ပလတ်စတစ်တွေ စားပစ်မယ့် စက်ရုပ်ငါးတွေနဲ့ တရုတ်တို့ ဘာတွေကြံစည်နေလဲ
ပလတ်စတစ်တွေ စားပစ်မယ့် စက်ရုပ်ငါးတွေနဲ့ တရုတ်တို့ ဘာတွေကြံစည်နေလဲ တရုတ်နိုင်ငံ၊ စီချွမ်တက္ကသိုလ်မှ သုတေသီများဟာ ရေဖြတ်ကူးစဉ်မှာ မိုက်ခရို ပလတ်စတစ်များကို စုပ်ယူနိုင်တဲ့ ငါးနှင့်တူသော စက်ရုပ်တစ်ခုကို စမ်းသပ်လျက် ရှိနေပါတယ်။ ဒီနည်းပညာရဲ့ ရည်ရွယ်ချက်ကတော့ သမုဒ္ဒရာအတွင်းရှိ ပလတ်စတစ်ညစ်ညမ်းမှုများကို ဖမ်းယူကာ စနစ်တကျ စွန့်ပစ်နိုင်သောနေရာသို့ ပို့ဆောင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ငါးစက်ရုပ်တွေဟာ တကယ့်ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နိုင်ပြီး ပျက်စီးသွားတဲ့ အခါမှာလည်း ကိုယ်တိုင် ပြုပြင်နိုင်တယ်လို့ ဆိုပြီး အနာဂတ်တွင် ဒီငါးစက်ရုပ်တွေဟာ ကျွန်ုပ်တို့ကမ္ဘာမြေရဲ့ သမုဒ္ဒရာများကို သန့်စင်ပေးနေတာကို မြင်တွေ့ရမယ်လို့ အထိတလင်း ဆိုလာခဲ့ပါတယ်။ ဒါပေမဲ့လည်း တီထွင်နေတာက တရုတ်နိုင်ငံဖြစ်လို့ ဒီနောက်ကွယ်မှာ ဘာတွေရှိနေနိုင်မလဲလို့ ကမ္ဘာ့လူထုက မေးခွန်းထုတ်နေကြပါတယ်။ ကမ္ဘာ့ သမုဒ္ဒရာတွေထဲမှာ လွှတ်ပေးထားမယ့် ဒီငါးစက်ရုပ်တွေဟာ ကိုယ်ထည်သေးငယ်သလို […]
Continue Reading
လူ့မစင် ကနေ လေယာဉ်ဆီ ထုတ်လုပ်နိုင်ပြီ
သိပ်မဝေးတော့တဲ့ အနာဂတ်မှာ လူ့မစင် ကနေ လေယာဉ်ဆီ ထုတ်လုပ်နိုင်တော့မှာ ဖြစ်တဲ့အတွက် ရုပ်ကြွင်းလောင်စာတွေကို မှီခိုစရာ မလိုတော့ပါဘူး။ သိပ္ပံပညာရှင်တွေက လူ့ မစင်၊ စွန့်ပစ် အစားအစာတွေကနေ လေယာဉ်ဆီ ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။ လူ့ မစင် ကနေ လေယာဉ်ဆီ ထုတ်လုပ်ပေးဖို့ အဓိက လိုအပ်တာက Volatile Fatty Acid (VFA) ဖြစ်ပြီး အမှိုက်တွေကနေ လေယာဉ်ဆီအတွက် လိုအပ်တဲ့ Paraffin ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အမေရိကန် အမျိုးသား ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ဓါတ်ခွဲခန်းက သုတေသန ပညာရှင်တွေက အမေရိကန်ဟာ နှစ်တိုင်း လေယာဉ်ဆီ ဂါလံပေါင်း ၂၁ ဘီလီယမ် အသုံးပြုနေရပြီး ၂၀၅၀ ခုနှစ်မှာ ဒီထက် […]
Continue Reading
“အမေရိကန်-ရုရှား” နျူတိုက်ပွဲဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ကို သုတ်သင်သွားနိုင်
