မြန်မာက Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ်များအား ရုရှားနိုင်ငံထံမှဝယ်ယူ

မြန်မာက Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ်များအား ရုရှားနိုင်ငံထံမှဝယ်ယူ မြန်မာ့တပ်မတော်အနေဖြင့် Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည် စနစ်အား အနည်းဆုံး ယူနစ် ၂ ခုစာ ဝယ်ယူရန် ရုရှား-မြန်မာသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်ဟုဆိုသည်။ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော မြန်မာ့ရေတပ် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ရုရှားသို့ သွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်၌ Rubezh-ME ကမ်းရိုးတန်း ကာကွယ်ရေး ဒုံးကျည်စနစ်အား လေ့လာဆန်းစစ်ခဲ့ကြပြီးလည်း ဖြစ်သည်။ Rubezh-ME သည် ရုရှား၏ ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ်သစ် တစ်ခုဖြစ်ပြီး ပြည်ပသို့တင်ပို့ရောင်းချရန်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ ခြင်းလည်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ့ရေတပ်၌ Kh 35E land based anti ship missile battery စနစ်တစ်ခုတည်းသာ အသုံးချလျက်ရှိနေပြီး ၎င်းသည်လည်း UMS Aung […]

Continue Reading

ယောင်္ကျားတွေအတွက်တောင်ခက်ခဲတဲ့ ကုန်တင်ကားမောင်းတဲ့အလုပ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ကိုင်နေခဲ့တဲ့ မိန်းမချောလေး (ရုပ်သံ)

တစ်ကယ့်ကို တွဲကားအကြီးကြီးတွေမောင်းဖို့က လူတိုင်းအတွက်မလွယ်ကူလှပါဘူး ။ သို့ပေမဲ့လည်း ဂျပန်နိုင်ငံက မိန်းမငယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တွဲကားကြီးကို မောင်းနေခဲ့လို့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေခဲ့ပါတယ် ။ Rino Sasaki အမည်ရှိတဲ့ မိန်းကလေးဟာ အရင်ချိန်တုန်းက ရိုးရာအက ဆရာမအနေနဲ့အလုပ်လုပ်ကိုင်နေသူပါ ။ သူမရဲ့ အသက် 21 အရွယ်ထိ အရာအားလုံးက အဆင်ပြေစွာရှိနေခဲ့ပေမဲ့လည်း ၊ နောက်ပိုင်း ခရီးရှည်တွဲကားမောင်းတဲ့ သူမရဲ့ဖခင်ဖြစ်သူက နာမကျန်းဖြစ်လာခဲ့ပါတယ် ။ ဒါကြောင့် ဖခင်ဖြစ်သူရဲ့ ကားနောက်ကိုလိုက်ရင်း ခရီးလမ်းတစ်လျှောက် တစ်ယောက်တည်း အထီးကျန်လွန်းတဲ့ ဖခင်ရဲ့ဘဝကို နားလည်လာခဲ့ပါတယ် ။ ဖခင်နောက်လိုက်ရင်း ကားအကြောင်းတွေ နားလည်လာတဲ့အပြင် ၊ ကားပြုပြင်တဲ့အလုပ်တွေကိုပါ လုပ်လာနိုင်ခဲ့ပါတယ် ။ အစပိုင်းမှာတော့ အချိန်ဇယားနဲ့ အကဆရာမအလုပ်ပါဆက်လုပ်နေပေမဲ့ […]

Continue Reading

ရွတ်တွနေသည့် ဖရီးဂိတ်များဖြင့် အဆံချောင်နေသော ဘင်္ဂလားရေတပ်

ရွတ်တွနေသည့် ဖရီးဂိတ်များဖြင့် အဆံချောင်နေသော ဘင်္ဂလားရေတပ် တကယ်‌တော့ ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ ခေတ်မီတိုးတက်ရေး လမ်းကြောင်းဆို တာက အရည်အသွေးထက် အရေအတွက်ကိုသာ ဦးစားပေး ဟန်ပြနေတာ လို့ပဲ ဆိုရမှာပါ။ သူတို့ကို လေ့လာကြည့်လိုက်မယ်ဆိုရင် ပေါချောင်မကောင်းမှန်းသိရက်နဲ့ လည်း ရနိုင်သမျှ အရင်းအမြစ်တွေဆီကနေ တပတ်ရစ်ဖရီးဂိတ်တွေကို ရသလို လိုက်ဝယ်ပြီး တပ်ဖွဲ့ရဲ့ စစ်ရေယာဉ်အရေအတွက် ကြီးထွားအောင်အတင်းဆောင်ရွက်နေပုံကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ အဟောင်းအဆွေးကို ဦးတည်ခဲ့တာကြောင့် ရလာတဲ့ သောက က ရေယာဉ်အစုတ်တွေကို ပြန်လည်ပြီး ပြုပြင်မွမ်းမံနေရတာနဲ့တင် အိမ်မက်ဆိုး တစ်ခုလိုကို ဘက်ဂျက်တွေ ကုန်ပြီးရင် ကုန်နေတော့တာပါပဲ။ အခြေအနေက ဘယ်လောက်တောင်ဆိုးသလဲဆို ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ ထိပ်သီးပိုင်း အရာရှိကြီးအချို့ကတောင် သူတို့ရဲ့ ရေတပ်ဦးစီးချုပ်လိုပဲ ဖရီးဂိတ်တွေဟာ ပုံပျက်ပန်းပျက်နဲ့ ရွဲ့စောင်းနေကြပြီလို့တောင် အာသီးယောင် နေကြရပါသတဲ့။ ဖရီးဂိတ်တွေရဲ့ စုတ်ချက်ကလည်း […]

