတွေ ဖြေလျှော့ပြီး ပျော်ရွင်အောင် ကျွန်တော်တို့ လုပ်ပေးတာပါ၊ ဒီလိုရှိုးပွဲထဲကို ကျွန်တော်တို့လည်း ဝင်ခွင့်မရှိပါဘူး၊ တစ်မျိုးဖြစ်သွားမှာစိုးလို့ပါ၊ ဆရာမတွေကို ကြည့်ခိုင်းတယ်၊ အကဲဖြတ်ခိုင်းတယ်၊ ဆုလေးချတဲ့အချိန်မှ ကျွန်တော်တို့ကဝင်ပြီး ဆုချပေးတာပါ၊ ထောင်ကျနေကြတယ် ဆိုပေမယ့် လူတိုင်းမှာလည်း အပြစ်တွေချည်း ဖြစ်နေတာ မဟုတ်ပါဘူး” ဟု မြိတ်အကျဉ်းထောင် တာဝန်ခံ လက်ထောက်ညွန်ကြားရေးမှူး ဦးစောမိုရှေမှ ပြောကြားခဲ့သည်။

အကျဉ်းသူများအတွက် စိတ်ထွက်ပေါက်တစ်ခု ရရှိစေရန်သာ ရည်ရွယ်ခဲ့ပြီး အမျိုးသမီး ထောင်ဝန်ထမ်းများမှာ အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထောင်နံရံအတွင်း ကျင်းပသည့် လှယဉ်ကျေးမယ်ပြိုင်ပွဲကို အကျဉ်းကျနေသည့် အမျိုးသမီး ၂၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို စားသောက်ကုန် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

News-Eleven မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
Zawgyi