“အမေရိကန်-ရုရှား” နျူတိုက်ပွဲဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ကို သုတ်သင်သွားနိုင် စစ်ပွဲရဲ့အကျိုးဆက်ဟာ ကမ္ဘာလုံးဆိုင်ရာ ကယ်လိုရီထုတ်လုပ်မှုကို ၉၀ ရာခိုင်နှုန်း လျှော့ချသွားနိုင်ပါတယ်။ အမေရိကန်၊ ရုရှားနဲ့ သူတို့ရဲ့ မဟာမိတ်များကြား နျူကလီးယားစစ်ပွဲအပြီးမှာ ကမ္ဘာ့လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းခန့် အကြမ်းဖျင်းအားဖြင့် လူ ၅ ဘီလီယံကျော်ဟာ အငတ်ဘေးကြောင့် သေဆုံးရလိမ့်မည်ဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထားခဲ့ပါတယ်။ သုတေသီများရဲ့ အဆိုအရ အဆိုပါ ပဋိပက္ခဟာ ကမ္ဘာ့လေထုထဲသို့ ဓာတုဗေဒ တန်ချိန် ၁၆၅ သန်း (မက်ထရစ်တန် သန်း ၁၅၀) အထိ ထုတ်လွှတ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကယ်လိုရီထုတ်လုပ်မှု ၉၀% အထိ ကျဆင်းသွားစေမှာဖြစ်သလို အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ စားသုံးသည့် သီးနှံများ ကျဆင်းမှုတို့ကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သုတေသီများက သုံးသပ်ထားကြပါတယ်။ […]
Continue Reading
၂၀၁၈နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်…
နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားကို ဒေါသထွက်စေမယ့် လုပ်ရပ်အဖြစ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၂၀၁၈နောက်ပိုင်း အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဝါရှင်တန်ဟာ ဆိုးလ်ရဲ့ အဓိက လုံခြုံရေး မဟာမိတ်ဖြစ်ပြီး တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈၅၀၀ လောက်ချထားပါတယ်။ အဲ့ဒီနှစ်နိုင်ငံက ကာကွယ်ရေးအတွက်လို့ ပြောတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာတာ ကြာပြီဖြစ်ပြီး မြောက်ကိုရီးယားက ဒီလို စစ်ရေးလေ့ကျင့်တာတွေဟာ မိမိတို့ကို ကျူးကျော်တိုက်ခိုက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဖြစ်တယ်လို့ ရှုမြင်လေ့ရှိပါတယ်။ ပြုံးယမ်းနဲ့ သံတမန်ရေး ညှိနှိုင်းမှု အဆင်မပြေတာ၊ ကိုဗစ်-၁၉ရောဂါ ပျံ့နှံ့တာတို့ကြောင့် နောက်ဆုတ်ထားခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ အတူ အကြီးမားဆုံး လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ မေလက စတင်တာဝန်ယူတဲ့ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုက […]
Continue Reading
အယ်ခိုင်ဒါခေါင်းဆောင်တွေကို သုတ်သင်ရာမှာ အသုံးပြုခဲ့တဲ့ AGM-114 Hellfire ဒုံးကျည် အကြောင်းတစေ့တစောင်း…
အယ်ခိုင်ဒါခေါင်းဆောင်တွေကို သုတ်သင်ရာမှာ အသုံးပြုခဲ့တဲ့ AGM-114 Hellfire ဒုံးကျည် အကြောင်းတစေ့တစောင်း… ငရဲမီးဆိုတာ အလွန်ပူပြင်းတဲ့အရာလို့ သိကြပါလိမ့်မယ်။ မှန်ပါတယ်။ အ‌မေရိကန်ရဲ့ ရန်သူတွေအတွက်တော့ ဒီနာမည်ဟာ ငရဲမီးလို ပူလောင်စေပါတယ်။ သူက တိကျစွာ ပစ်ခတ်ချေမှုန်းနိုင်တဲ့ ဒုံးကျည်တစ်ခု ဖြစ်လို့ပါ။ လော့ဟိမာတင်ကုမ္ပဏီက AGM-114 Hellfire ဒုံးကျည် အမျိုးအစားသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဒုံးကျည်က ဘာတွေစွမ်းသလဲဆိုတာ ရှာဖွေတင်ပြပါရစေ။ Hellfire AGM ဒုံးကျည်ဆိုတာ Air-to- Ground ဝေဟင်မှမြေပြင်ပစ် အမျိုးအစားပါ။ နောက်ဆုံးထုပ်တဲ့ AGM-114 series တွေမှာဆိုရင် အရှည် ၁၆၃ စင်တီမီတာ၊ လုံးပါတ် ၁၇.