Continue Reading

ရောက်ရှိလာသည့် ကာကွယ်ဆေးများသည် WHO က အရေးပေါ်အသုံးပြုခွင့် ပေးထားသည့် ကာကွယ်ဆေးထဲတွင်ပါဝင်ပြီး တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်းများစွာ၌ အသုံးပြုနေသည့် ကာကွယ်ဆေးဖြစ်ကြောင်း

တရုတ်နိုင်ငံက ဒုတိယအကြိမ်လှူဒါန်းသည့် လူခုနစ်သိန်းခွဲစာအတွက် Sinopharm ကာကွယ်ဆေး အလုံးရေ သုံးသိန်းကျော် ဇူလိုင် ၂၂ ရက် ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ရောက်ရှိလာသည့် ကာကွယ်ဆေးများသည် WHO က အရေးပေါ်အသုံးပြုခွင့် ပေးထားသည့် ကာကွယ်ဆေးထဲတွင်ပါဝင်ပြီး တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်းများစွာ၌ အသုံးပြုနေသည့် ကာကွယ်ဆေးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ #myanmarnews24 မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Continue Reading

တရုတ်ကိုဗစ်ကာကွယ်ဆေးကို တီထွင်သော ပညာရှင် ကိုဗစ်ဖြင့်ပင် ကွယ်လွန်

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးလှူနေသည့် ကိုဗစ်ကာကွယ်ဆေး Sinovac ကို စတင်ဖော်စပ်ပေးခဲ့သူ အင်ဒိုနီးရှား ဆေးပညာရှင်သည် ကိုဗစ်ရောဂါဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း ကမ္ဘာမီဒီယာ များက ဖော်ပြကြသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးလှူနေသည့် ကိုဗစ်ကာကွယ်ဆေး Sinovac ကို စတင်ဖော်စပ်ပေးခဲ့သူ အင်ဒိုနီးရှား ဆေးပညာရှင်သည် ကိုဗစ်ရောဂါဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း ကမ္ဘာမီဒီယာ များက ဖော်ပြကြသည်။ Sinovac ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေး WHO နှင့် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြု ထောက်ခံထားခြင်းမရှိသော ကိုဗစ် ကာကွယ်ဆေးဖြစ်သည်။ မြန်မာနိုင်ငံရှိ ၁၉၈၈ လူထုအရေးတော်ပုံကို ကမ္ဘအနှံ သိရှိစေရန် BBC သတင်းဌာန သတင်းထောက် ဦးနေမင်းဆိုလျှင် ကိုဗစ်ကာကွယ်ဆေး ထိုးထားသော်လည်း ကိုဗစ်ဖြင့်ပင် သေဆုံးခဲ့သည်။ […]

Continue Reading

ဗိုင်းရပ်စ်ကို၄လတိတိတိုက်ပွဲဝင်ကုသပေးခဲ့သူ ခွဲစိတ်အထူးကုနောက်ဆုံးနှစ် ဒေါက်တာနန်းခင်ညွန့်၏ ကာကွယ်ကြဖို့တိုက်တွန်းအနံ့မရသူကိုအိမ်မှာ နေထိုင်အခြေနေစောင့်ကြည့်ဖို့ သတင်းမှာပါလာ

