လိုင်းပေါ်ကနေ မှာယူထားသော အစားအသောက်အား လိပ်စာအတိုင်းသွားပို့စဥ် သင်္ချိုင်းကုန်းဖြစ်နေသည့် ဖြစ်ရပ်
အွန်လိုင်းကနေ ပစ္စည်းမှာယူခြင်းများကို ယနေ့ခေတ်တွင် အတော်လေး ရေပန်းစားလာခဲ့ရာ ထိုင်းနိုင်ငံမှ Food Deliveryဝန်ထမ်းတစ်ဦးသည် စားသောက်ကုန်လိုက်ပို့စဥ် သူကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ် အဖြစ်အပျက်အား လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။ ဝန်ထမ်းကောင်လေးသည် လိုင်းပေါ်ကနေ အချိုရည် ၂ခွက်မှာယူသူထံ ပေးထားသည့် လိပ်စာထဲကအတိုင်း မြေပုံကြည့်ပြီး သွားရောက်၍ ပို့ဆောင်ခဲ့ရာ ထင်မှတ်မထားပဲ သုသာန် သင်္ချိုင်းသို့ ရောက်ရှိသွားခဲ့သည်။ ကောင်လေးလည်း အရမ်းအံ့သြသွားပြီး တောင်ကြည့် မြောက်ကြည့် ကြည့်ခဲ့သော်လည်း လူသူကင်းမဲ့စွာ တိတ်ဆိတ်နေခြင်းဖြင့် အစားအသောက်မှာယူသူအား စဥ်းစားရခက်နေခဲ့ပြီး ကြက်သီးထကာ ထိတ်လန့်နေခဲ့သည်။ ထိုစဥ် ကံကောင်းစွာဖြင့် ဝယ်ယူသူ ဖောက်သည်မှာသင်္ချိုင်းနှင့် ၃၀၀မီတာအကွာအဝေးတွင် နေထိုင်သူဖြစ်နေပြီး လိပ်စာအဖြစ် မှတ်သားရလွယ်ကူအောင် သင်္ချိုင်းကုန်းကို လမ်းညွှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ Credit-Hlaing (Love Feeling) မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။ Zawgyi […]
Continue Reading