၈ စင်တီမီတာ ရှိပါတယ်။ အလေးချိန်က ၄၉.၄ ကီလိုဂရမ်လေးပါတယ်။ Semi-active Laser seeker ခေါ် […]
Continue Reading
ပူတင်ရဲ့ အပြင်းထန်ဆုံး နျူလက်နက်ဟာ အဖျက်စွမ်းအား ဘယ်လောက်ကြီးလဲ
ပူတင်ရဲ့ အပြင်းထန်ဆုံး နျူလက်နက်ဟာ အဖျက်စွမ်းအား ဘယ်လောက်ကြီးလဲ ဒီနှစ်အစောပိုင်းမှာပဲ ရုရှားဟာ ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းကို နျူကလီးယား ထိပ်ဖူးများ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်အသစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး နျူလက်နက်တွေကို မြောက်များစွာ ပူတင်က ပိုင်ဆိုက်ထားပါတယ်။ ဒါကြောင့် ရုရှားတို့ရဲ့ နျူလက်နက် ပိုင်ဆိုင်မှုထဲက အဖျက်စွမ်းအား အပြင်းထန်ဆုံး တိုက်ချင်းပစ် ဒုံးကျည်အသစ် “RS-28 Sarmat” ဟာ ဘယ်လောက်ထိ ဖျက်စီးပစ်နိုင်လဲဆိုတာကို ဆွေးနွေးဖော်ပြသွားချင်ပါတယ်။ အမေရိကန်တွေကတောင် “သေမင်း စေတန် ၂” လို့ ခေါ်ဆိုရတဲ့ ရုရှားတို့ရဲ့ ဒီနျူလက်နက်ဟာ ကမ္ဘာပေါ်က ဘယ်နျူလက်နဲ့မှ မတုပနိုင်ကြောင်းနဲ့ သူတို့ရဲ့နောက်ဆုံးပေါ် နျူနည်းပညာကို ကြွားလုံးထုတ်နိုင်ခဲ့တဲ့ အဆင့်ပါပဲ။ ဒါဟာ ပူတင်အနေနဲ့ ရုရှားကို ခြိမ်းခြောက်မှုတွေ မလုပ်ခင် […]
Continue Reading
ကလေးမွေးဖွားရလွယ်ကူအောင်ဆိုပြီး သူငယ်ချင်းအပေါင်းအသင်းတွေနှင့်အတူ ဘားမှာသွားကခဲ့သော ကိုယ်ဝန်ဆောင်မိခင်တစ်ဦး
Continue Reading
ကျူးကျော်ပါက တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်ဟု တရုတ်ကို ထိုင်ဝမ် သတိပေး
ကျူးကျော်ပါက တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်ဟု တရုတ်ကို ထိုင်ဝမ် သတိပေး ဩဂုတ်လ ၂၃ ရက် ထိုင်ဝမ်အနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် သန္နိဋ္ဌာန်ချထားသလို ကျူးကျော်သူများအနေဖြင့် “တန်ဖိုးကြီးကြီး” ပေးဆပ်ရလိမ့်မည် ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ဩဂုတ် ၂၃ ရက်တွင် ပြောကြားလိုက်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်စုအကြာက ထိုင်ဝမ်တပ်ဖွဲ့များက တရုတ်တိုက်ခိုက်သူများကို ပြန်လည်တိုက်ထုတ်ခဲ့သည့် ထိပ်တိုက်တွေ့မှုတစ်ခု၏ နှစ်ပတ်လည်နေ့တွင် ဆိုင်အင်ဝမ်က တရုတ်ကို သတိပေးပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ထိုင်ဝမ် ခရီးစဉ် နောက်ပိုင်း တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများက ပြီးခဲ့သည့်လအတွင်း မြင့်တက်နေခဲ့သည်။ ပလိုစီ၏ ခရီးစဉ်က ထိုင်ဝမ်ကျွန်းကို အမေရိကန်က တိုးမြှင့်ထောက်ခံခြင်း ဖြစ်သည်ဟု ရှုမြင်လျက် တရုတ်သည် ယင်း၏ […]