အရေးကြီးပါသည် ဗိုင်းရပ်စ်ကို ၄လတိတိ တိုက်ပွဲဝင်ကုသပေးခဲ့သူ ခွဲစိတ်အထူးကုနောက်ဆုံးနှစ် ဒေါက်တာနန်းခင်ညွန့်၏ ကာကွယ်ကြဖို့တိုက်တွန်းအနံ့မရသူကိုအိမ်မှာ နေထိုင်အခြေနေစောင့်ကြည့်ဖို့ သတင်းမှာ ပါလာပါသည်။ D6I4G သန္ဓေပြောင်း ဗိုင်းရပ်စ်ဟာ ကူးစက်မှု ၁၀ဆ မြန်နေပါသည်။ကာကွယ်ထားပါ။တစ်ခုခြင်း..တင်ပြပါမည် ၁-အားဆေးဗီတာမင်..အီး- စီ- ဒီ- သောက်ထားပါ။ ၂- အဖျားဝင်မလိုဖြစ်ရင် ပါရာစီတမော့ တရက် ၃ကြိမ်သောက်ပါ။ ၃- ချောင်းဆိုးပြီဆိုရင် ဒက်စထရိုမီသောဖန်၊အိုင်ဗျူပရိုဖန်ဆေးအညွန်းအတိုင်းသောက်ပါ။ ၄- ဓာတ်ဆားရေသောက်ပါ ဆားရည် အာလုပ်ကျင်း ရေနွေးသောက် ရေနွေးအငွေ့ကို..ရွူ..သွင်းပါ။အခိုး အငွေ့ အငံ အစပ် ဓာတ်နဲ့တွေ့ရင် ဝင်နေတဲ့ပိုး သေပါတယ်။ ဗိုင်းရပ်စ်ပိုးကိုနိုင်တဲ့ ဓာတ်ပါ အပူဓာတ်ပိုကြောက်တယ်။အဆုတ္ကို မေရာက္ဖို့ ဒီနည်းပဲရှိပါသည်။ ဗိုင်းရပ်စ်သည် အဆုတ္ကိုတိုက်ခိုက်ပါသည်။အဆုတ်နဲ့ လေပြွန်လမ်းကြောင်းတွေကိုထူထဲတဲ့ ချွဲသလိပ်တွေနဲ့ ပိတ်ဆို့ပြီးအစိုင်အခဲဖြစ်စေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေပါတယ်။ ဗိုင်းရပ်စ်သည်ဘယ်ကဝင်ဝင်လည်ချောင်းတွင်း ၄..ရက်ခန့်ကြာနေထိုင်ပါသည်။ထို့ကြောင့် ပူသောအရည်ကော်ဖီ၊ […]

Continue Reading

အဆုတ်အားကောင်း‌ စေမယ့် သဘာဝနည်းလမ်းအချက်လေးတွေကို ပြောပြပေးချင်ပါတယ်

ဒီနေ့ခေတ်လို အဆုတ်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ပိုမိုလိုအပ်လာတဲ့ကာလမှာ ငွေကုန်ကြေးကျလည်း သက်သာသလို လိုက်နာနိုင်ရင်လည်း လိုက်နာနိုင်သလောက် အကျိုးရှိစေမယ့် အဆုတ်အားကောင်း‌ စေမယ့် သဘာဝနည်းလမ်းအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ၁။အသက်ပြင်းပြင်းရှူခြင်း အသက်ပြင်းပြင်းရှူပေးခြင်းက အဆုတ်အားကောင်းစေမယ့် နည်းလမ်းတွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။ မနက်စောစောလမ်းလျှောက်ပေးပြီးလတ်ဆတ်တဲ့ လေကိုတဝကြီးရှူရှိုက်ပေးခြင်းက အဆုတ်ကို သန့်စင်စေပါတယ်။ ၂။ ရေ‌သောက်သုံးပေးခြင်း ‌ ရေများများသောက်သုံးပေးခြင်းဖြင့် အဆုတ်တွင်းကိုလေဝင်ဖို့ရာလုပ်ဆောင်ချက်တွေကို တိုးတက်‌ ကောင်းမွန် စေပါတယ်။ ၃။ အားကစားလုပ်ဆောင်ခြင်း မနက်ခင်းလမ်းလျှောက်ခြင်းအပြင် ရေကူးခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းတွေလို အားကစားလုပ်ဆောင်ခြင်းက အဆုတ်ကျန်းမာရေးကို ထိရောက်စွာကောင်းမွန်စေပါတယ် ၄။ ကြက်သွန်ဖြူစားပေးခြင်း ကြက်သွန်ဖြူကတော့အသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေပြီး ယောင်ရမ်းမှုများကိုလျော့ကျစေကာ သန့်စင်ပေးနိုင်ပါတယ်။ ၅။ ဗီတာမင်စီ ပါဝင်သောသီးနှံများစားပေးခြင်း လိမ္မော်သီး၊ ရှောက်ချိုသီးလိုသီးနှံများက အဆုတ် အားကောင်းဖို့ရာ ကူညီပံ့ပိုးပေးနိုင်ပြီး ကူးစက်ရောဂါတွေကို လျော့ချပေးနိုင်ပါတယ်။ […]