Continue Reading
အမေရိကန်လေတပ်က နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ် ဒုံးကျည် စမ်းသပ် 23-August-2022 ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားနေပြီး တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုများနှင့် အခြားကမ္ဘာ့ ပြဿနာများ မြင့်တက်လာနေချိန်တွင် အမေရိကန်လေတပ်က နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်ခဲ့ကြောင်း လေတပ်၏ ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေးဌာနချုပ်က ဆိုသည်။ နျူကလီးယားထိပ်ဖူး မပါဝင်သည့် Minuteman III တိုက်ချင်းပစ်ဒုံးကျည်အား ကမ္ဘာ့လေထုသို့ ပြန်လည်ဝင်ရောက်နိုင်သည့် စမ်းသပ်ယာဉ်တွင် တပ်ဆင်ထားပြီး အဆိုပါ ဒုံးကျည်သည် ကယ်လီဖိုးနီးယားရှိ ဗန်ဒါဘတ်လေတပ် အခြေစိုက်စခန်းမှ လွှတ်တင်ခဲ့ပြီး မာရှယ်ကျွန်းများအနီးရှိ စမ်းသပ်ပစ်လွှတ်သည့် အကွာအဝေးဖြစ်သည့် မိုင်ပေါင်း ၄၂၀ဝ ထိရောက်ရှိခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ ပစိဖိတ်အချိန်(PT )နံနက် ၁၂ နာရီ ၄၉ မိနစ်တွင် ပစ်လွှတ်ခဲ့သည့် အဆိုပါ ဒုံးကျည်သည် အမေရိကန်နျူကလီး […]
Continue Reading
ရုရှနှင့် သဘောတူညီချက်ကို ဖျက်သိမ်းပြီးနောက် ဖိလစ်ပိုင်က အမေရိကန်ထုတ် ရဟတ်ယာဉ်များ ဝယ်ယူရန် ဆွေးနွေး….
ဖိလစ်ပိုင်အစိုးရသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရန် ရုရှနှင့် ဒေါ်လာ ၂၂၇ ဒသမ ၃၅ သန်း (ပီဆို ၁၂ ဒသမ ရ ဘီလီယံ) တန်ကြေးရှိ ရဟတ်ယာဉ်သဘောတူညီချက်တစ်ရပ်ကို ဖျက်သိမ်းပြီးနောက် ယခုအခါ အမေရိကန်ထံမှ Chinook ရဟတ်ယာဉ်များကို ဝယ်ယူရန် ရည်မှန်းလုပ်ဆောင်လျက် ရှိကြောင်း အမေရိကန်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက ဩဂုတ် ၁၅ ရက်တွင် ပြောကြားလိုက်ပါတယ်။ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ ခြောက်နှစ်သက်တမ်း မကုန်ဆုံးခင် ရက်များအလို ပြီးခဲ့သည့် ဇွန်လက ဖိလစ်ပိုင်အာဏာပိုင်တို့သည် ရုရှထံမှ Mi-17 စစ်ဖက်သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁၆ စင်း ဝယ်ယူမည့် သဘောတူညီချက်တစ်ခုကို ဖျက်သိမ်းခဲ့ပြီး၊ အကြောင်းမှာ ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုနှင့် ဆက်နွယ်သည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို […]
Continue Reading