Continue Reading

အဲဗာတန်ရဲ့ ကွင်းသစ် စီမံကိန်းကြောင့် ကမ္ဘာအမွေအနှစ် စာရင်းကနေ ပယ်ဖျက်ခံရတဲ့ လီဗာပူး

လီဗာပူးဟာ မြို့တော်ရဲ့ ကမ်းရိုးတန်းဘက်တွေမှာ အဲဗာတန်းအသင်း ကွင်းသစ် စီမံကိန်းအပါအဝင် တိုးတက်မှုတွေကို ချဲ့ထွင်းလုပ်ဆောင်လာခြင်းကြောင့် UNESCO အသိအမှတ်ပြု ကမ္ဘာအမွေအနှစ် စာရင်းကနေ ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ UNESCO ရဲ့ ကမ္ဘာအမွေအနှစ်ဆိုင်ရာ သတ်မှတ်ရွေးချယ်ရေး ကော်မတီ အဖွဲ့သားတွေရဲ့ မဲပေးမှုအရ အခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့် UNESCO ရဲ့ တရားဝင် အသိအမှတ်ပြုမှု စတင်ပြီးနောက်မှာ ကမ္ဘာအမွေအနှစ် စာရင်းကနေ ပယ်ဖျက်ခံရတဲ့ တတိယမြောက် နေရာဖြစ်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ အိန္ဒိယမှ တာ့ချ်-မဟာ၊ တရုတ်မှ မဟာတံတိုင်းတို့နဲ့အတူ လီဗာပူးကလည်း ကမ္ဘာအမွေအနှစ်စာရင်းထဲ ပါဝင်လာခဲ့တယ်။ ဒါပေမယ့်လို့ ၂၀၁၂ ခုနှစ်မှာပဲ လီဗာပူးကမ်းရိုးတန်းကို တိုးတက်ပြင်ဆင်မှုတွေကြောင့် အန္တရာယ်ရှိတဲ့ ကမ္ဘာအမွေအနှစ်တစ်ခုအဖြစ် စတင် စောင့်ကြည့်ခံခဲ့ရပါတယ်။ ၁၈ ရာစုနဲ့ ၁၉ […]

Continue Reading

???????????? ????????မှာPower Off,Batteryကုန်,Restoreလုပ်ထားရင်တောင်သင့်ဖုန်းကိုရှာလို့ရပါတယ်

???????????? ???????? မှာ Power Off ထားရင်တောင် သင့်ဖုန်းကိုရှာလို့ရပါတယ် Battery ကုန်သွားရင်တောင် သင့်ဖုန်းကိုရှာလို့ရပါတယ် Restore လုပ်လိုက်ရင်တောင် သင့်ဖုန်းကိုရှာလို့ရပါတယ် Find My iPhone ကိုမပိတ်မချင်း ဖုန်းကိုဘယ်လိုပဲလုပ်ထားထား ရှာလို့ရပါတယ် ဒါပေမယ့် Ultra Wideband (U1 Chip) ထည့်သွင်းထားတဲ့ iPhone တွေမှာပဲဒီလိုရှာလို့ရမှာဖြစ်ပါတယ် .. U1 Chip ပါတဲ့ဖုန်းတွေကတော့- iPhone 11- iPhone 11 Pro- iPhone 11 Pro Max- iPhone 12 mini- iPhone 12- iPhone 12 Pro- iPhone 12 Pro Maxတို့ပဲဖြစ်ပါတယ်iOS 13 မှာကတည်းက Offline […]

Continue Reading

အစားအသောက်များတာဝန်ယူပို့ဆောင်ပေးနေသောကုမ္ပဏီမှcatering truck ကားက Air Europaလေကြောင်းလိုင်းမှ ATR 72-500 (EC-MSN) လေယာဉ်ကိုမတော်တဆတိုက်မိ

စပိန်နိုင်ငံမက္ဒရစ် မြို့တော် ဘရာဂျပ်လေဆိပ်တွင် လေယာဉ်စီးခရီးသည်များအတွက်အစားအသောက် များတာဝန်ယူပို့ဆောင်ပေးနေသော ကုမ္ပဏီမှ catering truck ကားက Air Europaလေကြောင်းလိုင်းမှ ATR 72-500 (EC-MSN) လေယာဉ်ကိုမတော်တဆ တိုက် မိခဲ့သည့် အတွက်လေယာဉ်တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Continue Reading